SWOT analysis (Analytical Skill)

💠SWOT Analysis ဆိုတာဘာလဲ။

SWOT ဆိုတာ Strength အားသာချက်များ၊ Weakness အားနည်းချက်များ၊ Opportunities အခွင့်အလမ်းများနှင့် Threads ခြိမ်းခြောက်မှုများကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိက ရပ်ရွာမှာ သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်တစ်ခုကို ဦးဆောင်ရမယ်ဆိုပါစို့

Strength အနေနဲ့ဘာတွေရှိနိုင်လဲ

  • မိမိမှာ စိတ်အားထက်သန်မှုအပြည့်ရှိနေတယ်
  • မိမိကို သက်ကြီးတွေက ယုံကြည်ချစ်ခင်ကြတယ်
  • သက်ကြီးတွေကို ဘယ်လိုစာသင်ရမယ်ဆိုတာ နားလည်ထားတယ်
  • ကျေးရွာရဲ့ ပံ့ပိုးမှုအပြည့်အဝရှိတာ

Weankness အနေနဲ့ဘာတွေရှိနိုင်လဲ

  • သက်ကြီးတွေကအလုပ်တစ်ဖက်နဲ့မို့ အချိန်မပေးနိုင်တာ
  • ကလေးငယ်တွေရှိနေတာ
  • အသက်ကြီးမှစာသင်ရတာကို ရှက်စရာလို့မြင်တာ

Opportunities အနေနဲ့ဘာတွေရှိနိုင်လဲ

  • စာတတ်မြောက်ခြင်းဖြင့် ဆေးစာအညွှန်းတွေဖတ်တတ်မယ်
  • သားသမီးတွေကို အရွယ်ငယ်စဉ်မှာပြန်သင်ပြလို့ရမယ်
  • သတင်းစာတွေဖတ်နိုင်မယ်၊ တီဗီကစာတမ်းထိုးတွေဖတ်တတ်လာမယ်
  • မျိုးဆက်အလကျေးရွာဖွံ့ဖြိုးလာမယ်

Threads အနေနဲ့ဘာတွေရှိနိုင်လဲ

  • လူကြီးတွေစာသင်လို့ ကလေးတွေဖွံ့ဖြိုးရေးအတွက် အချိန်ပေးစောင့်ရှောက်နိုင်မှုနည်းသွားတာ
  • အသက်ကြီးမှ စာသင်ရမှာရှက်လို့ မလုပ်သင့်တာလုပ်မှာ
  • ပညာရေးကို စိတ်ဝင်စားမှုနည်းပြီး စီးပွားရေးမပြေလည်တာ

စတာတွေဖော်ထုတ်ပြီး Weakness ထဲက အချက်တွေ ကောင်းအောင်ပြင်မယ်၊ Thread ထဲက ခြိမ်ခြောက်မှုတွေကို ကျော်လွှားနိုင်မည့် အစီအစဉ်တွေ ဖော်ထုတ်ခြင်းအားဖြင့် မိမိကို ပေးအပ်တဲ့တာဝန် နဲ့ လုပ်ငန်းများကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုအသုံးချနိုင်မည်ဖြစ်ပါတယ်။ 

အားသာချက်များက စီမံကိန်းအောင်မြင်စေမဲ့ အထောက်အပံ့တွေဖြစ်ပြီး၊ အားနည်းချက်တွေက မိမိ နဲ့ သက်ဆိုင်သူတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းချုပ်ခြင်း ပြောင်းလဲခြင်းတွေနိုင်ပါတယ်။ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများက အပြင်ဘက်မှာ ဖြစ်ပေါ်နေသည့် အရာတွေဖြစ်ပါတယ်။ သင်က အခွင့်အလမ်းတွေကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ပေမဲ့လည်း ဒါတွေကို ပြောင်းလဲလို့မရပါ။ ဥပမာအနေနဲ့ “လူကြီးတွေစာသင်လို့ ကလေးတွေဖွံ့ဖြိုးရေးအတွက် အချိန်ပေးစောင့်ရှောက်နိုင်မှုနည်းသွားတာ” မှာဆိုရင် စီမံကိန်းကြောင့် စာတတ်မှုတိုးလာနိုင်ပေမဲ့ တစ်ဖက်မှာ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို အားနည်းသွားစေတာမျိုး။

