Lesson Planning

Lesson Plan ဆိုတာက သင်ခန်းစာရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ကျောင်းသားတွေကို ထိရောက်တဲ့ လုပ်ဆောင်ချက်တွေပေးနိုင်ဖို့ ဆရာတိုင်းလုပ်ဆောင်သင့်တဲ့ လမ်းပြမြေပုံ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ ၄၅ မိနစ် ဒါမှမဟုတ် တစ်နာရီခွဲစာ အတန်းတစ်ခုအတွက် Lesson Plan ရှိထားခြင်းက စာသင်ကြားတဲ့အခါ အစီအစဉ်တကျဖြစ်ပြီး ယုံကြည်မှုပိုရှိလာတာကြောင့် ကျောင်းသားတွေအတွက် အဓိပ္ပါယ်ရှိတဲ့ သင်ကြား သင်ယူမှုအတွေ့အကြုံကို ရရှိစေပါတယ်။ 

ထိရောက်အောင်မြင်တဲ့ Lesson Plan တစ်ခုရဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိပါတယ်။ အဲ့တာတွေကတော့ – 

🔺 သင်ယူမှု ရည်ရွယ်ချက်

🔺 သင်ယူမှု လုပ်ငန်းစဉ်

🔺 ကျောင်းသားတွေရဲ့ နားလည်တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ခြင်း စတဲ့အရာတွေ ဖြစ်ပါတယ်။ 

၁. သင်ခန်းစာရဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားသတ်မှတ်ပါ။ 

Lesson Plan ကို မရေးခင် သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို အဓိက သိထားသင့်ဖို့ လိုပါတယ်။ သင်ကြားရေး ရည်မှန်းချက်ဆိုတာ သင်ယူသူတွေအတွက် သိရှိသွားမယ့်အရာတွေနဲ့ သင်ခန်းစာအဆုံးမှာ ရရှိရမယ့် အကြောင်းအရာတွေပဲဖြစ်ပါတယ်။ သင်ကြားမယ့် အစီအစဉ်တွေရဲ့ အကျိုးရလဒ်ကို ရှင်းရှင်းလင်းလင်း ရေးဆွဲထားဖို့ လိုအပ်သလို ကျောင်းသားတွေ နားလည်နိုင်တဲ့ အများသုံး ဘာသာစကားနဲ့ ရေးသားဖော်ပြဖို့ လိုပါတယ်။ ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ ရှင်းလင်းတိကျတဲ့ သင်ခန်းစာရည်ရွယ်ချက်များ ပါဝင်ပါတယ်။ 

ဝိသေသ လက္ခဏာများအကြောင်းအရာ
လုပ်ငန်းတာဝန်တွေကို ရှင်းလင်းစွာ ဖော်ပြခြင်းဗန်းစကားတွေနဲ့ ရှုပ်ထွေးတဲ့ စကားလုံး အသုံးအနှုန်းများ အသုံးပြုခြင်းကို ရှောင်ရှားဖို့ လိုပါတယ်။ တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေကို ဖော်ပြပေးပါ။ ဥပမာ၊ ခိုင်မာတဲ့ရည်ရွယ်ချက်၊ ခွဲခြမ်း စိတ်ဖြာချက်များနဲ့ အကဲဖြတ် စစ်ဆေးချက်များ။ 
သင်ကြားရေးပန်းတိုင်များကို ရေးဆွဲခြင်းကျောင်းသားတွေရဲ့ သင်ယူမှုမှာ  မရှိမဖြစ်လိုအပ်တဲ့ သင်ယူမှု ပန်းတိုင်များကို ချမှတ်ဖို့ လိုအပ်ပါတယ်။ 
ဖြစ်နိုင်ခြေရှိတဲ့ အရာများကို ဖန်တီးရယူခြင်းသတ်မှတ်ထားတဲ့ သင်ကြား သင်ယူမှု ကာလအတွင်း လုံလောက်တဲ့ အရင်းအမြစ်တွေ ရရှိဖို့ လုပ်ဆောင်ပါ။ 
တိုင်းတာခြင်းသင်ယူမှု စွမ်းရည်တွေကို အကဲဖြတ်နိုင်ပြီး အရည် အသွေးနဲ့ အောင်မြင်မှုကို မြင်သာထင်သာဖြစ်အောင် တိုင်းတာပါ။ 
တရားမျှတခြင်း နဲ့ တန်းတူညီမျှခြင်းမသန်စွမ်းသူများအပါအဝင် ကျောင်းသားအားလုံး အောင်မြင်ဖို့အတွက် မျှတတဲ့ အခွင့်အရေးများကို ဖန်တီးပါ။ 
သင်ခန်းစာတစ်ခုရဲ့ ရည်မှန်းချက်နဲ့ သင်ခန်းစာများကို ချိတ်ဆက်ခြင်းတိကျသေချာတဲ့ ရည်မှန်းချက်များရှိတဲ့ သင်တန်း အစီအစဉ်နဲ့ ခိုင်မာတဲ့ ပန်းတိုင်တွေ ရှိအောင် ရေးသားပါ။

