Tips to strengthen troubleshooting skills

Digital ခေတ်မှာ သင်ရဲ့ ဒီ‌‌ဂျစ်တယ် ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြဿနာတွေကို ရှာဖွေဖြေရှင်းနိုင်မှသာ သင်လုပ်ဆောင်ရမယ့် အရာတွေအပေါ် တဆင့်ခြင်း ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာတွေကို ရှာဖွေဖြေရှင်းခြင်း အတတ်ပညာကို လူတိုင်း မဖြစ်မနေ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ 

ဒီ‌‌ဂျစ်တယ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့အတွက် Troubleshooting skillsက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း ဒီဖြေရှင်းနည်းက သင့်လုပ်ငန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ပြဿနာရဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ လာနိုင်ပါတယ်။ အဓိကက သင့်ရဲ့ လုပ်ငန်းစဥ်တွေမှာ၊ စက်ပစ္စည်းတွေရဲ့ အကြောင်းအရာနဲ့ ပြဿနာတွေကို သေချာသိထားခြင်းက ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အထောက်အပံ့တွေကို ပေးနိုင်ပါတယ်။ 

Troubleshooting skills က ဘာကြောင့် လိုအပ်တာလဲ။ 

  1. ဆက်ဆံရေး ကောင်းမွန်ခြင်း – လုပ်ငန်းခွင်မှာ troubleshooting skills ကောင်းကောင်းရှိခြင်းက သင်နဲ့ အထက်လူကြီးကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလာနိုင်ပြီး လုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့စေတဲ့အပြင် အထက်လူကြီးတွေရဲ့ အထောက်အပံ့တွေလည်း ရရှိနိုင်ပါတယ်။ 
  2. စိတ်ဖိစီးမှု လျော့နည်းစေခြင်း – သင့်ရဲ့ လုပ်ငန်းခွင်က ဖြစ်ပေါ်နေတဲ့ အခက်အခဲ အတားအဆီးတွေကို ဖြေရှင်းဖို့အတွက် လိုအပ်ချက်တွေကို ပြင်ဆင်နိုင်ဖို့ ထောက်ပြနိုင်ခြင်းက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ 
  3. ယုံကြည်မှု တိုးတက်လာခြင်း – တခါတလေ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ် သင့်ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေနဲ့ ဖြေရှင်းနိုင်ခြင်းက သင့်ရဲ့ စွမ်းဆောင်ရည်အပေါ် သင်ကိုယ်တိုင် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။ 
  4. အတွေ့အကြုံ အသစ်များ တိုးပွားလာခြင်း – Troubleshooting ကို ကောင်းကောင်း နားလည်ခြင်းက သင့်လုပ်ငန်းခွင်က အခက်အခဲနဲ့ ဖြေရှင်းမှုပုံစံ နည်းလမ်းတွေကို အတွေ့အကြုံတစ်ခုအနေနဲ့ တိုးတက်လာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် Troubleshooting skills ကို ကောင်းကောင်း သိနားလည်ထားခြင်းက သင့်ရဲ့ လုပ်ငန်းခွင် နဲ့ လူမှုဆက်ဆံရေးကိုပါ တိုးတက်လာမှာ ဖြစ်ပါတယ်။ 

Troubleshooting ရဲ့ လိုအပ်တဲ့ စွမ်းရည်တွေက ဘာတွေလဲ။ 

Troubleshooting မှာ လိုအပ်တဲ့ စွမ်းရည်အမျိုးမျိုးရှိပါတယ်။ ဒီစွမ်းရည်တွေက သင့်ရဲ့ လုပ်ငန်းခွင် နဲ့ လုပ်ငန်းစဥ်တွေအပေါ် အကောင်းဆုံးဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။ အဲ့တာတွေကတော့ 

၁. နားလည်မှု – ပြဿနတစ်ခုကို ဖြေရှင်းဖို့အတွက် နားလည်မှုက မရှိမဖြစ် လိုအပ်တဲ့ အခြေခံလိုအပ်ချက်ပဲ ဖြစ်ပါတယ်။ သင့်ရဲ့ စက်ပစ္စည်း၊ လုပ်ငန်း၊ သင်နဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သေချာ နားလည်ထားဖို့ လိုအပ်ပါတယ်၊ ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ ဒီအရာတွေအပေါ် နားလည် သိကျွမ်းထားခြင်းက troubleshooting လုပ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ 

