Community Building (လူမှုအသိုင်းဝိုင်းတစ်ခု တည်ဆောက်ခြင်း)

လူမှုအသိုင်းဝိုင်းဆိုတာ ဘာလဲ။ ( What is community?)

လူမှုအသိုင်းဝိုင်းတစ်ခုဆိုတာဟာ ဘုံစိတ်ဝင်စားမှု၊ ဘုံပန်းတိုင် နဲ့ အတွေ့အကြုံတွေကို လူအများက မျှဝေကြတဲ့ အွန်လိုင်း (Virtual) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) သို့မဟုတ် နေရာနှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ အချင်းချင်း အပြန်အလှန် မျှဝေဖို့၊ ချိတ်ဆက်ဖို့၊ ဖလှယ်ဖို့နဲ့ တူညီတဲ့ပန်းတိုင်တွေဆီရောက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေ ကြောင့် လူမှုအသိုင်းဝိုင်းတွေက တည်ရှိနေကြတာဖြစ်ပါတယ်။

လူမှုအသိုင်းဝိုင်း တည်ဆောက်ခြင်းဆိုတာ ဘာလဲ ။

အမြစ်တွယ်နေတဲ့ မညီမျှမှုတွေနဲ့ အားနည်းချက်ပုံစံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေရတာကြောင့် လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းက အချိန်တိုအတွင်း ပြီးမြောက်နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခု တော့ မဟုတ်ခဲ့ပါဘူး။ ပါဝင် ပတ်သက်နေတဲ့ လူ့အဖွဲ့အစည်းအပေါ် မူတည်ပြီး မြင်သာထင်သာရှိတဲ့ရလဒ်တွေ ရရှိစေဖို့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်တယ်လို့ သက်မှတ်ထားပါတယ်။ လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို မတူညီတဲ့အဖွဲ့အစည်းတွေက ပုံစံအမျိုးမျိုးနဲ့ အသုံးပြုကြတဲ့အခါ အဓိပ္ပါယ်ဖွင့်ဆိုချက်က ပုံမှန်အားဖြင့် လိုအပ်ချက်တွေရှိပါတယ်။ ဒီမှာကတော့ IGI global က သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောပြချင်ပါတယ်။

လူမှုအသိုင်းဝိုင်းတည်ဆောက်ခြင်းဆိုတာက ဒေသဆိုင်ရာနယ်မြေတစ်ခု ( ဥပမာ- ရပ်ကွက်တစ်ခုလိုမျိူး) အတွင်း မိမိနေထိုင်တဲ့ လူမှုအသိုင်းတစ်ခု ဖွဲ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဦးနဲ့တစ်ဦးစုပေါင်းပြီး အသိုက်အဝန်းတစ်ခု ဖန်တီးခြင်း သို့မဟုတ် ဖွံ့ဖြိုးတက်ခြင်းကို ဦးတည်ပြီး လက်တွေ့ကျကျ တည်ဆောက်ပေးတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။

Why Building Community Is So Important?လူမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်းက ဘာကြောင့် အရေးကြီးတာလဲ။