၁.၁ .  Bloom’s Taxonomy and Three Learning Domains 

Benjamin Bloom နဲ့ သူ့ရဲ့  လုပ်ဖော်ကိုင်ဖက်တွေဟာ သင်ယူမှုလုပ်ငန်းစဉ်ကို ပိုမိုစနစ်ကျစေဖို့ အတွက် သိမှုနယ်ပယ် (Cognitive Domain) ကို အဓိကထားပြီး Bloom’s Taxonomy ကို စတင်မိတ်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာ သင်ယူမှုလုပ်ငန်းစဉ်တစ်ခုလုံး ပြည့်စုံလာဖို့အတွက် နယ်ပယ်ကြီး (၃) ခု (Three Domains of Learning) အဖြစ် တိုးချဲ့သတ်မှတ်ခဲ့ပါတယ်။

ကျောင်းသားတစ်ဦး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်  ထိရောက်တဲ့ သင်ယူမှုပန်းတိုင် (Learning Outcomes) နဲ့ Lesson Plan တွေ ချမှတ်နိုင်ဖို့ နယ်ပယ် (၃) ခုလုံးကို ထည့်သွင်းစဉ်းစားရပါမယ်။

Bloom’s Taxonomy ရဲ့ သင်ယူမှုနယ်ပယ်ကြီး (၃) ခု (Three Domains)

သင်ယူမှုနယ်ပယ် (၃) ခုကို အလွယ်မှတ်မိစေရန် “Head, Heart, and Hands” (ဦးခေါင်း၊ နှလုံးသား နဲ့ လက်လှုပ်ရှားမှု) လို့လည်း တင်စားခေါ်ဆိုကြပါတယ်။

✅သိမှုနယ်ပယ် (Cognitive Domain – “Head”)

ဒီနယ်ပယ်ကတော့ အသိဉာဏ်၊ ဗဟုသုတ၊ စဉ်းစားတွေးခေါ်မှုနဲ့ အိုင်ဒီယာတွေကို အသုံးချနိုင်စွမ်း စတဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေ ကို အဓိကထားပါတယ်။ ဆရာ/မအများစု Lesson Plan ရေးဆွဲရာမှာ အသုံးပြုလေ့ရှိတဲ့ အဆင့် (၆) ဆင့် (Remember, Understand, Apply, Analyze, Evaluate, Create) က ဒီနယ်ပယ်မှာ ပါဝင်ပါတယ်။

၁။ မှတ်သားခြင်း (Knowledge)

ရေရှည်မှတ်ဉာဏ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိခြင်းနှင့် သိမ်းဆည်းခြင်းအဆင့်။

၂။ နားလည်ခြင်း  (Comprehension) 

သင်ခန်းစာကို ပြန်လည် သုံးသပ်ခြင်း၊ အမျိုးအစားခွဲခြင်း၊ အကျဉ်းချုပ်ဖော်ပြခြင်း၊ ကောက်ချက်ချခြင်း စတဲ့အရာတွေနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာ ဗဟုသုတများကို ရေရှည် မှတ်သားနိုင်သောအဆင့်။

၃။ အသုံးပြုခြင်း (Application)

အကောင်အထည်ဖော်ခြင်း၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်အသုံးချခြင်းအဆင့်။

