Tech tips to troubleshoot a computer
ကွန်ပျူတာကို နေ့စဉ်နေ့တိုင်းအသုံးပြုနေရတဲ့သူတွေအတွက် မိမိကွန်ပျူတာနဲ့ပတ်သက်တဲ့ error တွေ၊ မလိုအပ်တဲ့ဖိုင်တွေကို နေ့စဉ်နေ့တိုင်း စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ခုမျှဝေပေးမယ့် အကြောင်းအရာ ကတော့ ကွန်ပျူတာမှာ error တက်ရင် အမြန်ဘယ်လို စစ်ဆေးလို့ရ မလဲဆိုတာကို ပြောပြသွားမှာ ဖြစ်ပါတယ်။
🖥️ကွန်ပျူတာတစ်ခု error တက်တဲ့အခါ software နဲ့ hardware ဆိုပြီး အပိုင်း ၂ ခုကို စစ်ဆေးရပါမယ်။ software ဆိုတာက ကွန်ပျူတာအတွင်းက files တွေ application တွေနဲ့ ပတ်သက်ပြီး စစ်ဆေးရမှာဖြစ်ပြီး hardware ကတော့ စက်ပစ္စည်းအပိုင်းတွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။
🧑💻Hardware အနေနဲ့ စစ်ဆေးရမှာတွေကို ကြည့်လိုက်ကြရအောင်။
🧑💻Software အနေနဲ့ စစ်ဆေးရမှာတွေကို ကြည့်လိုက်ကြရအောင်။
▶️အလွယ်ကူဆုံးနည်းလမ်းကတော့ “Restart” လုပ်ပါ။
ကွန်ပျူတာက လေးနေတယ် နှေးနေတယ် ကောင်းကောင်းအလုပ်မလုပ်ဘူးဆိုရင် အလွယ်ကူဆုံး နည်းလမ်းကတော့ “restart” လုပ်ကြည့်ပါ။ ကွန်ပျူတာတစ်ခုလုံးကို restart လုပ်ခြင်းက အထဲမှာရှိတဲ့ software တွေကိုလည်း restart ဖြစ်စေပြီး function တွေကို အစကနေ ပြန် run နိုင်တဲ့အတွက် ပိုကောင်းကောင်းအလုပ်လုပ်ပါတယ်။
▶️Virus Scan လုပ်ပါ။
မိမိကွန်ပျူတာမှာ software တွေများနေမယ် download လုပ်ထားတာတွေများနေမယ်။ website တွေတော်တော်များများထဲ ဝင်ကြည့်ထားမယ်ဆိုရင် virus တွေပါလာတတ်ပါတယ်။ ကွန်ပျူတာထဲမှာ virus scan ကိုထည့်ထားပေးသလို Antivirus ကဲ့သို့ software တွေကိုလည်း အသုံးပြုလို့ရပါတယ်။ Setting ထဲက Virus & threat protection မှာ Quick Scan ကိုနှိပ်ပြီး virus တွေရှင်းလို့ရပါတယ်။
▶️Software update လုပ်ပါ။
မိမိအသုံးပြုနေတဲ့ software တွေကို version တစ်ခု အသစ်ထွက်တိုင်း update လုပ်ပါ။ အချို့ software တွေက update version မဟုတ်ရင် အသုံးပြုရတာနှေးတာ သို့မဟုတ် အသုံးပြုလို့မရတာမျိုးဖြစ်နိုင်တဲ့အတွက် software update လုပ်ပါ။ update လုပ်ဖို့
ဘယ်လိုသိနိုင်သလဲဆိုရင် software ကိုဖွင့်လိုက်တဲ့အခါ update the version *** ဆိုပြီး ပြနေပါလိမ့်မယ်။ Install and update ကိုနှိပ်ပြီး update ဆက်လုပ်လို့ရပါတယ်။
Source: Basic Computer Skills: How to Update Your Software
▶️မလိုအပ်တဲ့၊ အသုံးမလိုတဲ့ software တွေကိုဖျက်ပါ။
တစ်ခါတစ်ရံ ကွန်ပျူတာထဲမှာ အသုံးမပြုတာကြာတဲ့၊ အသုံးမလိုတော့တဲ့ software တွေရှိနေတတ်ပါတယ်။ အဲ့ဒီ အသုံးမလိုတဲ့ software တွေက မိမိရဲ့ ကွန်ပျူတာ storage မှာနေရာယူပြီး ကွန်ပျူတာကို လေးလံစေပါတယ်။ အခြားဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ file တွေကိုလည်း မလိုအပ်တော့ရင် ဖျက်ထားသင့်ပါတယ်။
▶️Window or MacOS ကို update လုပ်ပါ။
Software တွေကိုပဲ update လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ မိမိကွန်ပျူတာ Window or MaOS တွေရဲ့ version ကိုလည်း update လုပ်သင့်ပါတယ်။ Setting ထဲက Window update မှာ မိမိကွန်ပျူတာ update ဖြစ်မဖြစ်ရှာလို့ရပါတယ်။
▶️Chrome မှာ cache & cookies data တွေကိုရှင်းပါ။
Cache & cookies data တွေကို ဘယ်လိုရှင်းရသလဲဆိုတာ အဆင့်ဆင့်ကြည့်လိုက်ကြရအောင်။
✅Step 1 – Chrome ကိုဖွင့်ပါ။
✅Step 2 – Chrome ရဲ့ ညာဘက်ထောင့် အစက် သုံးစက်ကိုနှိပ်ပါ။
✅Step 3 – Delete browsing data ကိုနှိပ်ပါ။
✅Step 4 – Delete data ကိုနှိပ်ပါ။
Task manager သုံးပါ။
မိမိရဲ့ ကွန်ပျူတာထဲမှာ Task manager ကို setting ကနေ အလွယ်တကူ ခေါ်ပြီး ကွန်ပျူတာကရဲ့ လေးနေတဲ့ function တွေကို End task လုပ်ပြီး refresh လုပ်လို့ရပါတယ်။ ဆောင်ရွက်ရမယ့်အဆင့်ဆင့်ကို အောက်မှာ ဆက်ကြည့်လိုက်ကြရအောင်။
✅Step 1 – Windows မှာ Task manager ကိုရိုက်လိုက်ပါ။
✅Step 2 – လေးနေတဲ့ application ကိုရွေးချယ်ပြီး End task ကိုနှိပ်ပါ။
End task လုပ်ပြီးတဲ့အခါ ရွေးချယ်လိုက်တဲ့ application က task manager မှာ မပေါ်တော့ဘဲ application ကို အသစ်ပြန်ခေါ်သုံးလို့ရပါပြီ။ ဒီလိုနည်းလမ်းနဲ့လေးနေတဲ့ application တွေကို ပိတ်ပြီး အသစ်ပြန်ဖွင့်ဖို့ရပါတယ်။
▶️Profession ဆီသွားပါ။
မိမိကိုယ်တိုင် ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းလို့မရတဲ့အခါ computer profession တွေဆီပြပြီး မိမိကွန်ပျူတာရဲ့ error ကိုရှာဖွေပါ။
ဒါဆိုရင်တော့ ကွန်ပျူတာ error တက်တဲ့အခါ ကိုယ်တိုင်အလွယ်ကူဆုံး ဘယ်လိုစစ်ဆေးဖြေရှင်းလို့ ရသလဲဆိုတာကို ပြောပြပြီးပြီဖြစ်လို့ ကိုယ်တိုင်ကျင့်သုံးကြည့်လိုက်ကြရအောင်။
For more sources:
https://youtu.be/kJ4KiUk-HuY?si=GGeHsbdSVKOxI739