သင့်ရဲ့ အကောင့် password များကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ

🛡️21 ရာစု နည်းပညာ ခေတ်ကြီးမှာ လူသားတွေဟာ အင်တာနက်ပေါ်ကို အမှီသဟဲ ပြုလာကြရပါတယ်။ စီးပွါးရေးအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် အင်တာနက်ပေါ်ကနေ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲပေါင်းများစွာနဲ့ ရှေ့ဆက်နေကြရပါတယ်။ ဒီအထဲမှာဆိုရင် အီးမေးလ် အကောင့်တွေနဲ့ လူသုံးများတဲ့ ဖေ့စ်ဘုတ် လိုမျိုး ဆိုရှယ်မီဒီယာအကောင့်တွေဟာလဲ အပါအဝင်ဖြစ်ပါတယ်။

🛡️လူသားတွေဟာ ကိစ္စတော်တော်များများကို အင်တာနက်ပေါ်မှာ အခြေခံလာတာနဲ့အမျှ အင်တာနက်ကနေတဆင့် သတင်းအချက်အလက်ခိုးယူမှုတွေ ၊ ဟက်ခ် ခံရမှုတွေ ဖြစ်တဲ့ Cyber Attack များဟာ တိုးပွါးလျက်ရှိလာပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေ ၊ အကောင့်တွေရဲ့ ပင်မလုံခြုံရေးဖြစ်တဲ့ Password ကို အထူးဂရုပြုထားကြဖို့လဲ လိုအပ်ပါတယ်။

🛡️ဖေ့စ်ဘုတ်အကောင့်၊ အီးမေးလ် အကောင့်နဲ့ ဘဏ်အကောင့်တွေရဲ့ Password (လျှို့ဝှက်နံပါတ်) ဟာ လုံးဝလုံးဝ တူညီနေလို့မရပါဘူး။
လူအများစုဟာ မေ့မှာစိုးတဲ့အတွက်ကြောင့် မိမိရဲ့ မွေးနေ့၊ ဖုန်းနံပါတ် နောက်ဆုံးအလုံး၊ မှတ်ပုံတင်အမှတ် တွေနဲ့ မိမိတို့အတွက်အမှတ်တရ နေ့စွဲတွေကို Password အဖြစ် ထားလေ့ရှိကြပါတယ်။

🛡️ဒါဟာ လုံးဝမလုပ်သင့်တဲ့အမှားတစ်ခု ဖြစ်ပါတယ်။ Cyber Attack ဟာ ပုံစံမျိုးစုံးနဲ့ မိမိထံရောက်လာနိုင်တာကြောင့် ခိုးယူရန်လွယ်ကူတဲ့ Password တွေဟာ မိမိအတွက် အန္တရာယ် ပဲ ဖြစ်ပါတယ်နော်။

(၁) Password လုံခြုံအောင် ထိန်းသိမ်းနည်း

ဒါကြောင့် ဒီလိုအလွယ်တကူ ခိုးယူခံရတာမျိုး မဖြစ်အောင်

✅ အကောင့်တစ်ခုချင်းစီအတွက် မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေကို အသုံးပြုရပါမယ်။

✅ မေ့ပျောက်သွားနိုင်အတွက်လဲ Password Manager လို့ခေါ်တဲ့ မိမိလျှို့ဝှက်နံပါတ်တွေကို စီမံခန့်ခွဲပေးတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုသင့်ပါတယ်။ 

✅ မဖြစ်မနေ အခြေအနေတစ်ခုအတွက်သာ မှတ်စုစာအုပ်ပေါ်မှာ လျှို့ဝှက်နံပါတ်တွေ သိမ်းဆည်းထားတာမျိုး ပြုလုပ်သင့်ပါတယ်။

************************************************************************************

(၂) Bitwarden (Password Manager) အသုံးပြုနည်း

🔷အခုလိုစမ်းသပ်ပြီးသွားတဲ့အခါမှာ မိမိရဲ့ အကောင့်တွေအတွက်အသုံးပြုရန် သင့်တော်တဲ့ Password Manager တစ်ခုကို ရွေးချယ်ရပါမယ်။

🔷အသုံးများပြီး ယုံကြည်စိတ်ချရတဲ့ Password Manager တွေထဲက တစ်ခုကတော့ Bitwarden ဖြစ်ပါတယ်။

🔷Bitwarden ကိုတော့ Android OS, iOS တို့အပြင် Window OS တွေမှာပါ အသုံးပြုနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ Application အနေနဲ့ Download အသုံးပြုခြင်းက ပိုမိုကောင်းမွန်ပါတယ်။

🔷Bitwarden Application ကို အသုံးပြုပုံအဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 👇👇

Application Download ရယူရန်

Android https://play.google.com/store/apps/details?id=com.x8bit.bitwarden&hl=en_SG&gl=US 

iOS https://apps.apple.com/us/app/bitwarden-password-manager/id1137397744