၂. စီစစ်နိုင်ခြင်း– ပြဿနာအခြေအနေနဲ့ သဘောသဘာဝကို စနစ်တကျ ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကို သေချာ စဥ်းစားထောက်ပြနိုင်ခြင်းက သင့်ရဲ့ အခက်အခဲကို အထက်လူကြီးတွေဆီ ကောင်းစွာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာတခုအပေါ် စနစ်တကျ လေ့လာသုံးသပ်ပြီး တစ်ခုချင်းအလိုက် လိုအပ်ချက်တွေကို ထောက်ပြနိုင်မှာ ဖြစ်ပါတယ်။ 

၃. အချိန်စီမံခန့်ခွဲနိုင်ခြင်း – လုပ်ငန်းတစ်ခုအပေါ် ပြီးမြောက်ရမယ့်အချက် နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကြား အချိန်ကို စီမံခန်းခွဲပြီး လုပ်ငန်းစဥ်တွေအပေါ် စနစ်တကျ ပြီးမြောက်အောင် ဆောင်ရွက်တတ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းစဥ်တွေကို လုပ်ကိုင်နေစဥ်အတွင်း ပြဿနာတွေကို ဘယ်ချိန်မှာ တင်ပြရမယ်၊ ဘယ်အချိန်မှာ ဒီပြဿနာတွေကို အပြီးတိုင် ဖြေရှင်းရမယ်ဆိုတဲ့ အရာတွေအပေါ်  အချိန်နဲ့အတူ စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။ 

၄. လိုက်လျောညီထွေမှု ရှိခြင်း – ဘယ်လိုပြဿနာမဆို အခြေအနေနဲ့ အချိန်အခါအပေါ် နည်းလမ်းအမျိုးမျိုး နဲ့ ပြုပြင်ပြောင်းလဲပြီး လုပ်ငန်းစဥ်တစ်ခု ပြီးမြောက်အောင် လိုက်လျောညီထွေစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ 

၅. လေ့လာမှုများ – ရှိလာတဲ့ ပြဿနာရပ်တွေအပေါ် ဖြေရှင်းနည်းမျိုးမျိုးကို ရရှိဖို့ အင်တာနက်၊ မီဒီယာ နဲ့ သတင်းအချက်အလက်တွေကနေတဆင့် ရှာဖွေ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ 

၆. ပြဿနာဖြေရှင်းဆောင်ရွက်နိုင်မှု – ဖြစ်ပေါ်လာတဲ့ ပြဿနာရဲ့ အခြေအနေနဲ့ လုပ်‌ဆောင်နေတဲ့ လုပ်ငန်းစဥ်အပေါ် လစ်ဟာမှုမရှိအောင် ပြဿနာနဲ့ အရင်းအမြစ်ကို ရှာဖွေပြီး နည်းလမ်းအမျိုးမျိုး နဲ့ လုပ်ငန်းစဥ်ပြီးမြောင်အောင် လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ 

၇. ပူးပေါင်းဆောင်ရွက်မှု – ပြဿနာတွေကို ဖြေရှင်းတဲ့အခါ သင်တယောက်တည်း ဖြေရှင်းလို့ မရနိုင်ပါဘူး၊ ဒါကြောင့် သင့် လုပ်ငန်းခွင်က တက်ကျွမ်းနားလည်သူတွေနဲ့ ပူးပေါင်းဖြေရှင်းအဖြေရှာတတ်ဖို့ လိုအပ်ပါတယ်။ 

