သင့်အတွက် Hacking 101

ဒီဂျစ်တယ် ခေတ်ကြီးဖြစ်လာနဲ့အမျှ ကျနော်တို့ဟာ ဒီလို ဒီဂျစ်တယ် ခေတ်မှာ လုံခြုံစွာနဲ့ ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုတာဟာ စဉ်းစားသတိပြုစရာ အချက်ဖြစ်လာပါတယ်။

ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ နေထိုင်နေကြတဲ့သူတွေအတွက် လုံခြုံမှုရှိဖို့ လိုအပ်တဲ့အရာတွေကတော့ 

  • Digital Devices တွေဖြစ်တဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် တွေအပြင် အခြားသော အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုရတဲ့ ပစ္စည်းတွေ၊
  • Digital Accounts တွေဖြစ်တဲ့ ဘဏ်အကောင့်၊ ဖေ့စဘွတ်အကောင့်၊ အီးမေးလ်အကောင့်တွေအပါအဝင် အခြားသော အကောင့်တွေ၊
  • Data လို့ခေါ်ကြတဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေအပါအဝင် လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့အချက်အလက်တွေ အားလုံးဖြစ်ပါတယ်။ 

ဒီလိုမျိုး ဒီဂျစ်တယ် လုံခြုံရေးကိုသတိပြုဖို့ လိုအပ်နေတာဟာ ဟတ်ကင်း (Hacking) ဆိုတဲ့ အချက်အလက်ခိုးယူ အမြတ်ထုတ်မှုတွေ ရှိလာလို့ပဲ ဖြစ်ပါတယ်။

♦️ Hacking ဆိုတာဘာလဲ? 

Hacking ဆိုတာဟာ နည်းပညာ အသိကိုအသုံးချပြီးတော့ ကွန်ပျူတာ စနစ်ကိုချိုးဖောက်ဝင်ရောက်ကာ တစ်ပါးသူရဲ့ အားနည်းချက်တွေကို အမြတ်ထုတ်ခြင်းဘဲ ဖြစ်ပါတယ်။ Hacker ဟာ စနစ် (System) ကိုပိတ်ဆို့ခြင်း၊ ဒေတာအချက်အလက် များကိုစုဆောင်းခြင်း (သို့) network တစ်ခုတည်းအတွင်းရှိအခြား devices များကို ၀င်ရောက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ 

♦️ Hacker တွေပြုလုပ်လေ့ရှိတဲ့ နည်းတွေက ဘာလဲ။

🔹 Social Engineering

အကောင့်တစ်ခု (သို့မဟုတ်)စနစ်တစ်ခုကို ရယူရန်အတွက်အရိုးရှင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မိမိအသုံးပြုနေဆဲ့ လျှို့ဝှက်နံပါတ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ချဥ်းကပ်၍တောင်းယူခြင်း သို့မဟုတ်  ဖုန်းဖြင့်ခေါ်ဆို၍ လိမ်လည်တောင်းယူခြင်းဖြစ်ပါတယ်။ 

ကျနော်တို့ရဲ့  အကောင့်တွေထဲက လျှို့ဝှက်နံပါတ် တစ်ခုကို ဟတ်ကာ တစ်ယောက်က ရရှိပြီးတာနဲ့ အခြားသော ခရက်ဒစ် (Credit)၊ ဒက်ဘစ် (Debit) ကဒ်အချက်အလက်၊ လူမှုလုံခြုံရေးနံပါတ်နဲ့ ကျနော်တို့ လျှို့ဝှက်ထားချင်တဲ့ အခြားအရာတွေပါ အလွယ်တကူ သိရှိရယူသွားနိုင်ပါတယ်။ 

🔹 Programming-based Hacking 

Social engineering  ကဲ့သို့ Human Error ကို အခြေခံတာမဟုတ်တဲ့ ပရိုဂရမ်အခြေပြု hacking ဟာ စနစ်တစ်ခု အတွင်းမှာရှိတဲ့ အားနည်းချက်တွေကိုရှာဖွေပြီး  အုပ်ချုပ်ရေးဆိုင်ရာ အခွင့်ထူးအားလုံးကို ရယူသွားနိုင်ပါတယ်။

🔹 Physical Access

ကွန်ပျူတာ(သို့မဟုတ်)စနစ်တစ်ခုကို အလွယ်ကူဆုံး ချိုးဖောက်နိုင်တဲ့ နည်းလမ်းကတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကာအခွင့်အရေးယူခြင်းဖြစ်ပါတယ်။ ဒီလိုမဖြစ်လာဖို့အတွက် အိမ်တွင်း ၊ လုပ်ငန်းတွင်း လုံခြုံရေးတွေကိုလဲ အထူးဂရုပြုသင့်ပါတယ်။

အထက် မှာဖော်ပြခဲ့တာတွေကတော့ ဒီဂျစ်တယ်လုံခြုံမှု နဲ့ပတ်သတ်ပြီး ချိုးဖောက်သူ (Hacker)တွေ လုပ်လေ့ရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နေ့စဥ်ဘဝမှာ မရှိမဖြစ်အရာလိုဖြစ်လာတဲ့ လက်ကိုင်ဖုန်း(Smart Phone)အပေါ်မှာလဲ Hacker များအနေနဲ့ လွယ်လင့်တကူ ချိုးဖောက်နိုင်တာမို့လို့ ကာကွယ်လို့ရနိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။