💠အဘယ်ကြောင့် SWOT Analysis လုပ်သလဲ။

လုပ်ငန်းများအောင်မြင်ဖို့အတွက် သင်လုပ်ဆောင်ရမည့် အရာအားလုံးကို သင်သိပြီးသားဟု သင်ထင်ကောင်း ထင်နိုင်သော်လည်း SWOT နည်းလမ်းကို အသုံးချခြင်းက သင့်ကို နည်းလမ်းသစ်များနှင့် လမ်းကြောင်းသစ်များမှ ကြည့်ရှုရန် ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ သင်ရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ကြည့်ပြီး ပြင်ပမှာရှိတဲ့ အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် မည်ကဲ့သို့ အသုံးချနိုင်သည်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

💠ဘယ်သူတွေ SWOT Analysis လုပ်သင့်လဲ။

SWOT ကို လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်လောက်ကစပြီး စီပွားရေးလုပ်ငန်းတွေရဲ့ ကြိုတင်စီမံကိန်းရေးဆွဲမှုတွေမှာ အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းမှာ အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ ရင်းနှီးမြှပ်နှံသူတွေ၊ စွန့်ဦးတီထွင်သူတွေက စလို့ တစ်ဦးချင်း တစ်ယောက်ချင်းအထိ အဖွဲ့အစည်းရည်မှန်းချက်တွေ၊၊ တစ်ဦးချင်းရဲ့ လုပ်ငန်းတွေ အောင်မြင်အောင် အသုံးချလာတာကို တွေ့ရပါတယ်။

💠SWOT ခွဲခြမ်းစိတ်ဖြာနည်းကို မှန်မှန်ကန်ကန်ဘယ်လိုလုပ်မလဲ

Personal SWOT Analysis ပြုလုပ်ခြင်း

Personal SWOT Analysis ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းက မိမိရဲ့ အသက်မွေးဝမ်း ကျောင်းမှုအတွက်ဖြစ်စေ၊ တစ်ကိုယ်ရေတိုးတက်မှုအတွက်ဖြစ်စေ၊ ပညာရေးအတွက်ဖြစ်စေ၊ လုပ်ငန်းတစ်ခုစတင်လို၍ဖြစ်စေ အကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက် မိမိ၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို သုံးသပ်ခြင်းဘဲဖြစ်ပါတယ်။ Personal SWOT Analysis ကို အောက်ပါအတိုင်း လုပ်ဖို့ အကြံပြုပါရစေ။ မိမိရဲ့အားသာချက် တွေကိုချရေးခြင်းဖြစ်စတင်လိုက်ပါ။ အားသာချက် စတင် တွေချရေးခြင်းဖြင့် အကောင်းမြင်စိတ် နဲ့ အတွေကောင်းတွေပေါ်လာနိုင်ပြီး ကို့ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးပွားလာစေနိုင်လို့ပါ။ 

🔹သင့်အားသာချက်များကိုဖော်ထုတ်မည့်မေးခွန်းများ

  • ငါ့မှာရှိတဲ့ အမှန်တကယ်ကောင်းတဲ့အချက်ကဘာလဲ
  • သူများမှာ မရှိဘဲ ငါ့မှာရှိတဲ့ အားသာချက်ကဘာလဲ
  • ငါ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် နဲ့ မိဘ တွေ ငါ့အပေါ် ချီးမွမ်းတဲ့အချက်ကဘာလဲ
  • ငါ့မှာရှိတဲ့ အရင်းအမြစ်နဲ့ မိတ်ဖက် ကွန်ယက်တွေက ဘာတွေလဲ

🔹သင့်အားနည်းချက်များကိုဖော်ထုတ်မည့်မေးခွန်းများ

  • ငါ့ရဲ့ မကောင်းတဲ့အလေ့အထတွေကဘာတွေလဲ
  • တစ်ခြားသူတွေနဲ့ ယှဉ်ရင် ငါ့မှာ မရှိသေးတဲ့ အရည်အချင်း အရည်သွေးတွေက ဘာတွေလဲ
  • ဘယ်အရည်အသွေးတွေက ထပ်ပြီး မြှင့်တင်ဖို့လိုသလဲ
  • ငါ့မှာ ယုံကြည်မှုနည်းနေလို့ ခုချိန်မှာ ရှောင်သင့်တာဘာလဲ

