Chat GPT

၁။ ChatGpt ဆိုတာဘာလဲ 

ChatGPT ဆိုတာ လူသားတစ်ယောက်လို စကားစမြည်ပြောဆိုမှုကို ပြုလုပ်နိုင်တဲ့ ဥာဏ်ရည်တု (AI) chatbot တစ်ခုဖြစ်ပြီးတော့ Natural language processing (NLP) လို့ခေါ်တဲ့ လူသားဘာသာစကား ကိုနားလည်နိုင်တဲ့ computer program တစ်ခုကိုအသုံးပြုထားပါတယ်။ ထိုဘာသာစကားပုံစံဟာ မေးခွန်းတွေကို တုံ့ပြန်ပြီးအဖြေပေးနိုင်သလို ဆောင်းပါးတွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ အက်ဆေးတွေ ကုဒ်တွေ နဲ့ အီးမေးလ်တွေအပါအဝင် အမျိုးမျိုးသော အ‌ကြောင်းအရာတွေကို ရေးဖွဲ့ပေးနိုင်ပါတယ်။GPT ဆိုတာ “Generative Pre-trained Transformer” ကို ကိုယ်စားပြုပြီးတော့ ChatGptကလူတွေရဲ့ မေးမြန်းတောင်းဆိုမှုတွေကို ဘယ်လိုတုံ့ပြန်ဖြေရှင်းလဲဆိုတာကို ရည်ညွှန်းပါတယ်။ 

၂။ ChatGPT ကို ဘယ်သူက ဖန်တီးခဲ့တာလဲ

ChatGPT ကို ဥာဏ်ရည်တု (AI) သုတေသနကုမ္ပဏီဖြစ်တဲ့ OpenAI က ဖန်တီးခဲ့ပြီး 2022 ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပါတယ်။ ၎င်းကို Elon Musk နဲ့ Sam Altman အပါအဝင် စွန့်ဦးတီထွင်သူများနဲ့ သုတေသီအဖွဲ့တစ်ဖွဲ့တို့က 2015 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ OpenAI ကို ရင်းနှီးမြှုပ်နှံသူအများအပြားက ကျောထောက်နောက်ခံပြုထားပြီး Microsoft က အထင်ရှားဆုံးဖြစ်ပါတယ်။ AI text-to-art generator တစ်ခုဖြစ်တဲ့ Dall-E ကိုလည်း OpenAI ကဖန်တီးခဲ့ပါတယ်။

၃။ ChatGPT ဘယ်လိုအလုပ်လုပ်သလဲ

ChatGPTဟာ ဒေတာ အချက်အလက်တွေကို ရှာဖွေဖို့အတွက် အထူးပြုလုပ်ထားတဲ့ algorithmsတွေကိုအသုံးပြုပြီး ၎င်းရဲ့ Generative Pre-trained Transformer ကတဆင့် အလုပ်လုပ်ပါတယ်။မူလက ChatGPT ဟာ GPT-3ဘာသာစကားမော်ဒယ်၊အာရုံကြောကွန်ယက် ကိုအခြေခံတဲ့အလိုအလျောက်သင်ယူမှုပုံစံနဲ့ Generative Pre-trained Transformer တတိယမျိုးဆက်တို့ကို အသုံးပြုခဲ့ပါတယ်။လက်ရှိမှာတော့ ChatGPTဟာ GPT-3.5  ကို ဝင်ရောက်ခွင့်ပေးထားပြီးတော့ GPT-4o ဘာသာစကား မော်ဒယ်ကိုလည်း အကန့်အသတ် နဲ့ဝင်ရောက်ခွင့် ပေးထားပါတယ်။ ChatGPT Plus ကတော့ GPT-4 နှင့် GPT-4o ကိုအသုံးပြုခွင့် ပေးထားပါတယ်။ GPT-4 မှာဆိုရင် ဓာတ်ပုံတွေဖော်ပြတာ၊ ပုံတွေကိုစာတန်းထိုးပေးတာ အပြင် စကားလုံး 25,000 အထိအသေးစိတ်တုံ့ပြန်ဖြေကြားပေးတာတွေမျိုးလုပ်နိုင်ပြီး GPT-3.5နဲ့ နှိုင်း  ယှဉ်မယ်ဆိုရင် ပိုပြီးရှုပ်ထွေးတဲ့လုပ်ဆောင်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာတွေ့ရပါတယ်။

