နည်းမှန် လမ်းမှန် Fact-Checking ဘယ်လို လုပ်ရမလဲ

သတင်းစီးဆင်းနှုန်းတွေ မြန်ဆန်လာတာနဲ့အမျှ သတင်းအမှားတွေကို ဆန်းစစ်နိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် သေချာစွာစစ်ဆေးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ၀ေမျှလိုက်ပါတယ်။

🔍သတင်းရရှိရာ အရင်းအမြစ်ကိုဆန်းစစ်ပါ

ကိုယ်ကြည့်နေတဲ့ သတင်းက ယုံကြည်စိတ်ချရလားဆိုတာကို စစ်ပါ။ ပြီးရင် သတင်းစတင်ဖြန့်ဝေတဲ့ အချိန်၊ ရက်ဆွဲ အစရှိသည့် အသေးစိတ်အချက်အလက်တွေကိုပါ သေချာစွာ စစ်ဆေးပါ။

🔍သတင်းဖြန့်သူ၏ credibility ကို ဆန်းစစ်ပါ

သတင်းရေးသားသူ (သို့) သတင်းဖြန့်ဝေသူ၏ သတင်းအချက်အလက်ခိုင်ခံ့မှုကို စစ်ဆေးပါ။ သတင်းဖြန့်ဝေသူ၏ ယခင်ရေးသားထားသော သတင်းများ၏မှန်ကန်မှု၊ ခိုင်ခံ့မှု များကိုစစ်ဆေးပါ။ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ဖြစ်ပါက Follower အရေအတွက် Blue Mark ပါမပါ အစရှိသဖြင့် စစ်ဆေးနိုင်ပါသည်။

🔍သတင်းရှာဖွေမှုကို ချဲ့ထွင်ပါ

သတင်းအရင်းအမြစ်တစ်ခုတည်းကိုပဲ မမှီခိုပါနဲ့။ သတင်းရရှိရာ သတင်း မီဒီယာ (သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆီကနေပဲ မလက်ခံပါနဲ့။ တိကျမှန်ကန်သော သတင်းရရှိနိုင်သော သတင်းအရင်းအမြစ်များအားလုံးဆီမှ သတင်းလက်ခံရယူပြီး သတင်းမှန်မမှန် ဆန်းစစ်ပါ။

🔍ဟာသပြက်လုံးတစ်ခုဟုတ်မဟုတ်စစ်ဆေးပါ
တခါတလေကျရင် သတင်းတင်သူက နောက်ပြောင်ပြီးရေးတဲ့ပြက်လုံးတစ်ခုကို စာဖတ်သူက နားလည်မှုလွဲပြီးသတင်းတစ်ခုအဖြစ်ပြန်ပြီး ၀ေမျှမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ၀ေမျှခြင်းမပြုလုပ်ခင် ဟာသပြက်လုံးတစ်ခုဟုတ်မဟုတ်စစ်ဆေးပါ။

🔍ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘက်လိုက်မှုပါနေလားဆန်းစစ်ပါ။

တစ်ချို့သော သတင်းများသည် စာရေးသူ (သို့) သတင်းဖြန့်ဝေသူတစ်ဦးတစ်ယောက်တည်း၏ ရပ်တည်မှုဖြင့် ပုဂ္ဂိုလ်စွဲသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကိုစွဲပြီးသော်လည်းကောင်း ရေးသားထားခြင်းဖြစ်နိုင်ပါသည်။ ထိုသို့သော အခြေအနေတွင် သတင်းကို တစ်ဘက်ဘက်သို့ ဘက်လိုက်မှုများပါနေသလား ဆန်းစစ်ပါ။

🔍Fact-Checking Sites တွေအသုံးပြုပြီး သတင်းမှန်မှန် စစ်ဆေးပါ။
ယနေ့မျက်မှောက်ခေတ်ကဲ့သို့ နည်းပညာများတိုးတက်နေသောခေတ်တွင် သတင်းအချက်အလက်များမှန်၊မမှန်ဆန်းစစ်ရရှိနိုင်သော websites များစွာရှိနေပြီဖြစ်သည်။ FactCheck, Fact-Checking Video, LikedIn, Politifact, Snopes.com, JournalTool, Fair.org, AllSides အစရှိသော Fact Checking Tools များကို အသုံးပြုပြီးလည်း မိမိရရှိထားသော သတင်းအချက်အလက်များ မှန်၊မမှန်စစ်ဆေးပါ။

Reference Sources: Brittanica, DigTech ASEAN