အွန်လိုင်းပေါ်က Digital Footprints ရှင်းနည်းများ

ကျနော်တို့အပြင် ကမ္ဘာနဲ့အဝှမ်းမှာ အင်တာနက်အသုံးပြုသူဟာ ဘီလျံနဲ့ ချီပြီးရှိပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ကိုယ်ရေးအချက်အလက် တွေနဲ့ ဆိုက်ဘာလုံခြုံရေးဟာလဲ တိုက်ခိုက်ခံရမှုတွေ၊ ခိုးယူခံရမှုတွေ ကြုံတွေရလျှက်ရှိပါတယ်။

ဒါကြောင့် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုခံရမှုတွေ နည်းသွားအောင် ကျနော်တို့ကိုယ်တိုင် ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။

✳️ အသုံးပြုနေတဲ့ ဒီဂျစ်တယ် အကောင့်တွေအတွက် ခိုင်မာသော လျှို့ဝှက်နံပါတ်ကို အသုံးပြုပါ။ 

အက္ခရာ၊ စာလုံးအကြီးအသေး၊ ကိန်းဂဏန်းတို့အပြင် ထူးခြားသင်္ကေတ များကို အတူတူပူးပေါင်းထားတဲ့ လျှို့ဝှက်နံပါတ်တွေဟာ သာမန်နံပါတ်တွေထက် ပိုပြီး ခိုင်မာလုံခြုံပါတယ်။

(ဥပမာ- HnLo0$3hb?/::gqh)

✳️ Free WiFi များအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

အကယ်၍ အသုံးပြုပါက မိမိရဲ့ အရေးကြီး အချက်အလက်တွေ ပေါက်ကြားနိုင်တာကို သတိပြုရပါမယ်။  ဒါ့အပြင် Free WiFi အသုံးပြုပြီး Mobile Banking နဲ့ Facebook Account တို့ကို Password ရိုက်နှိပ်ပြီး ဝင်ရောက်ခြင်းကို ရှောင်ရှားရပါမယ်။

✳️ မသေချာတဲ့ အမည်မသိ Website တွေထဲမှာ ကိုယ်ရေးအချက်အလက်တွေကို မထည့်ပါနဲ့။ 

Not Secure လို့ပေါ်နေတဲ့ Website တွေ၊ http:// နဲ့သာ စထားပြီး https:// မဟုတ်တဲ့ Website တွေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမယ်။ 

✳️ Browsing History ကို ပြန်လည်ရှင်းလင်းဖို့သတိရပါ။ 

Computer မှာသာမက မိမိရဲ့ ဖုန်းထဲမှာပါ Browser ကနေ တစ်ခုခုရှာဖွေပြီးတိုင်း Browsing History တွေကိုရှင်းလင်းရပါမယ်။ 

Digital Footprints တွေမကျန်ခဲ့ဖို့လဲ Incognito Mode ကို ဖွင့်ပြီး အသုံးပြုသင့်ပါတယ်။

✳️ VPN အသုံးပြုပါ။ 

VPN ဟာ လုံခြုံစိတ်ချရတဲ့ Private Network ကိုဖန်တီးပေးတဲ့အပြင် မိမိဘယ်အရာတွေကို ရှာဖွေတယ်၊ ဘယ်နေရာကနေ အင်တာနက် အသုံးပြုတယ်ဆိုတာတွေကိုပါ မည်သူမှ မသိရှိနိုင်အောင် ပြုလုပ်ပေးပါတယ်။

✳️ Data ပေါက်ကြားမှု မဖြစ်အောင် Antivirus Software များထည့်သွင်းထားပါ။

မိမိအသုံးပြုနေသော ကွန်ပျူတာတွင် မဖြစ်မနေ antivirus software များမဖြစ်မနေ ထည့်ထားသင့်သည်။ ထို့အပြင် ကွန်ပျူတာနဲ့ ဖုန်းကဲ့သို့သော Digital Devices များကို လျှို့ဝှက်နံပါတ်များ ထားရမည်။

ဒါ့အပြင် Digital Footprints ရှင်းဖို့အတွက် မမေ့လျော့သင့်တဲ့ Platform တွေနဲ့ နည်းလမ်းတွေကို အောက်ပါပုံတွေမှတဆင့် ကြည့်ရှုနိုင်ပါတယ်နော်။