၈. စီစစ်ခြင်း – လုပ်ငန်းစဥ်တစ်ခုကို လုပ်ကိုင်နေစဥ်အတွင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေရဲ့ အကြောင်းအရင်းကို ပိုင်ပိုင်နိုင်နိုင် သိရှိထားဖို့ လိုအပ်သလို၊ ပြဿနာတွေကို ဖြေရှင်းနေချိန်အတွင်း ပြဿနာရဲ့ အခြေအနေအပေါ် တောက်လျောက် စောင့်ကြည့် စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်ရဲ့ ပြဿနာက ဖြေရှင်းလိုရမယ်၊ မရဘူး ဒါမှမဟုတ် ဘယ်အချိန်မှာ ပြီးမယ်၊ ဘယ်သူကတော့ ဖြေရှင်းနေပြီး စတဲ့ အခြေအနေကို စောင့်ကြည့် စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ အခုဖော်ပြတဲ့ စွမ်းရည်တွေကို သေချာ တတ်မြောက် ပြင်ဆင်ထားမယ်ဆိုရင် သင့်လုပ်ငန်းခွင်မှာ ဘယ်ပြဿနာမျိုးမဆို သင်ကိုယ်တိုင် စနစ်ကျ လက်တွေ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 

အခုဆက်ပြောပြပေးသွားမှာကတော့ သင်အသုံးပြုနေတဲ့ ဒီဂျစ်တယ် ကိရိယာတစ်ခုခုမှာ ပြဿနာဖြစ်လာတဲ့အခါ အသုံးပြုနိုင်မယ့် ဖြေရှင်းနည်း အဆင့်ဆင့်ကို ပြောပြသွားမမှ ဖြစ်ပါတတယ် 

ဥပမာဆိုကြပါစို့ 

သင်အသုံးပြုနေတဲ့ printer မှာ ပြဿနာတခုပေါ်လာပြီး အဲ့ဒီပြဿနာကို အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းအဆင့်ဆင့်ကို ပြောပြပေးပါမယ်။ 

၁. ပြဿနာရဲ့ အရင်းအမြစ်ကို ရွေးချယ်ပါ 

သင်အသုံးပြုနေတဲ့ Google ရဲ့ ဘယ် Function မှာ ပြဿနာဖြစ်နေလဲဆိုတာ သိအောင် လုပ်ပါ။ 

၂. တိကျတဲ့ စကားလုံးကို ရွေးချယ်ပါ

ပြဿနာရဲ့ အဓိက အကြောင်းအရင်းကို ‌ရွေးချယ်ပြီး အဓိပွါယ် သတ်မှတ်ပါ။ ဥပမာ – စာရွက်တွေကို print ထုတ်တဲ့အခါ ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ဒီလိုပြဿနာဖြေရှင်းဖို့ ‘printer not working’ ဒါမှမဟုတ် ‘printer error’ စတဲ့ တကိကျသေချာတဲ့ စကားလုံးတွေနဲ့ ‌ပြဿနာကို ရွေးချယ် သတ်မှတ်ပါ။ 

၃. Google ရဲ့ search bar မှာ အဖြေရှာပါ။ 

  • အဖြေရှာတဲ့အခါ သတ်မှတ်ထားတဲ့ စကားလုံးကို ‌‌အသုံးပြုပြီး ‘ how to fix (printer error) troubleshooting step ဆိုပြီး ရှာဖွေပါ။ 
  • ဒါ့အပြင် ကိုယ်အသုံးပြုနေတဲ့ စက်အမျိုးအစားနာမည်ကို အသုံးပြုပြီးလည်း ပြဿနာရဲ့ အဖြေကို ရှာဖွေလို ရပါတယ်။ (ဥပမာ – window 10 printer not working) ဆိုပြီး ရိုက်ထည့်ပြီး ပြဿနာရဲ့ အဖြေကို ရှာဖွေလို့ ရပါတယ်။ 

၄. အဖြေကို ကြည့်ပါ 

Google search bar မှာ ရိုက်နှိပ်ပြီးနောက် အဖြေတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ သင့်အတွက် နားလည်စေမယ့် ပုံစံ အမျိုးမျိုး နဲ့ ပြဿနာရဲ့ အဖြေတွေကို လေ့လာကြည့်လို့ ရပါတယ်။ စာမျက်နှာ ရုပ်ပုံ၊ ဗီဒီယို နဲ့ လမ်းညွှန်စာတွေကို ဖတ်ရှု့ပြီး အဖြေရှာဖွေလို့ ရပါတယ်။ 

၅. ဖြေရှင်းနည်း video တွေကို ကြည့်ပါ။ 

ဖြေရှင်းနည်း video တွေက ပြဿနာရဲ့ အကြောင်းအရင်း နဲ့ ဖြေရှင်းပုံ အဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်းနဲ့ ပြောပြပေးနိုင်ပြီး တစ်ဆင့်ချင်း လိုက်လုပ်ဆောင်လို့ ရပါတယ်။ 

