စိတ်ဖိစီးမှုများကို ကိုင်တွယ်​ဖြေရှင်းခြင်း 🧘

စိတ်ဖိစီးမှု​လျော့နည်း​အောင် ကိုင်တွယ်​ဖြေရှင်းရန် ဘာ​ကြောင့်အ​ရေးကြီးပါသလဲ။

လူ့ဘဝတွင်လူသားတစ်ဦးအ​ဖြစ် ​မွေးဖွားကာ ​နေ့ တဓူ၀ လုပ်ငန်း​ဆောင်တာများ လုပ်​ဆောင်လာလျှင် စိတ်ဖိစီးမှုဒဏ်ကို ကြုံလာရစမြဲဖြစ်ပါသည်။ ကိုယ်​ရေးကိုယ်တာ ကြောင့်ဖြစ်​စေ၊ မိသား​စုရေးရာ ​ကြောင့်ဖြစ်​စေ၊ လုပ်ငန်းခွင်တာဝန်များ​ကြောင့် ဖြစ်​စေ တစ်နည်းတစ်ဖုံဖြင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားရ၊ ရင်ဆိုင်ရ၊ ကြုံလာရမှာပင် ဖြစ်ပါသည်။ သို့​သော် Distress/ Unhealthy Stress ဖြစ်ကာ ခံစား​နေရ​သော အချိန်ကာလကြာမြင့်လာလျှင် ထိခိုက်လာကာ ပုံမှန် ​နေ့ တဓူ၀ လုပ်ငန်း​ဆောင်တာများ၊ လှုပ်ရှားသွားလာ​နေထိုင်မှုများအ​ပေါ် အနုတ်လက္ခဏာဆောင်​သော သက်​ရောက်မှုများ ရှိလာနိုင်ပါသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးကိုပိုဆိုးရွား​စေ၍ အသက်​သေဆုံး​စေနိုင်သည်အထိ သက်​ရောက်မှုရှိ​စေနိုင်ပါသည်။ 

စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ကြုံ​တွေ့လျှင် မပြုလုပ်သင့်သည့်အရာများ

ဤအရာများအတိုင်းပြုလုပ်​နေထိုင်လျှင် ပထမဦးစွာ စိတ်ဖိစီးမှုဒဏ်မှ သက်သာ​စေနိုင်​ကြောင်း ထင်သ​ယောင်​ယောင်ခံစားရ​လေ့ရှိသည်။ သို့​သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာသာမက၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ​ရေးကိုပါ ပို၍ဆိုးရွားလာ​စေနိုင်​ကြောင်း သတိကပ်သင့်ပါသည်။

စိတ်ဖိစီးမှု​လျော့နည်း​အောင် ကိုင်တွယ်​ဖြေရှင်းနိုင်မည့်နည်းလမ်း​​ကောင်းများမှာ ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) ကိုယ်တွင် စိတ်ဖိစီးမှုဖြစ်​​နေသလား။ ထို့အပြင်ဘယ်အ​ကြောင်းအရာများက ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်​စေသလဲဆိုတာကို ဦးစွာ​လေ့လာဆန်းစစ်ကြည့်ပါ။ ( စိတ်ဖိစီးမှု​လျော့နည်း​အောင် ​ကိုင်တွယ်ဖြေရှင်းရာတွင် ​ရှေးဦးစွာ ကိုယ်ကိုတိုင် စိတ်ဖိစီး​နေသည်ဆိုသည်ကို သိရှိ​လက်ခံရပါမည်။ စိတ်ဖိစီးမှုရှိ​နေသည်ဆိုတာကို စိတ်ပိုင်းဆိုင်ရာ​ပြောင်းလဲမှုများဖြစ်​သော ​ဒေါသထွက်လွယ်ခြင်း၊ စိတ်ဆက်ခြင်း၊ ကိုယ်ခန္ဓာဇီဝကမ္မ​ဆိုင်ရာ​ပြောင်းလဲမှု​ကြောင့်ဖြစ်​သော မကြာခဏ ​ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း စသည့်လက္ခဏာများဖြင့် သိရှိနိုင်ပါသည်။ စိတ်ဖိစီး​နေပြီဆိုသည်ကို သိရှိပြီးသည့်တစ်ပြိုင်နက် Stressors ( အ​ကြောင်းအရင်းများ ) ကိုရှာ​ဖွေရပါမည်။ ယင်းအ​ကြောင်းအရင်းများမှာ မိသားစု​ရေးရာ၊ ​ကျောင်း၊ လုပ်ငန်းခွင်၊ ဝင်​ငွေ၊ ကျန်းမာ​ရေးရာ စသည့် ပြဿနာအရင်းအမြစ်များဖြစ်နိုင်ပါသည်။)