🔹အခွင့်အလမ်းတွေကိုဖော်ထုတ်မည့်မေးခွန်းများ

  • ငါ့လက်ရှိစိတ်ဝင်စားတဲ့ နယ်ပယ် (ဥပမာ ပညာ/အလုပ်) က ကြီးထွားနေလား၊ အရှိန်အဟုန် ကောင်းနေလား
  • ဘယ်နည်းပညာက ငါအခု စိတ်ဝင်စားတဲ့ အလုပ်/ပညာ အတွက် အထောက်အကူပြုမလဲ
  • ငါ့မှာ ရှိတဲ့ ကွန်ယက်က နောက်တစ်ဆင့်တက်လှမ်းဖို့ ဘယ်လို အထောက်အကူရမလဲ
  • ငါဒါကို လုပ်လိုက်ရင် ငါ့အတွက် ဘာအရည်အသွေးတွေ တိုးတက်လာမလဲ
  • ဒါက ငါရေရှည်သွားချင်းတဲ့ လမ်းကြောင်းနဲ့ ကိုက်သလား

🔹စိန်ခေါ်မှုများကိုဖော်ထုတ်မည့်မေးခွန်းများ

  • ငါ့ပြိုင်ဖက်ကဘယ်သူလဲ
  • ငါစိတ်ဝင်စားတဲ့ နယ်ပယ်က မကြာခင် ပျောက်ကွယ်နိုင်လား
  • နည်းပညာက ရေရှည်မှာအစားထိုး အနိုင်ယူသွားနိုင်လား
  • ငါ့အားနည်းချက်တွေက အောင်မြင်မှုအတွက် ခြိမ်းခြောက်နိုင်လား

လူတစ်ဦးတစ်ယောက်ချင်း ဘယ်လို SWOT နဲ့ ခွဲခြမ်းစိတ်ဖြာမလဲ လေ့လာပြီးပြီဆိုတော့ အသင်းအဖွဲ့တွေအနေနဲ့ Organizational SWOT Analysis ဘယ်လို လုပ်ကြမလဲ ဆက်ကြည့်ရအောင်

🔹အားသာချက်များကိုဖော်ထုတ်မည့်မေးခွန်းများ

အားသာချက်များသည် သင့်အဖွဲ့အစည်း အတွင်းပိုင်း၊ အပြုသဘောဆောင်သော အရည်အချင်းများ ဖြစ်ပါတယ်။ ဒီအားသာချက်တွေက သင်လိုသလို ထိန်းချုပ်နိုင်ပါတယ်။  

  • ဘယ်လုပ်ငန်း စဉ်တွေ အောင်မြင်လဲ။
  • သင့်အသင်းသားများတွင်/သင့်တွင် မည်သည့်ပိုင်ဆိုင်မှုများ ရှိသနည်း။ (ဆိုလိုသည်မှာ အသိပညာ၊ ပညာရေး၊ ကွန်ရက်၊ ကျွမ်းကျင်မှုနှင့် ဂုဏ်သတင်း)
  • ဖောက်သည်များ၊ စက်ကိရိယာများ၊ နည်းပညာများ၊ ငွေသားနှင့် မူပိုင်ခွင့်များကဲ့သို့သော သင့်တွင် မည်သည့်ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများ ရှိပါသလဲ။
  • မင်းရဲ့ပြိုင်ဆိုင်မှုအပေါ်မှာ ဘယ်လိုအားသာချက်တွေရှိလဲ။

🔹အားနည်းချက်များကိုဖော်ထုတ်မည့်မေးခွန်းများ

အားနည်းချက်များသည် သင်၏ အားသာချက်များကို နှောင့်နှေးစေသော အနုတ်လက္ခဏာများ ဖြစ်သည်။ ဒါတွေက အပြိုင်အဆိုင်ဖြစ်ဖို့၊ မြှင့်တင်ဖို့ လိုအပ်တဲ့အရာတွေပါ။

  • သင့်လုပ်ငန်းသည် ပြိုင်ဆိုင်ရန် လိုအပ်သည့်အရာများ ရှိပါသလား။
  • ဘယ်လုပ်ငန်း စဉ်တွေ တိုးတက်ဖို့ လိုလဲ။
  • ငွေကြေး သို့မဟုတ် စက်ကိရိယာများကဲ့သို့သော သင့်ကုမ္ပဏီအတွက် လိုအပ်သော မြင်သာထင်သာရှိသော ပိုင်ဆိုင်မှုများ ရှိပါသလား။
  • သင့်အဖွဲ့တွင် ကွာဟချက်ရှိပါသလား။
  • ရည်မှန်းထားသည့် အောင်မြင်မှုနှင့်လက်ရှိ အခြေအနေကိုက်ညီပါသလား။

