မိမိ ဖုန်းမှ Application များအား Hide လုပ်ခြင်း

🚪ဖုန်းမှာ app တွေ hide တဲ့ function က ဘယ်လို အသုံး၀င်လဲ?

မိမိဖုန်းထဲမှာ  ရှိတဲ့ အချို့ Application များကို အခြားသူတွေ အလွယ်တကူ မတွေ့နိုင်အောင် Hide လုပ်ထားနိုင်ပါတယ်။  Hide လုပ်ထားတဲ့ Application များဟာ မိမိဖုန်းရဲ့  Home Screen မှာပေါ်နေမှာ မဟုတ်ဘဲ Unhide ပြန်လုပ်မှာသာ Home Screen တွင် ပြန်ပေါ်နေမှာ ဖြစ်ပါတယ်။ 

IOS ဖုန်းများတွင် Hide လုပ်ရန် နည်းလမ်းတစ်သမတ်တည်းရှိပေမယ့်  Android ဖုန်းများမှာတော့  ဖုန်းအမျိုးအစားပေါ်မူတည်ပြီး App Library နေရာ ကွဲပြားနိုင်ပါတယ်။ (အသေးစိပ်ကိုတော့ အောက်က Infographic တွေမှာ လေ့လာနိုင်ပါတယ်။)

🚪ဘယ်လို Hide လုပ်လို့ရသလဲ?

Application များကို  Hide လုပ်ဖို့အတွက် Application Hider များကိုလည်းအသုံးပြုနိုင်ပါတယ်။

Android အတွက် “App Hider”ကို အသုံးပြုရင်တော့ Application တွေအပြင် Photo , Videos တို့ကိုပါ Hide ထားနိုင်ပါတယ်။ Hider Application Icon ကိုလဲ Calculator အဖြစ်ပြောင်းလဲနိုင်သည်။

အသုံးပြုတဲ့အခါ Security Password အဖြစ် ဂဏန်း (၆) လုံးသတ်မှတ်ပေးရမှာ ဖြစ်ပြီး Application ထဲသို့ရောက်သွားတဲ့အခါမှာတော့ Dual Space တစ်ခုအဖြစ် Home Screen ကိုတွေ့ရမှာ ဖြစ်ပြီး ထိုမှတဆင့် Application များကို Hide ထားနိုင်ပါတယ်။

အောက်ဖော်ပြပါပုံကနေတဆင့်လည်း မိမိဖုန်းအမျိုးစားပေါ်မူတည်ပြီး ဘယ်လို hide ရမလဲဆိုတာ လေ့လာနိုင်ပါတယ်။