Stress & Distress 🤦‍♀️

စာဖတ်ရန်ကြာချိန်  ၅ မိနစ်

စိတ်ဖိစီးမှု ဆိုတာဘာလဲ။

ဇီဝကမ္မဗေဒဘာသာရပ်(Physiology)အရ စိတ်ဖိစီးမှုဆိုသည်မှာ အာရုံ​ကြောအဖွဲ့အစည်းအင်္ဂါရပ်များမှ ဟိုမုန်းများ (Adrenaline, cortisol) ထုတ်လွတ်ခြင်းအားဖြင့် ခြိမ်း​ခြောက်မှုများ၊ စိန်​​​ခေါ်မှုများ (Stressors) အစရှိသည့် ရုတ်တရက်ဖြစ်လာ​သော၊ ဖြစ်မြဲဖြစ်​နေ​သော၊ ​နောင်ဖြစ်လာမည်ဖြစ်​သော အခက်အခဲများကို ခန္ဓာကိုယ်မှ ရုတ်တရက်တုံ့ပြန်​ပေးနိုင်ရန်၊ အန္တရာယ်မှ ကာကွယ်​ပေးနိုင်ရန် သဘာဝတရားမှ ဖန်တီး​ပေးသည့် ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်​ဆောင်ချက်တစ်ခုဖြစ်ပါသည်။ 

​ရှေး​ခေတ်အခါက တောတွင်း​အမဲလိုက်ဘဝတွင် လူသားများအတွက် ​နေ့ဓဒူဝကိစ္စများသည်ပင်လျှင် အသက်အန္တရာယ်များလှသည်။ စိန်​​​ခေါ်မှုများလှသည်။ ခြိမ်း​​ခြောက်မှုများလှသည်။ အခက်အခဲများလှပါသည်။ ထိုစဥ် ထိုအရာများကို အဆင်သင့်ရင်ဆိုင်တုံ့ပြန်​ကျော်လွားနိုင်ရန် သတိအ​နေအထားအဖြစ် ရှိ​စေသည်မှာလည်း စိတ်ဖိစီးမှုဟူသည့်ဇီဝကမ္မလုပ်​​ဆောင်ချက်​ကြောင့် ဖြစ်ပါသည်။ စိတ်ဖိစီးမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာသည်၊ အသက်ရှုမြန်လာသည်၊ ကြွက်သားများတင်းမာလာသည်။ ဤသည်မှာ လူ့ခန္ဓာကိုယ်မှ ခြိမ်း​ခြောက်မှုများ၊ စိန်​ခေါ်မှုများကို အဆင်သင့်တုံ့ပြန်နိုင်ရန် ​ပြောင်းလဲ​ပေးခြင်းဖြစ်ပါသည်။ ထို့​ကြောင့် စိတ်ဖိစီးမှုဆိုသည်ကို ​ရှေး​ခေတ်အခါက အသက်ရှင်သန်ဖို့ရာအတွက် ကူညီ​ပေး​သော ဇီဝကမ္မလုပ်​ဆောင်ချက် (Survival mechanism) အဖြစ် ​ခေါ်ဆိုကြပါသည်။ သို့ရာတွင်မူ ​နောက်ပိုင်းလေ့လာချက်များအရ စိတ်ဖိစီးမှုသည် လူ့ခန္ဓာကိုယ်ဇီဝကမ္မအ​ပေါ် အမျိုးမျိုး​ပြောင်းလဲသက်​ရောက်မှုရှိ​ကြောင်း ​တွေ့ရှိခဲ့ရပါသည်။

စိတ်ဖိစီးမှု အမျိုးအစား ( ၂ )မျိုးရှိပါသည်။ ယင်းတို့မှာ ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) Healthy Stress/ Eustress

( ၂ ) Unhealthy Stress/ Distress

( ၁ ) Healthy Stress/ Eustress

Healthy Stress/ Eustress ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ ​တွေး​တောမှု၊ ခံစားမှုတွင်ဖြစ်​စေ၊ ရုပ်​ပိုင်းဆိုင်ရာ အပြုအမူ၊ အ​နေအထိုင်များတွင်ဖြစ်​စေ ကျွန်ပ်တို့အတွက် အကျိုးဖြစ်ထွန်း​စေ​သော၊ ဖွံ့ဖြိုး​တိုးတက်စေ​သော စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပါသည်။ ယင်းစိတ်ဖိစီးမှုအမျိုးအစားသည် အချိန်ကာလအားဖြင့်တို​တောင်းသည်။ ကျွန်​တော်တို့ကိုယ်တိုင်လည်း ယင်းစိတ်ဖိစီးမှုဒဏ်ကို စီမံထိန်းချုပ်နိုင်ရုံသာမက အမှန်တကယ်ကြုံ​တွေ့လာရလျှင်ပင် ရင်ဆိုင်ဖြတ်သန်းဖို့ စိတ်အားထက်သန်​နေ​လေ့ရှိပါသည်။