🔹အခွင့်အလမ်းများကိုဖော်ထုတ်မည့်မေးခွန်းများ 

အခွင့်အလမ်းများသည် သင်၏အောင်မြင်မှုကို အထောက်အကူဖြစ်စေမည့် သင့်လုပ်ငန်းပတ်ဝန်းကျင်ရှိ ပြင်ပအချက်များဖြစ်ပါတယ်။

  • သင့်စျေးကွက်ကြီးထွားလာနေသလား၊ သင်ရောင်းနေတဲ့အရာတွေကို လူတွေပိုဝယ်ဖို့ တွန်းအားပေးမယ့် လမ်းကြောင်းတွေရှိပါသလား။
  • သင့်အဖွဲ့အစည်းက လုပ်ငန်းတိုးတက်စေရန်အတွက် အခွင့်ကောင်းယူနိုင်သည့် လာမည့်ဖြစ်ရပ်များ ရှိပါသလား။
  • သင့်အဖွဲ့အစည်းကို အပြုသဘောဆောင်သော သက်ရောက်မှုရှိစေမည့် စည်းမျဉ်းများဆိုင်ရာ အပြောင်းအလဲများ ရှိပါသလား။
  • သင့်လုပ်ငန်းသည် လည်ပတ်နေပါက၊ ဖောက်သည်များက သင့်အပေါ် အထင်ကြီးနေပါသလား။

🔹ခြိမ်းခြောက်မှုများကိုဖော်ထုတ်မည့်မေးခွန်းများ

ခြိမ်းခြောက်မှုများက သင်ထိန်းချုပ်နိုင်စွမ်းမရှိသော ပြင်ပအချက်များဖြစ်ပါတယ်။

  • သင့်စျေးကွက်သို့ ဝင်ရောက်နိုင်သည့် အလားအလာရှိသော ပြိုင်ဘက်များ ရှိပါသလား။
  • ပေးသွင်းသူများက သင်လိုအပ်သော ဈေးနှုန်းများဖြင့် သင်လိုအပ်သော ကုန်ကြမ်းများကို အမြဲတမ်း ပံ့ပိုးပေးနိုင်လား။
  • အနာဂတ်တွင် နည်းပညာတိုးတက်မှုများသည် သင့် စီ့းပွားရေးလုပ်ပုံကို ပြောင်းလဲနိုင်ပါသလား။
  • စားသုံးသူအမူအကျင့်က သင့်လုပ်ငန်းကို အပျက်သဘောဆောင်သော အကျိုးသက်ရောက်စေသည့် နည်းလမ်းဖြင့် ပြောင်းလဲနေပါသလား။

လေ့ကျင့်ရန်

၁။ အကယ်၍ သင်သည် အင်ဂျင်နီယာသင်တန်း သို့မဟုတ် ဆေးတက္ကသိုလ် တက်ရန် ဆုံးဖြတ်ရမည့်အချိန် တစ်ခု ရောက်ပြီဆိုပါဆို့။ SWOT Analysis ကိုအသုံးပြု၍ မိမိလုပ်ဆောင်နိုင်စွမ်းကိုအကဲဖြတ်ကာ မိမိ၏အားသာချက်များ၊ အားနည်းချက်များ၊ မိမိအတွက်ရရှိနိုင်သော အခွင့်အလမ်းများ၊ မိမိကိုခြိမ်းခြောက်နေသော စိန်ခေါ်မှုများကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာသုံးသပ်ပါ။ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်အပေါ် အခြေခံ၍ မည်သည်ကို ရွေးချယ်သင့်သည်ကို ဆုံးဖြတ်ပါ။ အဖွဲ့ဝင်တစ်ဦးချင်စီတိုင်းက ဘာ့ကြောင့် ဆုံးဖြတ်သည်ကို အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြပါ။

Video Link – https://www.youtube.com/watch?v=JXXHqM6RzZQ 

https://www.betterup.com/blog/personal-swot-analysis