အခြား search engine တွေကိုအသုံးပြုရတာနဲ့ မတူတာကတော့ ChatGpt က မေးခွန်းတွေကို dialog ပုံစံမျိုးနဲ့ ဆက်တိုက်မေးမြန်းနိုင်ပါတယ်။ ပုံမှန် search engine တွေမှာတော့ များသောအားဖြင့် အဖြေတွေကို သိမ်းဆည်းထားတာမျိုးမရှိဘဲ ရှာထားတဲ့ keyword တွေကိုအခြေခံပြီးတော့ပဲ link တွေပြန်ထုတ်ပေးတာမျိုး လုပ်ဆောင်ပါတယ် (Rospigliosi, 2023)။ ဒါကြောင့်မို့ ပုံမှန်အင်တာနက်ရှာဖွေမှု (search engine) တွေအစား အကြောင်းအရာ ရေးသားဖန်တီးမှုဆိုင်ရာ လုပ်ဆောင်စရာတွေအတွက် ChatGPT ကိုပြောင်းလဲ အသုံးပြုဖို့ လူအများစုက တွေးလာနိုင်ပါတယ်။

၄။ ChatGPT မှာ ဘယ်လိုမေးခွန်းမျိုးတွေ မေးနိုင်မလဲ

အသုံးပြုသူတွေအနေနဲ့ ရိုးရှင်းတဲ့မေးခွန်းမျိုး (ဥပမာ – နယူးယော့ခ်က ဘယ်နှစ်မှာ ပြည်နယ်ဖြစ်လာတာလဲ) ကနေစပြီး ပိုမိုရှုပ်ထွေးတဲ့မေးခွန်းမျိုး (ဥပမာ – ဘဝရဲ့အဓိပ္ပါယ်မှာ အဘယ်နည်း) အထိ မေးမြန်းနိုင်ပါတယ်။ ChatGPT ဟာ STEM (science, technology, engineering, and mathematics) ဘာသာရပ်တွေ ကိုလည်းကျွမ်းကျင်ပြီး ပြဿနာတွေရှာဖွေ ဖြေရှင်းတာ ကုဒ်ရေးပေးတာမျိုးတွေအထိ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ChatGPT ကိုမေးခွန်း မေးတဲ့အခါ မေးခွန်းအမျိုးအစား ကန့်သတ်ထားတာမျိုးမရှိပါဘူး။

၅။ ChatGPT ကို လူတွေ ဘာအတွက် အသုံးပြုကြသလဲ

ChatGPT ကို အပြန်အလှန်စကားပြောဆိုဖို့အတွက်တင်မကဘဲ စွယ်စုံအသုံးပြုလို့ရပါတယ်။ လူတွေအနေနဲ့ ChatGPT ကိုသုံးပြီးလုပ်ဆောင်နိုင်တာတွေကတော့ –

  • ကွန်ပြူတာပရိုဂရမ်များကို ကုဒ်လုပ်ပြီး ကုဒ်ထဲတွင် ချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း
  • သီချင်းရေးခြင်း
  • အီးမေးလ်များရေးခြင်း
  • ဆောင်းပါးများ နဲ့ တင်ပြချက်များကို အကျဉ်းချုပ်ခြင်း
  • ဆိုရှယ်မီဒီယာပို့စ်များအတွက် ဇာတ်ညွှန်းရေးခြင်း
  • ဆောင်းပါးများအတွက် ခေါင်းစဉ်များ သတ်မှတ်ခြင်း
  • သင်္ချာပုစ္ဆာများကိုဖြေရှင်းခြင်း
  • search engine optimization အတွက် စကားလုံးများ ရှာဖွေခြင်း
  • ဝဘ်ဆိုဒ်များအတွက် ဘလော့ပို့စ်များနှင့်ဉာဏ်စမ်းပဟေဠိများကို ဖန်တီးခြင်း 
  • ဂိမ်းကစားခြင်း
  • အလုပ်လျှောက်ရာတွင် လိုအပ်သည့် CV နှင့် Cover Letter များရေးခြင်း 
  • ရှုပ်ထွေးသောအကြောင်းအရာများကို ပိုမိုရိုးရှင်းလင်းစွာဖော်ပြခြင်း
  • ဗီဒီယို ဇာတ်ညွှန်းများရေးခြင်း
  • ထုတ်ကုန်များအတွက် စျေးကွက်ရှာဖွေခြင်း
  • အနုပညာများဖန်တီးခြင်း   