၄။ ပိုင်းခြား စိတ်ဖြာခြင်း (Analysis)

အစိတ်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ကွဲပြားနေတဲ့ အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု ဘာကြောင့် ဆက်စပ်နေလဲဆိုတာ သုံးသပ်ခြင်း၊ ဖွဲ့စည်းပုံနဲ့ ရည်ရွယ်ချက်များအပေါ် သုံးသပ်ခြင်းအဆင့်။

၅။ အကဲဖြတ်ခြင်း (Evaluation)

စံချိန်၊ စံနှုန်းတွေအပေါ် အခြေခံပြီး စစ်ဆေးအကဲဖြတ် ဝေဖန်မှုများ ပြုလုပ်ခြင်းအဆင့်။

၆။ ဖန်တီးခြင်း (Create)

အစိတ်အပိုင်းတွေကို ဖွဲ့စည်းတည်ဆောက်ခြင်း၊ ဖန်တီးခြင်း၊ စီစဉ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပုံစံအသစ်များ ပြန်လည် တည်ဆောက်ခြင်းအဆင့်တို့ ဖြစ်ပါတယ်။ 

အဆင့်တစ်ခုစီက သင်ယူမှုအားကောင်းလာအောင် ထောက်ပံ့ပေးနိုင်တဲ့အတွက် သင်ကြားရေးရဲ့ အခြေခံအုတ်မြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် သင်ခန်းစာ အစီအစဉ်ရေးသားတဲ့အခါ Bloom’s ရဲ့ Taxonomy ကို ထည့်သွင်းရေးသားနိုင်မယ်ဆိုရင် ကျောင်းသားတွေရဲ့ လေ့လာသင်ယူမှုကို အပြည့်အဝအထောင်အကူပြုစေမှာ ဖြစ်ပါတယ်။

✅ ခံစားမှုနှင့် စိတ်နေသဘောထားနယ်ပယ် (Affective Domain – “Heart”)

ဒီနယ်ပယ်ကတော့ စိတ်ခံစားမှု၊ စိတ်နေသဘောထား၊ တန်ဖိုးထားမှု၊ စိတ်အားထက်သန်မှုနဲ့ လှုံ့ဆော်မှု စတဲ့ နှလုံးသား၊ ခံစားချက်နဲ့ဆိုင်တဲ့ အပိုင်း ကို အဓိကထားပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတစ်ခုအပေါ် ဘယ်လိုခံယူ တန်ဖိုးထားလာသလဲ ဆိုတာကို တိုင်းတာပါတယ်။ 

နားထောင်/လက်ခံခြင်း (Receiving) တုံ့ပြန်ခြင်း (Responding) တန်ဖိုးထားခြင်း (Valuing) စနစ်တကျ ဖွဲ့စည်းခြင်း (Organizing) စရိုက်လက္ခဏာဖြစ်သွားခြင်း (Characterizing) စတဲ့အဆင့်တွေပါဝင်ပါတယ်။

  • ဥပမာ – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သင်ယူပြီးနောက် ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်လာပြီး အမှိုက်မပစ်ဘဲ နေထိုင်လာခြင်း။

✅ ကာယနှင့် ကျွမ်းကျင်မှုနယ်ပယ် (Psychomotor Domain – “Hands”)

ဒီနယ်ပယ်ကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု၊ လက်တွေ့ကျွမ်းကျင်မှု၊ မျက်စိနဲ့ လက် အပေးအယူမျှမျှတတ လုပ်ဆောင်နိုင်စွမ်း စတဲ့ ကိုယ်ကာယ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ကို အဓိကထားပါတယ်။

အတုမြင်အတတ်သင်ခြင်း (Imitation)၊ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခြင်း (Manipulation) ၊ တိကျစွာ လုပ်ဆောင်နိုင်ခြင်း (Precision)၊ ကျွမ်းကျင်စွာ ပေါင်းစပ်လုပ်ဆောင်ခြင်း (Articulation)၊ သဘာဝအတိုင်း ကျွမ်းကျင်သွားခြင်း (Naturalization) စတဲ့အဆင့်တွေပါဝင်ပါတယ်။

