Signal ကို ဘယ်လို လုံခြုံအောင် သုံးရမလဲ။

Signal ကတော့ Online Communication Tools တွေထဲက ဆိုက်ဘာ လုံခြုံရေးနဲ့ ပတ်သတ်ပြီး လုံခြုံမှု အရှိဆုံးလို့ နည်းပညာရှင်တွေ ထောက်ခံကြတဲ့ အယ်ပလီကေးရှင်း တစ်ခုဖြစ်ပါတယ်။

Signalရဲ့ လုံခြုံရေး Features တွေက ဘာတွေ လဲ။

(၁) End to End Encryption ပါဝင်ခြင်း။

(၂) Self Destructing Message features ပါဝင်ခြင်း။
Self Destructing Message features လို့ ခေါ်တဲ့ စာတွေကို အလိုအလျောက် ဖျက်ပေးတဲ့ စနစ်ပါဝင်ပါတယ်။
အနည်းဆုံး ၁ စက္ကန့် ကနေ အများဆုံး ၄ပတ်အထိ အလိုအလျောက်ဖျက်တဲ့ စနစ်ကို လုပ်ထားလို့ရပါတယ်။

(၃) Contact Book Encryption features ပါရှိခြင်း။
Contact book encryption ဆိုတာက တစ်ယောက်ယောက်ကို Mention ခေါ်တဲ့ အခါ ကျွန်မတို့ ရဲ့ Contact ထဲမှာ မှတ်ထားတဲ့ နာမည်အတိုင်းပေါ်နေမှာဖြစ်ပြီး အခြားသူဆီမှာတော့ သူတို့မှတ်ထားတဲ့အတိုင်း ပေါ်နေမှာဖြစ်ပါတယ်။

Signal အကောင့်မှာ လုံခြုံရေး စနစ်တွေ ဘယ်လိုပြုလုပ်ထားမလဲ။

(၁) Messaging Privacy
Privacy ထဲကို ဝင်ပြီး Disappearing Messaging ကို On ပြီး ကိုယ်ပြောထားတဲ့ အကြောင်းအရာတွေ ကို ၁ စက္ကန့် အတွင်း ဖျက်စေချင်လား ၁ ပတ်အတွင်း ဖျက်စေချင်လား ကိုယ့်စိတ်ကြိုက် သတ်မှတ်ထားလို့ရပါတယ်။ Read Receipt ကို On ထားမယ်ဆိုရင် စာပို့သူအချင်းချင်း ပို့ထားတဲ့ စာတွေကို ဖတ်ပြီးတာကို သိရမှာဖြစ်ပါတယ်။

(၂) App Security
Screen Lock ကို On ထားမယ်ဆိုရင် ကိုယ့်ရဲ့ အကောင့် ထဲကို ဝင်တဲ့ အခါမှာ Finger Print System နဲ့ဖြစ်စေ ကိုယ်သတ်မှတ်ထားတဲ့ Pin Password နဲ့ ပဲ ဝင်လို့ရမှာ ဖြစ်ပါတယ်။

(၃) Screen Time out ကို On ထားပါ။
Screen Time out ကို Onထားမယ်ဆိုရင် ကိုယ့်အကောင့်ကို အသုံးမပြုတော့တဲ့ အခါမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်းအလိုအလျောက် Lock ချ ပေးသွားမှာ ဖြစ်ပါတယ်။

(၄) Screen Security ကို On ထားပါ။
Screen Security ကို On ထားမယ်ဆိုရင်တော့ Screenshot ရိုက်လို့ ရမှာ မဟုတ်ပါဘူး။

Signal လုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Infographicကနေ လေ့လာကြည့်ရအောင်

Signal Private Messenger ကို ဘယ်လို လုံခြုံအောင် သုံးရမလဲ ဆိုတာကို အောက်က ဗီဒီယိုမှာ အသေးစိတ်လေ့လာကြည့်ပါနော်

Signal Private Messenger အသုံးပြုပုံကို လေ့လာချင်ရင်တော့ အောက်က ခလုတ်လေးမှာ ကြည့်နိုင်ပါတယ်။