နှစ်ဆင့်ခံ လုံခြုံရေးဆိုတာ ဘာလဲ?

🔐နှစ်ဆင့်ခံ လုံခြုံရေး (2FA) ဆိုတာက သင့်ရဲ့ ဆိုင်ရှယ် မီဒီယာအကောင့်တွေကို (၂) ဆင့်ခံသော့ခတ်ခြင်းအားဖြင့် (လျှို့၀ှက် နံပါတ်နဲ့ ကိုယ်ဖြစ်ကြောင်းပြနိုင်တဲ့ အရာ) အသုံးပြုရတဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။ နှစ်ဆင့်ခံ လုံခြုံရေးဟာ မိမိအမှန်တကယ် ဖြစ်ကြောင်း၊ အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ဥပမာ သော့တစ်ချောင်းတည်းနဲ့ ခြံဝင်းကို ဖြတ်ပြီး အိမ်ရဲ့ အခန်းတွေထဲကို ဝင်ရောက်လို့ မရသလို၊ သင့်ရဲ့ ဆိုရှယ် မီဒီယာအကောင့်ရဲ့ အချက်အလက်တွေကို သိရင်တောင် လျှိုဝှက်နံပါတ်တစ်ခုတည်းကို အသုံးပြုပြီး ဝင်ရောက်လို့ မရအောင် ပြုလုပ်ခြင်းကို နှစ်ဆင့်ခံ လုံခြုံရေး (2FA Authentication) လို့ခေါ်ပါတယ်။ 

🖊️ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။

(၁)  Mobile Phone ကို ပေးပို့တဲ့ SMS Code နဲ့ 

(၂) လုံခြုံရေးစနစ်အတွက် ထားရှိတဲ့ အက်ပလီကေးရှင်း (Third-Party Application) ကိုပေးပို့တဲ့ Code 

🔎ဥပမာ – မိမိ အသုံးပြုတဲ့ Google Account တစ်ခုအတွက် Mobile Phone နံပါတ်နဲ့ နှစ်ဆင့်ခံ လုံခြုံရေး (2FA) ထားရှိရင် 

🖌️အကောင့်ထဲကို Log In တစ်ကြိမ်ဝင်ရောက်မှုတိုင်းအတွက် ကိုယ်ပိုင် Password အပြင် နောက်ထပ် လိုအပ်တဲ့ Code နံပါတ်ကို SMS ရရှိမှာ ဖြစ်ပါတယ်။

📱အကယ်၍ နှစ်ဆင့်ခံ လုံခြုံရေး (2FA) ကို Third-Party Application နဲ့ ချိတ်ဆက်ပါက မိမိလိုအပ်တဲ့ Code နံပါတ်တို့ကို Application ထဲမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။  ဒီလို Application တစ်ခုထပ်မံထားရှိခြင်းက ပိုမိုစိတ်ချရပါတယ်။ 

✅ဘာကြောင့် နှစ်ဆင့်ခံ လုံခြုံရေး (2FA) ထားသင့်တာလဲ ?

မိမိအသုံးပြုနေတဲ့ အကောင့်တိုင်းကို Log In ဝင်ရောက်တဲ့အခါ လျှိုဝှက်နံပါတ်အပြင် Code နံပါတ်တွေ လိုအပ်တာကြောင့် သူစိမ်းတွေ ခိုးယူဝင်ရောက်ခြင်းကို အလွယ်တကူ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မိမိ မသိတဲ့ Device တစ်ခုကနေ ဝင်ရောက်တဲ့အခါ မိမိဆီကို Email (ဒါမှမဟုတ်) Code နံပါတ်တွေက SMS ထဲကို ဝင်ရောက်လာတာကြောင့် Hack ဖို့ ကြိုးစားနေတယ်ဆိုတာကို သိရှိနိုင်ပါတယ် ။

2FA ထားရှိခြင်းဖြင့် ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရမှုကနေ ကာကွယ်နိုင်ပါတယ်။ 

⚜️နှစ်ဆင့်ခံ လုံခြုံရေး (2FA) အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ

အသုံးများတဲ့ Authenticator တွေကတော့ 

(၁) Twilio Authy 

(၂) Google Authenticator 

(၃) Microsoft Authenticator နဲ့

(၄) Duo Mobile တို့ပဲ ဖြစ်ပါတယ်။

Application တွေရဲ့ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတရားတွေက အတူတူပဲဖြစ်လို့ မိမိနှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဥပမာ အနေနဲ့ Google Authenticator နဲ့ Duo Mobile application တို့ရဲ့ အသုံးပြုပုံတွေကို အောက်ပါ Video တွေမှာ လေ့လာနိုင်ပါတယ်။

ဥပမာ အနေနဲ့ Google Authenticator နဲ့ Duo Mobile application တို့ရဲ့ အသုံးပြုပုံတွေကို အောက်ပါ Video တွေမှာ လေ့လာနိုင်ပါတယ်။

🔆Google Authenticator