  • ဥပမာ – ကွန်ပျူတာရိုက်ခြင်း၊ သိပ္ပံလက်တွေ့ခန်းတွင် ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် တူရိယာတီးခတ်ခြင်း။

နယ်ပယ် (၃) ခုကို နှိုင်းယှဉ်ဖော်ပြချက်

နယ်ပယ် (Domain)အဓိကအာရုံစိုက်မှုတင်စားချက်Lesson Plan တွင် အသုံးချပုံ
Cognitiveအသိဉာဏ်၊ ဗဟုသုတ၊ တွေးခေါ်မှုHead (ဦးခေါင်း)အယူအဆများနှင့် အချက်အလက်များကို နားလည်၊ ဆန်းစစ်စေရန် စာမေးပွဲများနှင့် တိုင်းတာခြင်း။
Affectiveစိတ်နေသဘောထား၊ တန်ဖိုးထားမှုHeart (နှလုံးသား)ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ စာနာစိတ်နှင့် စည်းကမ်းလိုက်နာမှုကို အကဲဖြတ်ခြင်း။
Psychomotorလက်တွေ့လုပ်ဆောင်မှု၊ ကာယကျွမ်းကျင်မှုHands (လက်)လက်တွေ့စမ်းသပ်ချက်များ၊ စီမံကိန်း (Project) များနှင့် ကာယပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို စစ်ဆေးခြင်း။

ထိရောက်ပြီး ပြည့်စုံတဲ့ Lesson Plan တစ်ခုဖြစ်ဖို့ဆိုရင် ကျောင်းသားတွေကို စာအုပ်ထဲက ဗဟုသုတ (Cognitive) တင်မကဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Affective) နဲ့ လက်တွေ့လုပ်ဆောင်နိုင်စွမ်း (Psychomotor) ပါ တိုးတက်လာအောင် ဒီနယ်ပယ် (၃) ခုလုံးကို မျှတစွာ ပေါင်းစပ်ထည့်သွင်း ရေးဆွဲသင့်ပါတယ်။

၁.၂ Bloom’s Taxonomy ( Cognitive Domain ) ကိုသုံးပြီး သင်ခန်းစာ ရည်ရွယ်ချက် ချမှတ်ခြင်း

Bloom’s Taxonomy ကိုသုံးပြီး ရည်ရွယ်ချက်တွေချမှတ်တဲ့အခါ အဆင့်တစ်ခုချင်းစီအလိုက် အောက်ဖော်ပြပါ action verbs တွေကို အသုံးပြုလို့ရပါတယ်။ ဥပမာ – ဆရာက ကြက်တူရွေးနဲ့ ဇီးကွက်တို့ရဲ့ တူညီမှု၊ မတူညီမှုတွေကို နှိုင်းယှဥ်တတ်ရန်လို့ ချမှတ်လိုက်ရင် understand level ထဲက comparing and contrasting ဖြစ်တဲ့ နှိုင်းယှဥ်ဆိုတဲ့ action verb ကို ချမှတ်ပြီး ကျောင်းသားတွေအမှန်တကယ် နှိုင်းယှဥ်တတ်ဖို့ သင်ကြားမှုအစီအစဉ်တွေကို ရေးဆွဲရမှာဖြစ်ပါတယ်၊ 

၂. သတ်မှတ်ထားတဲ့ သင်ခန်းစာပေါ် မူတည်ပြီး သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များကို စီစဉ်ပါ။ 

သင်ခန်းစာနဲ့ဆိုင်တဲ့ သင်ကြားရေးတွေ လုပ်တဲ့အခါ ကျောင်သားတွေအတွက် ထိရောက်တဲ့ လက်တွေ့ စမ်းသပ်မှု ပုံစံတွေနဲ့ သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလို သင်ကြားရခြင်းက သင်ယူမှုတစ်ခုအတွက် ကျွမ်းကျင်ခြင်း နဲ့ သိနားလည်ခြင်းတို့ တိုးတက်လာစေတာကြောင့် လက်တွေ့ လှုပ်ရှားမှုတွေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ သင်ယူမှုနဲ့ ဆိုင်တဲ့ လက်တွေ့ လှုပ်ရှားမှုတွေက သင်ခန်းစာများရဲ့ အဓိက ရည်ရွယ်ချက်နဲ့ ချိတ်ဆက်နေပါတယ်။ 

