Search Engine

ဒီနေ့ပြောပြပေးသွားမှာကတော့ Search Engine အကြောင်းဖြစ်ပါတယ်။

Search Engine ဆိုတာ အင်တာနက်ပေါ်က အကြောင်းအရာတွေကို ရှာဖွေဖို့အတွက် အသုံးပြုတဲ့ Robot ဖြစ်ပါတယ်။ ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Google, Bing, Yahoot! စတဲ့ app တွေက အခမဲ့ အသုံးပြုနိုင်တဲ့ search engine တွေပဲ ဖြစ်ပါတယ်။

ဒါဆို Search Engine တစ်ခုရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်

Crawling – အင်တာနတ်ပေါ်မှာရှိတဲ့ website တွေကို စစ်တေးပေးပြီး အသုံးစွဲသူတွေ ရှာဖွေလိုက်တဲ့ အကြောင်းအရာအလိုက် အထောက်အပံ့ပေးနိုင်အောင် စုဆောင်းပေးတာ ဖြစ်ပါတယ်။

Indexing – စုဆောင်းထားတဲ့ အချက်အလက်တွေကို အစီအစဉ်တကျ သိမ်းဆည်းပေးပါတယ်။ ဒါ့အပြင် website စာမျက်နာတွေရဲ့ အကြောင်းအရာကိုလည်း စိစစ်ပါတယ်။

Searching – သုံးစွဲသူတွေရဲ့ ရှာဖွေတဲ့အကြောင်းအရာတွေကို လက်ခံပြီး၊ ရှာဖွေလိုတဲ့အကြောင်းအရာအလိုက် သိလိုတဲ့အရာတွေကို ကူညီပေးပါတယ်။

Ranking – ရှာဖွေထားတဲ့ အကြောင်းအရာတွေကို အဆင့်လိုက် ပေါ်ထွက်လာဖို့ အခြေခံအချက်တွေကို သတ်မှတ်ပေးပါတယ်။

Search Engine တွေက သုံးစွဲသူတွေရဲ့ ရှာဖွေလိုတဲ့အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီ ပေးစွမ်းနိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။

Search Engine မှာ အကြောင်းအရာတွေကို ရှာဖွေနည်း။

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်ပါတယ်။

ဥပမာ electronics filetypeကို ရှာချင်ရင် electronics filetype:pdfလို့ ရိုက်ထည့်ပြီးရှာလို့ရပါတယ်။
၂။ တကယ်လို electronic စာလုံးပေါင်းမသိဘူးဆိုရင် electroni*s လို့ ရိုက်ထည့်ပြီးလည်းရှာနိုင်ပါတယ်။

၃။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာကို အတိအကျ ရဖို့အတွက်ဆ်ုရင် “ open/close invited corns” ကို အသုံးပြုပြီး ရှာဖွေနိုင်ပါမယ်။

ဥပမာပြောရရင် “I am student”ဆိုပြီး
” “သုံးပြီးရှာနိုင်ပါတယ်။

၄။ မိမိရှာဖွေလိုတဲ့ website ကို Google ကနေ အသုံးပြုပြီး ရှာမယ်ဆ်ိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်

စကားလုံးတိုင်းက ရှာဖွေမှုတိုင်းအတွက် အရေးပါပါတယ်။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်မယ်ဆ်ိုရင် ရှာဖွေမှုရလဒ် မတူညီနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာတွေကို ရှာဖွေတဲ့အခါ စကားလုံး ရှေ့နောက်အထားအသိုကိုလည်း မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

ဥပမာအားဖြင့်ပြောပြရရင် blue sky, sky blue အထားအသို နှစ်ခုအပေါ်မူတည်ပြီး ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မိမိရှာဖွေချင်တဲ့ စကားလုံးတွေကို စာလုံးအကြီး အသေး နဲ့ ရေးသားနိုင်ပါတယ်။ ဒါပေမယ့် ထွက်လာတဲ့ ရလဒ်ကတော့ တူညီနေမှာ ဖြစ်ပါတယ်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါတယ်။

၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search ကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။

Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မှာဖြစ်ပါတယ်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Operator List များကို https://support.google.com/websearch/answer/2466433 လင့်ခ်တွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မိမိဖတ်ချင်တဲ့ စာအုပ်တွေကို ရှာချင်တယ်ဆိုရင်တော့ Google Book ကနေတဆင့် ရှာဖွေလို့ရပါတယ်။ ဒါ့အပြင် စာအုပ်တွေကို နာမူနာလည်း ဖတ်ရှုလို့ ရသလို၊ download ဆွဲပြီးပါ ဖတ်ရှုနိုင်ပါတယ်။
https://books.google.com/