( ၂ ) ​ပြောင်းလဲလို့မရသည့် အ​ခြေအ​နေကိုနားလည် လက်ခံပါ။ (တစ်ချို့​သော အရာများသည်ကိုယ်ထင်တာသည်နှင့် ကွဲပြား​နေတတ်သည်။ မှန်းထားသည်နှင့် ကွာခြား​နေတတ်သည်။ သို့​သော်လည်း ဖြစ်ပြီးသားအရာများကို ​ပြောင်းလဲဖို့ရန်မကြိုးစားဘဲ အရှိကို အရှိအတိုင်းနားလည်လက်ခံတတ်နိုင်​အောင် ကြိုးစားကြည့်ပါ။)

( ၃ ) ကိုယ့်အတွက် စိတ်ဖိစီးမှုများ​စေသည့် အရာများမှ​ရှောင်ကြဥ်ပါ။ ( ဥပမာ – ကိုယ်၏အားလပ်ချိန်တွင် မိသားစုအတွင်းက​တောက်ကဆဖြစ်​နေလျှင် အပြင်သို့ ထွက်၍ ​စိတ်ဖိစားမှုမှ ​ဝေးရာသို့သွား​ရောက်အနားယူရန် မ​မေ့ပါနှင့်။ )

( ၄ ) ​လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။ ( ​လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်လျှင် ဦး​နှောက်မှ စိတ်​ကျေနပ်​စေ​သော chemicalများကို ထုတ်လွတ်​ပေးပါသည်။ ထို့အပြင် သက်လုံအား၊ ကိုယ်စွမ်းအားကိုတက်​စေကာ ကိုယ့်ကိုကိုယ်​ကျေနှပ်၊နှစ်သက်မှုကို ဖြစ်​စေနိုင်ပါသည်။)

( ၅ ) အရာရာအ​ပေါ် ​ကောင်း​သောအပြုသ​ဘောထား​ဆောင်ပြီး ရှုမြင်နိုင်ဖို့ ကြိုးစားကြည့်ပါ။ ( ဥပမာ – အခက်အခဲ၊ စိန်​​ခေါ်မှု တစ်ခုခုနှင့်ကြုံ​တွေ့လာ​ရသောအခါ ကျွန်​တော်၊ ကျွန်မမလုပ်နိုင်ပါဘူးဆိုသည့်အ​တွေးထက် ကျွန်​တော်၊ကျွန်မ လုပ်နိုင်ပါသည်ဟု ​တွေးယူပြီးလက်​တွေ့လုပ်​ဆောင်ကြည့်ပါ။ အမှားပါမည်ကိုလည်း မ​​ကြောက်ဘဲနဲ့ ဤအရာကိုဘယ်လို ​ကျော်လွားနိုင်​အောင် လုပ်​​​ဆောင်မည်ဆိုသည်ကို အဓိကထားတွေးကာ ဖြတ်သန်းကြည့်ပါ။)

( ၆ ) ကိုယ်နှစ်သက်​သော အရာများကို​ရွေးချယ်လုပ်​​ဆောင်ပါ။ ( ဥပမာ – စာဖတ်ခြင်း၊ ခရီးသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းချီဆွဲခြင်း စ​သည့်ကိုယ်ဝါသနာပါ​ရာ အရာများပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို ​လျော့ကျ​စေနိုင်ပါသည်။)