သင်ယူမှုအတွက် လက်တွေ့သင်ကြားရမယ့် သင်ခန်းစာတွေအပေါ် အချိန်ဘယ်လောက် အသုံးပြုမယ်ဆိုတာ ခန့်မှန်းပါ။ သင်ခန်းစာတွေအပေါ် သေချာ သင်ကြားနိုင်မယ့် လုံလောက်တဲ့အချိန် ဒါမှမဟုတ် ဆွေးနွေးတာတွေကို အပြည့်အဝလုပ်နိုင်မယ့် အချိန်တစ်ခု ရှိနေဖို့ လိုပါတယ်။ ဆရာ/မများ သင်ကြားရေးနည်းလမ်းတွေကို ရေးဆွဲတဲ့အခါ စဉ်းစားရမယ့် မေးခွန်းများကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

  •  ခေါင်းစဉ်ကို ရှင်းပြနိုင်ဖို့အတွက် ဘာလုပ်ရမလဲ။
  • ခေါင်းစဉ်ကို မတူညီတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရှင်းပြနိုင်ဖို့ ဘာလုပ်ဖို့ လိုအပ်သလဲ။
  • သင်ခန်းစာအပေါ် ကျောင်းသားအားလုံး ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲ။
  • သင်ခန်းစာကို အထောက်အကူပြုတဲ့ လက်တွေ့ဘဝ ဥပမာတွေ နဲ့ အခြေအနေတွေက ဘာတွေလဲ။
  • ကျောင်းသားတွေ သင်ခန်းစာကို ပိုနားလည်အောင် ဘာတွေ ကူညီပေးနိုင်လဲ။

ကျောင်းသားတွေနဲ့အတူတူ ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုများနဲ့ ဥပမာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ Lesson Plan ရေးဆွဲရာမှာ မိမိသင်ကြားမယ့် သင်ခန်းစာ၊ သင်ကြားမှုရလဒ် ရည်ရွယ်ချက်ပေါ်မူတည်ပြီး ရွေးချယ်အသုံးချလို့ရပါတယ်။

လက်တွေ့ လှုပ်ရှားမှု အမျိုးအစား များသင်ယူမှု လုပ်ငန်းစဉ်များအကြောင်းအရာ
သင်ခန်းစာ အကြောင်းအရာနဲ့ ပတ်သက်ပြီး လက်တွေ့ ချိတ်ဆက်ခြင်း
သင်ခန်းစာလေ့ကျင့်ရေး လုပ်ငန်းစဉ်


သင်ခန်းစာ



မေးခွန်းများ




သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ကျောင်းသား တွေက Presentation လုပ်ပြီး တင်ပြခြင်း။
ကျောင်းသားများကို သင်ခန်းစာရဲ့ အကြောင်းအရာနဲ့ဆိုင်တဲ့ ပြဿနာများအပေါ်  မေးခွန်းတွေမေးပြီး ဆွေးနွေးပါ။ 
ကျောင်းသားတွေအတွက် သင်ခန်းစာများကို ပြသပြီး စကားလုံးများနဲ့ ပြောဆို ရှင်းပြပါ။ (eg. presentation slides)
ကျောင်းသားများရဲ့ နားလည်မှု အဆင့်ကို အကဲဖြတ်နိုင်ဖို့အတွက် မေးခွန်းများနဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။ (eg. multiple choice, short questions, essay)
သင်ခန်းစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများအပေါ် သုံးသပ်စေပြီး ဆွေးနွေးတင်ပြ ပါစေ။
ဒီဂျစ်တယ်နဲ့အတူ အပြန်အလှန် ချိတ်ဆက်ခြင်းဂိမ်း




သရုပ်ဖော် လှုပ်ရှားခြင်း
ကစားနည်းရဲ့ သတ်မှတ်ထားတဲ့ စည်းဘောင်များအတွင်းကနေ ပူးပေါင်းဆောင်ရွက်ခြင်းကို အသုံးချပြီးအနိုင်ရရှိအောင် ကစားပါစေ။ 
သင်ခန်းစာနဲ့ ဆက်စပ်တဲ့ အကြောင်းအရာများ၊ လက်တွေ့နဲ့ ချိတ်ဆက်တဲ့အကြောင်း အရာများ ပေးပါ။
အခြားသူများနဲ့ ချိတ်ဆက်ခြင်း။ 