SEO – search engine optimization
SEO (Search Engine Optimization) ဆိုတာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဒါမှမဟုတ် လူတွေရဲ့ ဝဘ်ဆိုက်တွေကို အင်တာနက်မှာ ပိုမိုမြင်သာစေဖို့၊ ရှာဖွေတဲ့အခါ အမှန်တကယ်ရရှိနိုင်စေဖို့ လုပ်ဆောင်တဲ့ နည်းလမ်းတွေဆိုလိုပါသည်။ အဓိက ရည်ရွယ်ချက်က ဝဘ်ဆိုက်ရဲ့ အဆင့်မြင့်မှုကို အဓိကကတော့ အကြောင်းအရာ ရှာဖွေတဲ့အခါ မြန်မြန်ဆန်တန် ထုတ်ပေးနိုင်အောင် ကူညီပေးတာမျိုး ဖြစ်ပါတယ်။
SEO ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းများမှာ –
၁. Keyword Research – ဝဘ်ဆိုက်အတွက် သင့်လျော်တဲ့ အကြောင်းအရာတွေကို ရှာဖွေခြင်း။ အထူးသဖြင့် သုံးစွဲသူတွေ ရှာဖွေလိုတဲ့ အကြောင်းအရာကို တ်ိကျတဲ့ စာလုံးတွေနဲ့ ရှာဖွေခြင်း။
၂. On-Page Optimization – ဝဘ်စာမျက်နှာမှာ ထည့်ရေးထားတဲ့ အချက်အလက်တွေကို အကျိုးရှိအောင် ပြုပြင်ခြင်း။ အချက်အလက်တွေမှာ title tags, meta descriptions, headings, content quality, URL structure စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
၃. Technical SEO – ဝဘ်ဆိုက်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မှုတွေကို တိုးတက်စေခြင်း။ ဥပမာ – site speed, mobile-friendliness, crawlability, site architecture, and secure connections (SSL certificates)။
၄. Off-Page Optimization – ဝဘ်ဆိုက်ပေါ်မှာ အပြန်အလှန်မျှဝေခြင်း၊ အခြားဝဘ်ဆိုက်တွေမှာ အညွှန်းတွေ (backlinks) ရယူခြင်း။
၅, Content Creation – အရည်အသွေးမြင့်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားမှူရှိလာအောင် ရှာဖွေ သုံးစွဲသူတွေအတွက် ရေးသားခြင်း။
၆. Analytics and Monitoring – SEOက သင့်မျှဝေထားဆဲ့အကြောင်းအရာတွေအပေါ် ဖတ်ရှုသူအရေးအတွက်နဲ့ စိတ်ဝင်စားသူ ဦးရေကို အကဲဖြတ်ဖော်ပြပေးခြင်း။
SEO က သင့်ရဲ့ website မှာရှိတဲ့အကြောင်းအရာတွေကို လူသိလာအောင် ကူညီပံ့ပေးနိုင်ပြီး ဒီကနေမှတဆင့် ပိုက်ဆံရှာဖွေလို့ရအောင် ကူညီပေးနိုင်ပါတယ်။
Google နဲ့ Perplexity အကြားကွာခြားချက်
၁. အဓိကလုပ်ဆောင်ချက်များ