  • COMMUNITY-BUILDING (CB) FOSTERS CONNECTION (ခိုင်မြဲတဲ့ ချိတ်ဆက်မှုတွေရှိခြင်း။)
    လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့အတွက် လူမှုဆက်ဆံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ပညာရေး စတာတွေကိုလူမှုအသိုင်းအဝိုင်းထဲမှာပဲလုပ်ဆောင်ရတာဖြစ်ပါတယ်။ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဘုရားကျောင်း၊ ဇာတိမြေ တို့နဲ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေပြုလုပ် နေခြင်းကလည်း လူမှုအသိုင်းအဝိုင်းတည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) CREATES SPACE FOR SHARING (မျှဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ် များအတွက် ဖန်တီးပေးခြင်း။)
    လူမှုအသိုင်းအဝန်း တစ်ခုကို လုံခြုံမှု ၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ ညှိနှိုင်းတွေမှု ရှိတဲ့ ရပ်ဝန်းလေး တစ်ခုအဖြစ် လူများအတွက် ဖန်တီးထားမယ်ဆိုရင် သူတို့ကိုယ်တိုင်က ကြုံတွေ့ခဲ့ရတဲ့ အရာတွေ ၊ သူတို့မှာ ရှိတဲ့ အသိပညာတွေကို မျှဝေနိုင်ပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် သင်ယူလေ့လာမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို မျှဝေခြင်းတွေက လူတွေကို ပိုပြီး ယုံကြည်မှုတွေ မြင့်မားလာစေပြီး မိမိ ကိုယ်ကိုယ် လုံခြုံမှုရှိတယ်လို့ ခံစားရခြင်းအပြင် ဒီလိုမျှဝေခြင်းတွေကို စုပေါင်း ပါ၀င်လုပ်ဆောင်ရခြင်း အပေါ်မှာလည်း ပျော်ရွှင်လာစေ‌ခြင်း စတဲ့ ကောင်းမွန်တဲ့အရာတွေဆီကို ဦးတည်စေပါတယ်။ အချင်းချင်း မျှဝေသင်ယူမှုတွေ ပြုလုပ်ခြင်းမှ တစ်ဆင့်၊ နောက်ထပ် မသိသေးသူတွေဆီကို ပြန်လည်မျှဝေခြင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်တယ်။
  • COMMUNITY-BUILDING (CB) IS ABOUT COLLECTIVE LEARNING ( စုပေါင်းသင်ယူများ လုပ်နိုင်ခြင်း။)
    လူမှုအသိုင်းအဝိုင်းရပ်ဝန်း တစ်ခုဆိုတာ အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ လူအချင်းချင်း မိမိရဲ့ အတွေ့ကြုံတွေကို အပြန်အလှန် မျှဝေဖလှယ်ခြင်းများ၊ အသိပညာဗဟုတတ ရခြင်းတွေကို ဖော်ဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်။
  • COMMUNITY-BUILDING (CB) ENGAGES WITH COLLECTIVE GROWTH (ပေါင်းစုညီညာ တိုးတက်လာမှုကို ချိတ်ဆက်ပေးနိုင်ခြင်း)
    Collective Learning ဆိုသည်မှာ စုပေါင်းတိုးတက်မှုကို ဆိုလိုပါတယ်။ ဆွေးနွေး‌ပွဲများ၊ လူမှုအသိုက်အဝိုင်း လှုပ်ရှားမှုများ၊ အသိပညာမျှဝေခြင်းများနဲ့ အတွေ့ကြုံမျှဝေခြင်းများ ကိုတစ်စုတစ်စည်းတည်း ဖြစ်အောင်ချိတ်ဆက်ပေး တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) IS ABOUT EXPERIENCE ( ကောင်းမွန် အတွေ့အကြုံများ ရခြင်း။ )
    လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ပါ၀င်ဆောင်ရွက်ခြင်းက ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရရှိစေပြီး အဲ့ဒီအတွေ့အကြုံတွေကပဲ လူ့မှုအသိုင်းဝိုင်းထဲမှာရှိတဲ့ သူတွေကို များစွာအကျိုးပြုစေပါတယ်။ အဲ့ဒီလို‌အကျိုးပြုစေခြင်းနှင့်အတူ မိမိနေထိုင်တဲ့ ပတ်၀န်းကျင်မှာလည်း ကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် လူမှုအသိုင်းဝိုင်းတစ်ခု တည်ဆောက်ရေးမှာ လူတွေကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက အတွေ့ကြုံကောင်းတွေကို ရရှိလာအောင် ပြုလုပ်ပေးသင့်တာကို သတိပြုမိဖို့ လိုအပ်ပါတယ်။
  • COMMUNITY-BUILDING (CB) ALLOWS TRUST-BUILDING ( ယုံကြည်မှုများ တည်ဆောက်ပေးခြင်း။)
    စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ၀န်ဆောင်‌မှုပေးတဲ့ လုပ်ငန်းများ အနေနဲ့ လူမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်း နည်းဗျူဟာတွေကို တည်ဆောက်တဲ့အခါ မိမိတို့ရဲ့ ဖောက်သည်များ၊ သုံးစွဲသူများနဲ့ မိတ်ဖွဲ့လုပ်ငန်းရှင်များနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အလွန်‌အရေးကြီးပါတယ်။ ဒါအပြင့် လူမှုအသိုင်းဝိုင်း အတွင်း အတွေ့ကြုံများ မျှဝေခြင်း၊ စုပေါင်းသင်ယူလေ့လာခြင်း၊ ချမှတ်ထားတဲ့ပန်းတိုင်များကိုအတူတူပူပေါင်း ကြိုးစားအားထုတ်မှုတွေက ယုံကြည်မှုအပြင် သစ္စာရှိမှုတွေကိုပါ ခိုင်မြဲစေမှာဖြစ်ပါတယ်။
  • COMMUNITY-BUILDING (CB) IS MOVEMENT FORMATION (အရွေ့တစ်ခုကို ပုံစံချပေးခြင်း။)
    လူ့အသိုင်းဝိုင်းများကို တည်ဆောက်ရာမှာ ပါဝင်လှုပ်ရှားမှုများနဲ့ ဖော်ဆောင်ထားပါတယ်။ လူတွေက အတူတကွ ပါဝင်ဆောက်ရွက်တဲ့ အခါ ပွင့်လင်းမြင်သာမှုတွေ နဲ့အတူ ပိုပြီး သန်မာလာမယ်၊ လူအသိုင်းဝိုင်းအတွင်း တွင်ကျယ်စွာ ရှင်သန်လာနိုင်မှာ ဖြစ်ပါတယ်။ လူမှုအသိုင်းဝိုင်း တစ်ခုစီတိုင်းမှာ အလားအလာရှိတဲ့ ရည်မှန်းချက် ပန်းတိုင်များ ရှိတာကြောင့် အကျိုးသက်ရောက်မှု ရှိတဲ့ပြောင်းလဲခြင်း များနဲ့အတူ လူထုက လိုလားစွာပါဝင်လှုပ်ရှားဆောင်ရွက်မှုတွေ၊ ရိုးရှင်းတဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေနဲ့ အတူ အရွှေ့ တစ်ခုကို တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
  • COMMUNITY-BUILDING (CB) FOSTERS INNOVATION ( တီထွင်ဆန်းသစ်မှု လုပ်ဆောင်ဖို့ တွန်းအားပေးခြင်း)
    လူမှုအသိုင်းအဝိုင်းတစ်ခုအတွင်း နေထိုင်ကြတဲ့ သူတွေမှာ မတူညီတဲ့ ရှု့ထောင့်တွေ၊ နောက်ခံတွေ၊ အတွေ့ကြုံတွေနဲ့ ထင်မြင်ယူဆချက်တွေများစွာရှိတာကြောင့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်ကြပါတယ်။ တွေးခေါ်နိုင်စွမ်းရှိတဲ့ ဦးနှောက်တွေ၊ ခံစားမှုတွေ၊ ရှု့ထောင့်တွေ များစွာ နဲ့ တီထွင်ဆန်းသစ်မှုကို ပေါင်းစည်း လုပ်ဆောင်ကြတဲ့အခါ ကြုံတွေနိုင်တဲ့ ပြသနာရပ်တွေ စိန်ခေါ်မှုတွေကို အတူတကွ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