၆. နောက်ဆုံးအပေါ် အချက်အလက်တွေကို ကြည့်ပါ။ 

အင်တာနက်ပေါ်မှာ ပြဿနာတွေကို ဖြေရှင်းတဲ့ နည်းလမ်းပေါင်း များစွာရှိပါတယ်။ ဒီနည်းလမ်းတွေကို လွန်ခဲ့တဲ့ ၄-၅ နှစ်က ဖြေရှင်းနည်းတွေ ဖြစ်နိုင်သလို နောက်ဆုံးပေါ် နည်းလမ်းတွေလည်း ဖြစ်ပါတယ်။ ဒီအရာတွေကို အသုံးပြုနေတဲ့ စက်အမျိုးအစားပေါ် မူတည်ပြီး ဖြေရှင်းနည်းအဆင့်တွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် သင်လိုအပ်တဲ့ အဖြေက နောက်ဆုံးပေါ် ဖြစ်မဖြစ်ကို သိချင်ရင် သင်နဲ့တူညီတဲ့ စက်အမျိုးအစား၊ video ရဲ့ ရက်စွဲ နဲ့ ခုနှစ်ကို ကြည့်ပြီး နောက်ဆုံးပေါ် အချက်အလက် ဖြစ်မဖြစ်ကို သိရှိနိုင်ပါတယ်။ 

ဒီလိုအချက်တွေကို လုပ်ဆောင်ခြင်းအားဖြင့် သင်ကိုယ်တိုင် သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်သလို၊ သင်ကြုံတွေ့ရတဲ့ ပြဿနာအပေါ် ဖြေနည်းမှုပုံစံတွေကိုလည်း လက်တွေ့ကျကျ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။အကယ်၍ သင်ရဲ့ ပြသနာက သင်ကိုယ်တိုင် ဖြေရှင်းလို့ မရဘူးဆိုရင်တော့ တတ်ကျွမ်းတဲ့ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် နဲ့ အထက်လူကြီးတွေဆီ အကူအညီတောင်းဆိုပါတယ်။  

ဒါ့အပြင် သင်အသုံးပြုနေတဲ့အရာက Google, Facebook, Instagram တို့လို ကုမ္ပဏီတွေကနေ ထုတ်ထားတဲ့ application တွေ ဖြစ်နေရင်တော့ သသူတို့ရဲ့ အကူအညီတွေလည်း ယူလိုရပါတယ်။ 

ဥပမာ – သင်အသုံးပြုနေတဲ့ Google Product တစ်ခုခုက ပြဿနာတက်လာခဲ့ရင် 

၁. Google Help Center ကို သွားပါ။ 

၂. သင်အမျိုးပြုနေတဲ့ product အမျိုးအစားကို ရွေးချယ်ပါ။ 

သင် အသုံးပြုနေရင်း ပြဿနာဖြစ်ပေါ်လာတဲ့ product နာမည်ကို google center မှာ ရွေးချယ်ပါ။ (ဥပမာ – Gmail, Google Drive …. စသဖြင့်)

၃. အဖြေကို ရှာဖွေပါ။ 

သင်လိုချင်တဲ့ အဖြေကို ပေါ်လာတဲ့ product ရဲ့ search bar မှာ တိုက်ရိုက် ရှာဖွေလို့ ရပါတယ်။ သင်ရှာဖွေတဲ့ အဖြေကို Google support center က computer, android, iPhone & ipad ဆိုပြီး မတူညီတဲ့ version အမျိုးမျိုးနဲ့ ရှာဖွေလို့ ရနိုင်မှာ ဖြစ်ပါတယ်။ အဖြေကိုလည်း လမ်းညွှန်စာ နဲ့အပြင် video နဲ့ပါ လေ့လာကြည့်လို့ ရပါတယ်။ 

ဒါ့အပြင် Google ရဲ့ တက်ကျွမ်းတဲ့သူတွေဆီကနေ သင့်ပြဿနာရဲ့ အကြုံပြုချက်တွေ ရယူလို့ ရပါတယ်။ 

