အင်တာနက်မပါဘဲ Bridgefy နဲ့ ဆက်သွယ်ကြမယ်

Bridgefy ဆိုတာက အင်တာနက် မရှိတဲ့ အချိန်တွေမှာ Bluetooth ကို သုံးပြီး စာတိုပေးပို့ဆက်သွယ်လို့ ရတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ အချိန်တွေ၊ ပွဲအခမ်းအနားကြီးတွေ၊ စာသင်ကျောင်းတွေ စတဲ့နေရာတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ Bridgefy ဟာ ပေ ၃၃၀ (မီတာ ၁၀၀) အတွင်းမှာသာ အလုပ်လုပ်ပါတယ်​။ ဒါပေမယ့် ပုံမှာ ပြထားတဲ့အတိုင်း Bridgefy User တစ်ယောက်ကနေ အဝေးက နောက်တစ်ယောက်ကို Mesh Networking နည်းလမ်းနဲ့ ချိတ်ဆက်သွားနိုင်ပါတယ်။ ချိတ်ဆက်ပြီးရင် Message ကို စပို့သူနဲ့ လက်ခံသူကသာ မြင်ရမှာ ဖြစ်ပြီး ကြားခံ Device တွေကနေ မြင်နိုင်မှာ မဟုတ်ပါဘူး။ Bridgefy မှာလည်း End to End Encryption ပါဝင်ပါတယ်။

အသုံးပြုပုံအဆင့်ဆင့် 🌐🌐🌐

1. ပထမဆုံး Bridgefy Application ကို Download ဆွဲပြီး Install လုပ်ပါ။ ဖွင့်ပြီးရင် Start ကို နှိပ်ပါ။

2. ကိုယ် သုံးမယ့် နာမည်ကို ရေးပြီး Send ကို နှိပ်ပါ။

3. Bridefy မှာ အဓိက Function (၄) ခုပဲ ရှိပါတယ်။

4. FAQ မှာ အသုံးပြုနည်းနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းတွေနဲ့ အဖြေတွေ ရှိပါတယ်။

5. ပြီးရင်တော့ Broadcast ဆိုတာကို နှိပ်ကြည့်လိုက်ရအောင်။

6. ညာဘက်အပေါ်ထောင့်က လူပုံ Icon လေးကို နှိပ်ပါ။

7. Participants ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ အနီးအနားတစ်ဝိုက်မှာ ရှိတဲ့သူတွေကို မြင်ရမှာ ဖြစ်ပါတယ်။ 

8. ဒီနေရာကနေ Message ပေးပို့နိုင်ပါတယ်။ Message ပေးပို့ထားပြီးသားတွေကိုတော့ Chat ထဲမှာ ကြည့်ပါ။

9. နောက်ဆုံးအနေနဲ့ Setting ကို ကြည့်ရအောင်။

– Chat Setting မှာ Vibration, Sound စတာတွေကို ပြင်လို့ ရပါတယ်။

– About မှာတော့ ကိုယ့်ရဲ့ Profile နဲ့ Blocked ထားတဲ့ သူတွေကို ကြည့်နိုင်ပါတယ်။

– ကျန်တာကတော့ အခြားအထွေထွေအချက်အလက်တွေဖြစ်ပါတယ်။

Bridgefy ကို Download ရယူရန် အတွက် 

Android – https://play.google.com/store/apps/details?id=me.bridgefy.main&hl=en&gl=US