အွန်လိုင်း မီတင်များတွင် သင့်လုံခြုံမှုအတွက် ဆောင်ရန်ရှောင်ရန်များ

“Conference Bombing”

“Zoom Bombing”

စတဲ့ စကားလုံးတွေကို အရင်က ကြားဖူးပါသလား? 💣 အပြင်က အစည်းအဝေးခန်းတွေကို ဗုံးခွဲသလိုပဲ Zoom နဲ့ တခြား Platform တွေပေါ်က အွန်လိုင်း အစည်းအဝေးတွေကိုလည်း ပြင်ပမှ အနှောင့်အယှက်ပေးတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် အွန်လိုင်းပေါ်ကနေ အစည်းအဝေးတွေ၊ ပွဲတွေ ပြုလုပ်တဲ့အခါ ဆိုက်ဘာလုံခြုံရေးကို နံပါတ်တစ်အနေနဲ့ ဦးစားပေးပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ လုံခြုံစိတ်ချရတဲ့ အွန်လိုင်းအစည်းအဝေးတွေ ဖြစ်အောင် ဘာတွေ ပြင်ဆင်သင့်လဲဆိုတာကို မျှဝေထားပါတယ်။

အွန်လိုင်းအစည်းအဝေးတွေ မစတင်ခင်မှာ ဘာတွေ ရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲ?
  • Zoom, Google Meet, Jitsi Meet စတဲ့ Application တွေကို မူရင်း website တွေကနေပဲ Download ဆွဲပါ။
  • နောက်ဆုံးထွက် Version တွေကို Update လုပ်ပြီး အမြဲအသုံးပြုပါ။
  • Meeting တွေကို ထူးခြားပြီး မရိုးရှင်းတဲ့ မလွယ်ကူတဲ့ ခန့်မှန်းရခက်တဲ့ Password တွေ ခံထားပါ။
  • Meeting Link တွေကို Public မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ အတတ်နိုင်ဆုံး မတင်ပါနဲ့။ တင်ရမယ်ဆိုလည်း ကြိုပြီး Register လုပ်ဖို့၊ ID နဲ့ Password ကို သေချာ ပြုလုပ်ထားပါ။
အွန်လိုင်းအစည်းအဝေးတွေ ပြုလုပ်နေချိန်မှာ ဘာတွေ ရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲ?
  • Meeting Host ကနေ ခွင့်ပြုပေးမှ ဝင်လို့ ရနိုင်မယ့် “Waiting Room” စနစ်ကို အမြဲဖွင့်ထားပါ။
  • Sensitive ဖြစ်တဲ့၊ ထိန်းချုပ်ထားဖို့ လိုတဲ့ data တွေကို အတတ်နိုင်ဆုံး အွန်လိုင်းမီတင်တွေမှာ မပြောပါနဲ့။
  • အစည်းအဝေးလုပ်နေတဲ့ platform က မဟုတ်လည်း ပြင်ပကနေ video recording လုပ်ထားနိုင်တယ်ဆိုတာ သတိပြုပါ။ (ဥပမာ ဖုန်းကင်မရာ)
  • ကိုယ် အသိအမှတ်မပြုထားတဲ့၊ Verify မလုပ်ထားတဲ့ ID တွေကို အစည်းအဝေးကနေ Kick out လုပ်ပါ။
အွန်လိုင်းအစည်းအဝေးတွေ ပြီးဆုံးသွားချိန်မှာ ဘာတွေ ရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲ?
  • Meeting Recording တွေကို လွယ်လွယ်နဲ့ မရယူနိုင်ဖို့ ထူးခြားပြီး မရိုးရှင်းတဲ့ မလွယ်ကူတဲ့ ခန့်မှန်းရခက်တဲ့ Password တွေ ခံထားပါ။

ဒီလောက်ဆိုရင်တော့ လုံခြုံစိတ်ချရတဲ့ အွန်လိုင်းမီတင်တွေကို ဘယ်လို ပြုလုပ်ရမလဲဆိုတာကို သိသွားကြလောက်ပြီ ထင်ပါတယ်။ နောက်ထပ်ဆောင်းပါးတွေကိုလည်း MYEO ရဲ့ Platform တွေကနေ ထပ်မံဖတ်ရှုနိုင်ပါတယ်။

Reference:https://365itsolutions.com/cyber-security-safety-tips-for-virtual-conferencing-and-virtual-events/