ဆရာနဲ့ ကျောင်းသား အပြန်အလှန် သင်ကြား သင်ယူနိုင်မယ့် ဆက်ဆံ ရေးတစ်ခု တည်ဆောက်ခြင်း။
စကားရည်လုခြင်း



ဆွေးနွေးခြင်း
အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး အမြင်နှစ်ခု ဒါမှမဟုတ် ကွဲပြားတဲ့ အရာတွေ အပေါ် ဆွေးနွေးများ လုပ်ဆောင်ပါ။အကြောင်းအရာတွေကို မျှ‌ဝေခြင်း၊ ကျောင်းသားများနဲ့ ဆွေးနွေးမှု များ ပြုလုပ်ခြင်း၊ လေ့လာသိရှိပြီးသား ခေါင်းစဥ်များနဲ့ မေးခွန်းများအပေါ် ပြောဆိုချိတ်ဆက်ပါ။
ပြဿနာများကို ဖြေရှင်းခြင်းနဲ့ ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း
ကျောင်းသားများကို ပြဿနာများ၊ ဖြစ်ရပ်များ၊ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်လာအောင် လေ့ကျင့်ပေးခြင်း၊။ အသိပညာနဲ့ အချက်အလက်များကို နည်းစနစ် တကျ မတူကွဲပြားတဲ့ နည်းလမ်း များကို တွေးခေါ်တတ်လာအောင် အခွင့်အအရေးများပေးခြင်း။
Case Study



Concept Mapping




Real-world project
သင်ခန်းစာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများအပေါ် ခွဲခြမ်း စိတ်ဖြာမှုများ ပြုလုပ်ပြီး ပြဿနာကိုဖြေရှင်းပါ။
တူညီစွာ ချိတ်ဆက်ထားတဲ့ သဘောတရားများ နဲ့ အချက်အလက်များကို စာရွက်များနဲ့ ပုံဖော်ခြင်းများ ဆောင်ရွက်ပါ။

ပြင်ပ ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတာဝန်များကို တစ်ဦးချင်း ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် စီစဥ်ပါ။ 
ပြန်လည် သုံးသပ်ခြင်း
ပြန်လည်သုံးသက်ခြင်း လုပ်ငန်းစဥ်က လေ့လာသူနဲ့ သင်ကြားသူကြား အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံများကို ချိတ်ဆက်ဆွေးနွေးခြင်း။ အဲ့ဒီနောက် ကျောင်းသားများကို ဖြစ်ပေါ်လာတဲ့ အကြောင်းအရာ အရင်းအမြစ်က ဘာကြောင့် ဖြစ်တယ်၊ ဒီကိစ္စတွေက ဘယ်လိုဖြစ်လာတယ် စတဲ့အရာများနဲ့ ဆက်စပ်ပြီး သဘော သဘာဝများကို တွက်ချက်ကြည့်ခြင်း။ 
Reflection Journalပေးထားတဲ့ အကြောင်းအရာ တစ်ခု အပေါ် ဆွေးနွေးသုံးသပ်ချက်များကို ကျောင်းသားတွေနဲ့အတူ မှတ်တမ်း တင်ထားနိုင်ပါတယ်။ 

သင်ခန်းစာ တစ်ခုချင်းစီရဲ့ လှုပ်ရှားမှုတိုင်းက ဘာကြောင့် အရေးကြီးသလဲဆိုရင် –

၁။ သင်ခန်းစာရဲ့ သင်ယူမှု ရည်ရွယ်ချက်များနဲ့အတူ လိုက်လျောညီထွေ ရှိစေရန်

၂။အပြုသဘောဆောင်ပြီး စစ်မှန်တဲ့ တက်ကြွမှုနဲ့ ပူပေါင်းဆောင်ရွက်မှု ကောင်းလာစေရန်။

၃။ ကျောင်းသားတွေအနေနဲ့ သင်ယူနိုင်တဲ့ နေရာမျိုးစုံမှာ လေ့လာသင်ယူနိုင်ရန် စသည်တို့ ဖြစ်ပါတယ်။