  • Googleက အင်တာနက်ပေါ်မှာ ရှိတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ သတင်းတွေ၊ မီဒီယာအမျိုးမျိုးမှ အချက်အလက်တွေကို ရှာဖွေဖော်ပြပေးတဲ့ search engine ဖြစ်ပါတယ်။ Googleကို သုံးစွဲသူတွေက မိမိလိုချင်တဲ့ အချက်အလက်များကို ကမ္ဘာအနှံ့မှ ဝက်ဘ်ဆိုက်တွေကနေ ရရှိနိုင်ပါတယ်။
    • Perplexity Perplexityက AI နဲ့ပတ်သက်ပြီး အကြောင်းအရာများကို ရှာဖွေ လေ့လာဖို့ အထူးပြုထားတဲ့ search engine ဖြစ်ပြီး မေးခွန်းတွေကို တိုက်ရိုက်ဖြေကြားတာတွေ၊ အကြောင်းအရာတွေကို တိုက်ရိုက် ရှာပေးပါတယ်။
      ၂. အသုံးပြုနည်း
  • Google ကို သုံးတဲ့အခါမှာ မေးခွန်းကို စာသားနဲ့ ရိုက်ထည့်ရပြီး၊ ရလဒ်တွေက ဝက်ဘ်ဆိုက်တွေ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တွေကနေ သင်လိုချင်တဲ့ အချက်အလက်ကို အလုပ်ရှုပ်ပြီး ရှာဖွေနိုင်ရပါတယ်။
  • Perplexityက မေးခွန်းတွေကို အကျဉ်းချုပ်ပြီး အကြောင်းအရာတွေကို နားလည်မှုရှိအောင် စနစ်တကျ ဖော်ပြပေးတဲ့ search engine ဖြစ်ပါတယ်။ AI အခြေခံထားတဲ့ နည်းစနစ်တွေကို သုံးထားတာကြောင့် တချို့အချက်အလက်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ရှာဖွေနိုင်ပါတယ်။
    ၃. ရလဒ်
  • Google ရဲ့ ရလဒ်တွေက ဝက်ဘ်ဆိုက် အချို့ကို ပြပေးပြီး အဲဒီဝက်ဘ်ဆိုက်တွေဆီမှာ သွားလေ့လာဖို့ လိုအပ်ပါတယ်။
  • Perplexityရဲ့ ရလဒ်တွေက, AI မော်ဒယ်ကနေ ဖော်ပြထားတဲ့အတွက် လိုချင်တဲ့အဖြေကို တိုက်ရိုက် ရရှိနိုင်ပါတယ်။
    Perplexity ကို google က ဖန်တီးထားတဲ့ AI-driven search system တစ်ခုဖြစ်ပြီး, Googleမှာတော့ များပြားတဲ့ အချက်အလက်တွေကို ရှာဖွေဖော်ပြပေးပါတယ်။ဒါ့အပြင် search engine တွေမှာ ရှာချင်တဲ့အကြောင်းအရာတွေ ရှာပြီးရင် digital footprint တွေ ကျန်နေတတ်ပါတယ်။

Digital Footprint
Digital footprint” ဆိုတာက သင့်ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေ၊ အွန်လိုင်းပေါ်မှာ ပြုလုပ်တဲ့ ရှာဖွေမှုတွေကနေ ကျန်ရှိနေတဲ့ အချက်အလက်တွေကို ဆိုလိုပါတယ်။ Digital Footprint အမျိုးအစားနှစ်မျိုးရှိပါတယ်။
၁. . Active Digital Footprint သင့်ကိုယ်တိုင် အွန်လိုင်းမှာ အကြံပြုချက်တွေ အချက်အလက်တွေ တင်ခြင်းဖြစ်ပါတယ်။ ဥပမာ – အွန်လိုင်းမှာ ဆွေးနွေးချက်တစ်ခု မှတ်ချက်ပြုခြင်း၊ ပို့စ်တစ်ခု တင်ခြင်း၊ အီးမေးလ်ပို့ခြင်း စသည်ဖြစ်ပါတယ်။
၂. Passive Digital Footprint သင့်ရှိခြင်း မရှိဘဲ သင့်အချက်အလက်တွေ အလိုအလျောက် စုဆောင်းခံရတာပါ။ ဥပမာ – သင့် IP လိပ်စာ၊ အွန်လိုင်းမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ဝက်ဘ်ဆိုက်တွေ၊ သင့်အဖွဲ့ဝင်မှုရှိသော cookies စသည်ဖြစ်ပါတယ်။
Digital Footprint ရဲ့ အရေးပါမှု
Privacy: သင့်ရဲ digital footprint ကို ထိန်းသိမ်းခြင်းက သင့်ကိုယ်ရေးကိုယ်တာ privacy အတွက် အရေးကြီးပါတယ်။
Security: ထိန်းချုပ်မထားတဲ့ digital footprint တွေက သင့်ကို အွန်လိုင်းအန္တရာယ်တွေ (ဥပမာ- ရာဇဝတ်မှု၊ hacking) ရင်ဆိုင်ရစေနိုင်ပါတယ်။
သင့်ကိုယ်ရေးအချက်အလက်တွေအတွက် ကာကွယ်ဖို့အရေးကြီးတာကြောင့် digital ကို အသုံးပြုသူတိုင်း digital footprint ကို နားလည်ဖို့ လိုအပ်ပါတယ်။