Google ရဲ့ တက်ကျွမ်းတဲ့သူတေွဆီကနေ အကြုံပြုချက်တွေ ရယူဖို့အတွက်ဆိုရင် 

၁. အကူအညီရယူနိုင်မယ့်အချိန်ကို စစ်ဆေးပါ။ 

သင့်နိုင်ငံ၊ ဒေသရဲ့ အချိန် နဲ့ Google ရဲ့ ဝန်ဆောင်မှုကို ရယူဖို့ သသတ်မှတ်ထားတဲ့ အချိန်ကို တိုက်ကြည့်ပါ။ နိုင်ငံချင်းမတူတာကြောင့် အချိန်ကလည်း ကွာခြားနိုင်ပါတယ်။ 

၂. Community Forums တွေကို အသုံးပြုပါ။ 

Google product ကို အသုံးပြုတဲ့လူအုပ်စုတွေကို စုပေးထားတဲ့ နေရာတစ်ခုရှိပါတယ်။ အဲ့ဒီနေရာမှာ Google product ကို အသုံးပြုရင်း ဖြစ်လာတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တော့တဲ့အခါ သူရဲ့အခက်အခဲကို စာရိုက်ပြီး မေးမြန်းနိုင်ပါတယ်။ အဲ့ဒီအခါ သင်လို တွေ့ကြုံဖူးတဲ့ လူတွေက သင့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ 

Community ကို အသုံးပြုချင်ရင်တော့ Google Support Center ကို သွားပါ။ Product ကို ရွေးချယ်လိုက်တဲ့အခါ product search bar ရဲ့ အပေါ် ဘယ်ဘက် Help center ရဲ့ ဘေးကကပ်လျက်က community မှာ သင်လိုချင်တဲ့ ဖြေတွေကို မေးမြန်းလို့ ရပါတယ်။ 

၃. အချက်အလက်တွေကို ပြင်ဆင်ပါ။ 

Google ရဲ့ နည်းပညာရှင်တွေကို မဆက်သွယ်ခင် သင့်အနေနဲ့ ပြဿနာဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စက်အမျိုးအစား၊ ပြဿနာရဲ့ အကြောင်းအရင်းကို သေသေချာချာ ပြင်ဆင်ထားရှိဖို့ လိုအပ်ပါတယ်။ ဒီလိုအချက်တွေ ပြင်ဆင်ပြီးမှ ဆက်သွယ်ရင်တော့ သင်လိုချင်တဲ့ အဖြေကို တိတိကျကျ နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

၄. Email ကို မေးမြန်းပါ။ 

အချက်အလက်တွေကို ပြင်ဆင်ပြီးတဲ့နောက် Google ရဲ့ နည်းပညာရှင်တွေဆီ email ပို့ပြီးမေးမြန်းလို့ ရပါတယ်။ email ပို့ ပြီး မေးမြန်းတဲ့အခါ သူတို့ သတ်မှတ်ထားတဲ့ အတိုင်းလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ပြဿနာကို screenshot ရိုက်ထားတဲ့ ပုံ နဲ့ email ပို့နည်းအဆင့်ဆင့်ကို အခု လင့်ခ်မှာ (https://support.google.com/mail) လေ့လာလို့ ရပါတယ်။

အခုဖော်ပြပေးသွားတဲ့ အဆင့်တွေကတော့ သင်ကိုယ်တိုင် ဖြေရှင်းလို့ မရတဲ့အခါ၊ သင့်လုပ်ဖော်ကိုင်ဖက်တွေလည်း ကူညီပေးလို့ မရနိုင်တော့တဲ့ အခြေအနေမှာ အသုံးပြုနိုင်မယ့် နည်းလမ်းတချို့ဖြစ်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ သင်ကိုယ်တိုင်ရော ၊ သင်အသုံးပြုနေတဲ့ စက်ပစ္စည်းရဲ့ ပြဿနာအမျိုးမျိုးအတွက် ဖြေရှင်းပုံ ဖြေရှင်းနည်း နဲ့ ပြင်ဆင်ပုံတွေကို သိသွားလိမ့်မယ်လို့ ယူဆပါတယ်။ နောက်ထက် အသစ်သစ်တွေကိုလည်း ဆက်လေ့လာသွားဖို့ မျှော်လင့်ပါတယ်။