၃. ကျောင်းသားများရဲ့ နားလည်တတ်မြောက်မှုကို အကဲဖြတ် စစ်ဆေး ပါ။ 

အကဲဖြတ်စစ်ဆေးချက်တွေက ကျောင်းသားတွေရဲ့ တတ်ကျွမ်းမှု နဲ့ လေ့ကျင့်မှုများကို လက်တွေ့ပြနိုင်ဖို့ ဖြစ်ပါတယ်။ Lesson Plan က သင်ခန်းစာရဲ့ ရည်မှန်းချက်အတိုင်း လေ့ကျင့်သင်ကြားမှုရှိလာအောင် ကူညီပေးပါတယ်။ အကဲဖြတ်စစ်ဆေးခြင်းက ကျောင်းသားများ သင်ခန်းစာအပေါ် သိရှိနားလည်ခြင်း ရှိမရှိကို ကောင်းစွာ သိရှိနိုင်ပါတယ်။ အကဲဖြတ်စစ်ဆေးချက်များအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ အောက်ဖော်ပြပါအချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ 

  • အကဲဖြတ်ခြင်း လုပ်ငန်းစဉ်နဲ့အတူ ကျောင်းသားများရဲ့ အခန်းကဏ္ဍ
    • မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်း
    • အတန်းဖော်များနဲ့အတူ စစ်ဆေးအကဲဖြတ်ခြင်း
    • တစ်ဦးချင်းစစ်ဆေးအကဲဖြတ်ခြင်း
  • အကြံပြုချက်များပေးခြင်း
    • ကျောင်းသားများရဲ့ လေ့လာသင်ယူမှုတွေ အားကောင်းလာနိုင်အောင် အကြံပြုချက်များပေးခြင်း နဲ့ ဆရာများကို သင်ကြားရေး စနစ်များကောင်းလာအောင် ကျောင်းသားများမှ အကြံပြုချက်များပေးခြင်း

သင်ခန်းစာတွေအပေါ် ပြန်လည် သုံးသပ်ခြင်းအစီအစဉ်ကို ထည့်ပါ။

စာသင်ချိန်တခုပြီးတိုင်း သင်ခန်းစာရဲ့ အဓိကအချက်များ၊ လိုအပ်ချက်များ၊ ဘယ်အရာတွေက လက်တွေ့လုပ်ဆောင်နိုင်သလဲဆိုတာကို မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကနေ အချိန်ယူပြီး ပြန်လည် သုံးသပ်ကြည့်ပါ။ စာသင်ချိန်တစ်ခုအပြီးမှာ အဓိက သင်ယူဖို့ လိုအပ်တဲ့ အချက်အလက်တွေကို နားလည်မှုရှိ၊ မရှိစစ်ဆေးပါ။ အကယ်၍ နားမလည်ခဲ့ရင် ပြန်လည်သင်ကြားပါ။ တိကျတဲ့ Lesson Plan တစ်ခု ပြန်လည်ရေးဆွဲပါ။ 

လက်တွေ့ကျတဲ့ အချိန်ဇယားများကို ဖန်တီးပါ။

သင်ကြားမယ့် သင်ခန်းစာတွေအပေါ် ရည်ရွယ်ချက် (၁၀) ခုရှိခြင်းက လက်တွေ့မကျပါဘူး။ ဒါကြောင့် ဆရာများအနေနဲ့ သင်ခန်းစာ ရည်ရွယ်ချက်တွေရေးသားတဲ့အခါ ကျောင်းသားတွေရဲ့ သင်ယူစိတ်ကို အခြေခံပြီး သဘောတရားများ၊ ကျွမ်းကျင်မှု နှစ်ခု/သုံးခုကို စနစ်တကျ သတ်မှတ်ရေးသားပါ။ ချမှတ်ထားတဲ့ လုပ်ငန်းတွေအပေါ်မူတည်ပြီး အချိန်ဇယားတွေကို ဖန်တီးရပါမယ်။ 