ဥပမာ – တစ်ကိုယ်တည်း ခရီးသွားခြင်း၊ အလုပ်သစ်တစ်ခုကိုစတင်ခြင်း၊ လှုပ်ရှားမှုများ​သော ​လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်း၊ စာများကိုကြိုတင်​လေ့လာမှတ်သားပြီး စာ​မေးပွဲခန်းသို့ဝင်ခြင်း၊ စိန်​ခေါ်မှုများ​သော်လည်း ကိုယ့်အတွက်လိုအပ်သည့်အရာကို ဖြည့်ဆည်း​ပေးနိုင်​သော စီးပွား​ရေးလုပ်ငန်းလုပ်ကိုင်​ခြင်း၊ မတူကွဲပြား​သည့် ပတ်ဝန်းကျင်သို့ ​​ရွေ့​ပြောင်းအ​ခြေချ​​နေထိုင်ခြင်း၊ အစရှိသည့်ဖြစ်ရပ်များတွင် Eustress ကို​ခံစားရ​လေ့ရှိပါသည်။

( ၂ ) Unhealthy Stress/ Distress

        Unhealthy Stress/ Distress ဆိုသည်မှာ စိတ်ဖိစီးမှုဒဏ်ကို အချိန်ကာလအားဖြင့်ကြာမြင့်စွာ၊ ထပ်ခါထပ်ခါ ကြုံ​တွေ့ခံစားလာရာမှ ကိုယ်၏ သိရှိခံစားမှု၊ ​တွေး​တောဆင်ခြင်မှု၊ အပြုအမူများ၊ အ​နေအထိုင်များ၊ အဆိုးဘက်သို့ တ​ရွေ့​ရွေ့​ယိန်းယိုင်ပြောင်းလဲလာပြီး ​မနှစ်မြို့ဖွယ်နေမထိ၊ထိုင်မသာ အ​ခြေအ​နေထိဖြစ်လာ​စေနိုင်သည့် စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပါသည်။ ဤ စိတ်ဖိစီးမှုအမျိုးအစားသည် စိတ်ဖိစီးမှု အမျိုးအစား( ၂ ) မျိုးမှ ပို၍ဆိုးရွား​သော စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပြီး ကိုယ့်၏ ​ခံစားချက်များကို​ပြောင်းလဲသွား​စေရုံသာမကဘဲ ဘေးပတ်ဝန်းကျင်အ​ပေါ် ကိုယ်၏ပြုမူပုံ၊ ​နေ့ဓဒူဝ လုပ်ငန်း​ဆောင်တာများ လုပ်​ဆောင်ပုံတို့ကိုပါ ​ပြောင်းလဲသွား​စေနိုင်သည်။ ခက်ခဲသွား​စေနိုင်သည်။ ထိခိုက်သွား​စေနိုင်ပါသည်။

ဥပမာ –  နာတာရှည်​ရောဂါ​ဝေဒနာ​ ( ကင်ဆာ​​၊ ​လေဖြတ်ခြင်း၊ အစရှိသဖြင့် ) ​တွေ့ကြုံခံစား​နေရခြင်း၊ ကိုယ်ချစ်မြတ်နိုးရ​သောသူတစ်ဦးဦး သေဆုံးသွားခြင်း၊ ငယ်စဥ်ဘဝကတည်းက ထပ်တလဲလဲ ကိုယ်ထိလက်​ရောက် အနိုင်ကျင့်​စော်ကားခံရခြင်း၊ ပဒိန်းကျင့် (Rape) ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်​လေ့ဖြစ်ထရှိ​သော မိသားစုမှ ​မွေးဖွားလာကာ ကိုယ်တိုင်​မျက်မြင်ကိုယ်​တွေ့ ကြုံခဲ့ရခြင်း၊ ကိုယ့်ခင်ပွန်း သို့မဟုတ် မယားမှကိုယ့်အ​ပေါ်ဖောက်ပြန်ကာ မတရားကွာရှင်းခြင်း၊ စသည့် ဖြစ်ရပ်များတွင် Distress ကိုခံစားရ​လေ့ရှိပါသည်။

စိတ်ဖိစီးမှု​ကြောင့်  ကိုယ်ခန္ဓာဇီဝကမ္မ​ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ​ပြောင်းလဲမှု များမှာ ​အောက်ပါအတိုင်းဖြစ်၏။

စိတ်ဖိစီးမှုဖြစ်လာလျှင် ဆောင်ရန်ရှောင်ရန်တွေကို အောက်ဖော်ပြပါ ဗီဒီယိုလေးမှ တစ်ဆင့် လေ့လာကြရအောင်။

စိတ်ဖိစီးမှု​ကြောင့် လူမှုဆက်ဆံ​ရေးနှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ​ပြောင်းလဲမှုများမှာ ​အောက်ပါအတိုင်းဖြစ်၏။