10 Ways to Build Community ( လူမှုအသိုက်ဝန်း တည်ဆောက်ရန် နည်းလမ်း ၁၀ခု)

သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ လူမှုအသိုင်းဝိုင်းတစ်ခုထဲ ပါဝင်လုပ်ဆောင်မှုတွေ မစခင်မှာ အောက်ဖော်ပြပါ အချက် (၃) ချက်ကို သိထားဖို့ လိုအပ်ပါတယ်။

  1. Know that each of us makes a positive difference in the lives we touch. (ကျွန်ုပ်တို့ တစ်ဦးစီတိုင်း လူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ကွဲပြားအောင်လုပ်ဆောင်ရမည်။)
  2. Time, talent, or treasure—measure out what works. ( ကိုယ်လုပ်ဆောင်တဲ့ အလုပ်တိုင်းကို တိုင်းတာမှုလုပ်ပါ။ ဥပမာ – အချိန်၊ အရည်သွေး)
  3. Learn how to give as well as to receive. ( လူတွေကို ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ဘယ်မျှမလဲဆိုတာရယ် ကိုယ်ကိုကိုယ်ကလည်း သူတို့ဆီက ဘယ်လို လက်ခံရယူမလဲ ဆိုတာကို သင်ယူပါ။

အထက်ဖော်ပြပါ အချက်တွေကို အကြံပြုချက်တွေမှတ်သားထားပြီး အောက်ဖော်ပြပါ အချက်တွေကတော့ လူမှုအသိုင်းအသိုက်ဝန်းတစ်ခုထဲ ပါဝင်ဆောင်ရွက်တဲ့အခါ ဘယ်လိုပါဝင်ဆောင်ရွက်မလဲဆိုတဲ့ နည်းလမ်း ၁၀ ခုပဲ ဖြစ်ပါတယ်။

Neighborhood Involvement ( ကိုယ့်ရဲ့ အိမ်နီးချင်းများအတူ ပါဝင်ဆောင်ရွက်ခြင်း။)

  • Build a Community Garden ( ကိုယ့်အိမ်နီးချင်းများနဲ့ အသိုက်ဝန်းတစ်ခု တည်ဆောက်ခြင်း)
  • Start an Ongoing Conversation ( ဆက်သွယ်ပြောဆိုခြင်းများ စတင်ခြင်း။)
  • Time Banks ( အချိန်အများစုကို နှစ်မြုပ်ခြင်း။)
  • Volunteering ( ပရဟိတလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်း။)

For Parents/Guardians of Young Children (ကလေးငယ်များ၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများအတွက်

  • Mommy and Me/Daddy and Me (မိဘနဲ့သားသမီး ဆက်ဆံရေး)
  • Babysitting Co-op (ကလေးထိန်းကျောင်းများ သို့မဟုတ် မူကြို)
  • After-school and Extra-curricular Events (ကျောင်းပြင်ပ လှုပ်ရှားမှုများ)
  • Parent Teacher Association(PTA)/ Parent Teachers Student Association (PTSA)(မိဘဆရာများအသင်း / မိဘဆရာ ကျောင်းသားများအသင်း)

Business Outreach (စီးပွားရေးလုပ်များ ချဲ့ထွင်ခြင်း သို့မဟုတ် မိမိစီးပွားရေးကို လူအများသိအောင် ပြုလုပ်ခြင်း။)

  • One-day Events ( တစ်ရက်တာ ပွဲများပြုလုပ်မှု)ဥပမာ – သင်က လုပ်ငန်းတစ်ခုကို စတင်တည်ထောင်သူဆိုရင် သူလုပ်ငန်းမှ ဘယ်လို ဝန်ဆောင်မှု တွေရလဲဆိုတာကို လူအများသိစေဖို့ Business Event တွေပါ ပါဝင်မှုများလုပ်ခြင်း။
  • Charity Events ( ပရိဟိတ ဆိုင်ရာ ပွဲများပြုလုပ်ခြင်း)ဥပမာ – သင့်လုပ်ငန်းကို လူသိစေဖို့ ဟိုတယ်တစ်ခုမှာ အစားသောက် စုံလင်စွာဖြင့် လူများဖိတ်ကြားပြီး သင့်လုပ်ငန်းရဲ့ ဝန်ဆောင်မှုများကို မိတ်ဆက်ခြင်း။

Video Link – https://www.youtube.com/watch?v=cP_ZCatOnFA+

ကိုးကားချက် – https://www.igi-global.com/dictionary/community-building/4701

https://fairforceberlin.medium.com/why-building-community-is-so-important-6f1a3953c1d7

https://cmxhub.com/build-a-thriving-community-from-scratch/
https://www.thinkific.com/blog/how-to-build-an-online-community/https://www.greenamerica.org/green-living/10-ways-build-community