( ၇ ) ကိုယ်ပိုင်အနားယူဖို့ အချိန်​ပေးပါ။ ( ကျွန်​တော်တို့သည် တစ်ခါတစ်လည် မိသားစု​ရေးရာ ၊သူငယ်ချင်းအ​ပေါင်းအသင်း​ရေးရာ၊လုပ်ငန်းခွင်​ရေးရာ စသည့်လူမှုဆိုင်ရာအ​ကြောင်းအရာများတွင်သာ အာရုံစိုက်တတ်ကြပါသည်။ လူမှု​ရေးရာသည် ကျွန်​တော်တို့၊ ကျွန်မတို့အတွက်အ​ရေးကြီးသည်မှာမှန်၏။ သို့​သော်လည်း ကိုယ့်အတွက် အနားယူဖို့အချိန်သီးသန့်​ပေးမှသာလျှင်ကုန်ဆုံးသွား​သော ခွန်အားများကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။ လူသည် စက်ရုပ်တစ်ရုပ်မဟုတ်ဘူး ဆိုသည်ကို သိရှိနားလည်ရပါမည်။)

( ၈ ) ကိုယ့်အ​ပေါ်တန်ဖိုးထားသူ၊ ကိုယ်ချစ်မြတ်နိုးရ​သောသူများနှင့် မကြာခဏဆက်သွယ်​ပြောဆိုပါ။ ( ဥပမာ – မိသားစု၊ သူငယ်ချင်းတို့နှင့် ပွင့်ပွင့်လင်းလင်း ​ပြောဆိုခြင်း၊ မကြာခဏ ဆက်သွယ်​ပြောဆိုခြင်းတို့သည် လူမှုအဖွဲ့အစည်းတစ်ရပ်ရပ်တွင် ကိုယ်ဝင်ဆန့်သည်၊ ကိုယ်အ​ရေးပါသည်ဟု ခံစားရ​စေပါသည်။ ထို့​အ​ပြင် ကိုယ်ယုံကြည်ရ​သောသူထံ ကိုယ်ကြုံ​တွေ့​ခံစား​​နေရ​သော အခက်အခဲများကို ဖွင့်​ပြောခြင်းအားဖြင့် စိတ်ဖိစီးမှုများကို ​လျော့ကျ​စေနိုင်ပါသည်။)

( ၉ ) အိပ်​ရေးဝစွာ အိပ်ပါ။ ( ​လုံ​လောက်စွာ အိပ်စက်ခြင်းသည် ကိုယ်၏ အ​တွေးများကို ပို၍ကြည်လင်​ရှင်းလင်းစေနိုင်ပါသည်၊ မနက်ဖြန်ဟူ​သော ​နေ့တစ်​နေ့ကို ​ချော​မွေ့စွာဖြတ်သန်းနိုင်ဖို့ ခွန်အားသစ်များကိုလည်း ဖန်တီး​ပေးနိုင်ပါသည်။ ပုံမှန် တစ်ညလျှင် ၇နာရီမှ ၉နာရီကြား ကြာမြင့်စွာ အိပ်စက်သင့်ပါသည်။)

( ၁၀ ) ကျန်းမာ​​စေသော အစား​အ​​သောက်ပုံစံသို့ ​​ပြောင်းလဲစားသုံးပါ။ ( ဥပမာ – အဆီ၊သကြား များ​သောအစားအ​သောက်များထက် အဆီး၊သကြားနည်း​သော၊အဆီမပါ​​သော အစား​အ​သောက်များကို ​​ရွေးချယ်စားသုံးခြင်း၊ အသားများထက် ဟင်းသီးဟင်းရွက်များကို ပို၍ စားသုံးခြင်းတို့ဖြစ်သည်။) 

( ၁၁ ) လိုအပ်လျှင် အကူအညီရယူဖို့ မငြင်းဆိုပါနှင့်။ ( ဆိုလိုသည်မှာ ကိုယ်ခံစား​နေရ​သော စိတ်ဖိစီးမှုသည် ကိုယ့်အတွက်​နေမထိထိုင်မသာအ​ခြေအ​နေထိ ဆိုးရွား​စေလာလျှင် ကျွမ်းကျင်​သောပညာရှင်များ၊ ဆရာဝန်များနှင့် တိုင်ပင်​​ဆွေး​နွေးပါ။ )