အင်တာနက်မပါဘဲ Bri‌ar နဲ့ ဆက်သွယ်ကြမယ်

Briar ဆိုတာ လုံခြုံစိတ်ချရတဲ့ စာတိုပေးပို့ရေး Application တစ်ခု ဖြစ်ပါတယ်။ တခြား App တွေနဲ့ မတူတာကတော့ Briar ဟာ ပင်မ ဆာဗာတစ်ခုမှာ ပေးပို့ထားတဲ့ Message တွေကို တိုက်ရိုက် Synchronize မလုပ်တာကြောင့် ပိုပြီး စိတ်ချရပါတယ်။ 🌐🌐🌐

Private Message တွေ၊ Public Forum တွေနဲ့ ဘလော့ဂ်တွေကို ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အဟန့်အတားတွေကနေ ဒီလို ကာကွယ်ပေးထားပါတယ်။

  • Briar အသုံးပြုသူတွေက ဘယ်သူတွေနဲ့ ချိတ်ဆက်ပြီး စကားပြောနေလဲ ဆိုတာ Metadata ကို စုံစမ်းထောက်လှမ်းလို့ မရပါဘူး။ 
  • ပေးပို့တဲ့ အကြောင်းအရာတွေကိုလည်း Device ထဲမှာပဲ သိမ်းတာကြောင့် တခြားသူတွေက စုံစမ်းထောက်လှမ်းလို့ မရပါဘူး။ 
  • စကားလုံးတွေကို Filter လုပ်လို့လည်း မရပါဘူး။
  • တင်တဲ့ ပို့စ်တွေ Forum က စာတွေကိုလည်း ဘယ်သူကမှ ဖျက်ချလို့ မရပါဘူး။
  • ဆိုက်ဘာတိုက်ခိုက်မှု (Cyber Attack) လုပ်စရာ ပင်မဆာဗာလည်း မရှိတာကြောင့် Cyber Attack လုပ်လို့လည်း မရပါဘူး။

အင်တာနက်မရှိရင်တောင် Bluetooth, Wifi စတာကို ကွန်ရက်တွေကနေ ချိတ်ဆက်နိုင်တာကြောင့် အရေးပေါ်အခြေအနေတွေမှာ သုံးဖို့ သင့်တော်ပါတယ်။ ဒါ့အပြင် End to End Encryption လည်း ပါဝင်ပါတယ်။

အားနည်းချက်တွေအနေနဲ့ကတော့ ကိုယ့်ရဲ့ အနားတစ်ဝိုက်ကနေပဲ တစ်ဆင့်ပြီး တစ်ဆင့် ချိတ်ဆက်ရတာကြောင့် အကွာအဝေး ကန့်သတ်ချက် ရှိပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်း Briar ကို သုံးဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ လတ်တလောအထိ Android OS တွေမှာပဲ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။

Briar Download ရယူရန်

Android – https://play.google.com/store/apps/details?id=org.briarproject.briar.android&hl=en&gl=US