  • သင်ကြားမှုတစ်ခုအတွက် အချိန်ဘယ်လောက် အသုံးပြုမယ်ဆိုတာကို ဆုံးဖြတ်ပါ။
  • သင်ခန်းစာနဲ့ ပတ်သတ်ပြီး မေးခွန်းများကိုဖြေကြားဖို့နဲ့ ရှင်းလင်းဖို့အတွက် အတန်းပြီးဆုံးချိန်မတင်ခင် အနည်းငယ် အချိန်ပေးပါ။
  • သတ်မှတ်ထားတဲ့ အချိန်အတွင်း လုပ်ငန်းစဉ်တွေ ဒါမှမဟုတ် ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။
  • ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ သင်ခန်းစာအစီအစဉ်ပေါ်မူတည်ပြီး အချိန်ကို ပြောင်းလွယ်ပြင်လွယ် လုပ်ထားနိုင်ဖို့လည်း လိုပါတယ်။

ဒါဆို နမူနာ Lesson Plan နဲ့အတူ သိထားဖို့ လိုအပ်တဲ့အရာတွေကို အောက်မှာ လေ့လာဖို့ တိုက်တွန်းပါတယ်။

LESSON PLAN                                                                                                             ဘာသာရပ်
OVERVIEW
အခန်း သို့ အကြောင်းအရာခေါင်းစဉ်: သင်ခန်းစာခေါင်းစဉ်: ကြာချိန်: 
သင်ခန်းစာရည်ရွယ်ချက်များ: 
ဤသင်ခန်းစာအဆုံးတွင် ကျောင်းသားများသည် : ——————————————- (Bloom’s Taxonomy ရဲ့ action verbs များသုံး၍ ချမှတ်မည်)——————————————-
သင်ခန်းစာအတွက် အသေးစိတ်လုပ်ငန်းများGroup project သို့ pair-work စသည်ဖြင့် …..လုပ်ငန်းများ၏ရလဒ်: 
အဓိကမေးခွန်းများ
(၁)(၂) 
သင်ကြားသင်ယူမှုတွေ့ရှိချက်များ (Evidence of learning) 

အသေးစိတ် Lesson Plan တစ်ခုကိုအောက်ပါအတိုင်း ရေးသားနိုင်သည်။ 

IN-DEPTH
Learning Plan: Key words (အဓိကအချက်များ)
Learning Plan: Introduction (မိတ်ဆက်)Materials  (သင်ကြားသင်ယူမှု ရင်း မြစ်များ)ကြာချိန်
Learning Plan: Main Body of lesson (သင်ခန်းစာအကြောင်းအရာ)သင်ကြားသင်ယူမှုရင်းမြစ်များကြာချိန်
Learning Plan: Demonstration (သရုပ်ပြခြင်း)သင်ကြားသင်ယူမှုရင်းမြစ်များကြာချိန်
Learning Plan: Summary and Reflection (အနှစ်ချုပ်နှင့် ပြန်လည်သုံးသပ်ခြင်း)သင်ကြားသင်ယူမှုရင်းမြစ်များကြာချိန်
Additional Resources (ထပ်ဆောင်းရင်းမြစ်များ)
စစ်ဆေးအကဲဖြတ်ခြင်း
စစ်ဆေးအကဲဖြတ်ရာတွင်လည်း သင်ကြားသင်ယူရင်းမြစ်များနှင့် ကြာချိန်ကို သင်ခန်းစာအလိုက် စီမံခန့်ခွဲနိုင်သည်။ 

ခုဖော်ပြထားတဲ့ lesson plan က ဥပမာ အနေနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဘာသာရပ်၊ သင်ကြားမှုပုံစံ၊ ကျောင်းသားအခြေအနေ၊ စာသင်ခန်းအခြေအနေတို့အပေါ်မူတည်ပြီး ပြောင်းလဲပြင်ဆင်နိုင်ပါတယ်။ ဆရာတစ်ယောက်နှင့်တစ်ယောက်ရဲ့ lesson plan တွေက တူညီမှာမဟုတ်ပါဘူး။ lesson plan ရဲ့ အခြေခံအချက်များအနေနဲ့ ဖော်ပြထားတဲ့ lesson plan အစိတ်အပိုင်းတွေကို ထည့်သွင်းစဉ်းစားဖို့ အကြုံပြုပါတယ်။