စတာတွေဖြစ်ပါတယ်။ 

အခြား chatbot တွေနဲ့ မတူတာကတော့ ChatGPT ဟာ မေးခွန်းတွေကိုမှတ်သားထားနိုင်ပြီး အပြန်အလှန်စကားပြောဆိုမှုကို ပိုပြီးအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

၆။ ChatGPT ရဲ့ ကန့်သတ်ချက်တွေက ဘာတွေလဲ

ChatGPT ရဲ့တချို့ကန့်သတ်ချက်တွေကတော့ –

  • လူ့ဘာသာစကားရဲ့ ရှုပ်ထွေးမှုကို အပြည့်အဝနားမလည်တာ။
  • တုံ့ပြန်မှုတွေက စက်တစ်ခုလိုဖြစ်နေပြီး လူတစ်ယောက်လိုမျိုး သဘာဝမကျနိုင်တာ။
  • အကြောင်းအရာတွေကိုဖော်ပြနိုင်ပေမယ့်လည်း ကိုးကားချက်တွေမပါဝင်တာ။
  • ထေ့ငေါ့ပြောဆိုတဲ့ပုံစံမျိုးဆိုရင် နားမလည်တာ။
  • မေးခွန်းရဲ့ လိုရင်းကိုနားမလည်ဘဲ တခြားအပိုင်းကိုပဲဖြေပေးတာ။
  • နိုင်ငံရေးမေးခွန်းတွေကို ရှောင်ပြီးဖြေတာ။

စတာတွေဖြစ်ပါတယ်။ 

၇။ ChatGPT နဲ့ ဆက်စပ်နေတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေကရော ဘာတွေဖြစ်မလဲ

ChatGPTဟာ အချို့သောလုပ်ငန်းဆောင်တာတွေအတွက် အထောက်အကူဖြစ်ပေမယ့်လည်း  ဘက်လိုက်မှုရှိတာ၊ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကင်းမဲ့တာ၊ ပညာရေးနဲ့အလုပ်မှာ လှည့်စားလိမ်ညာတာ စတာတွေကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိပါတယ်။

ခိုးယူမှုနဲ့ လှည့်စားအသုံးပြုမှု 

ChatGPT ရဲ့ လူသားဆန်တဲ့ စွမ်းရည်ကြောင့် လူတွေအနေနဲ့ လိမ်လည်ခြင်း၊ အယောင်ဆောင် ခြင်း နဲ့ သတင်းမှားများ ဖြန့်ဝေခြင်း စတဲ့လုပ်ရပ်တွေမှာ ChatGPTကို ကျင့်ဝတ်မဲ့စွာ  အသုံးပြုလာနိုင်ပါတယ်။ ပညာရေးမှာဆိုရင်လည်း စာရွက်များကို လိမ်လည်ခြင်း၊ ခိုးယူခြင်းနှင့် ရေးခြင်းတို့အတွက် ChatGPT ကို အသုံးပြုသည့် ကျောင်းသားများနှင့် ပတ်သက်၍ သင်ကြားရေးဆရာများသည် စိတ်ပူပင်မှုတွေရှိလာပါတယ်။ChatGPT ဟာ ကုဒ်ရေးတာကိုပါ လုပ်ဆောင်နိုင်တာကြောင့် ဆိုက်ဘာလုံခြုံရေးအတွက်လည်း ပြဿနာရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ခိုးယူခြိမ်းခြောက်မှုတွေကို လုပ်ဆောင်တဲ့သူတွေဟာ malware တွေဖန်တီးတဲ့အခါမှာ ChatGPT ကို အသုံးပြုနိုင်လို့ပါ။ဒါ့အပြင် ChatGPT ဟာ နာမည် အရှိန်အဝါကြီးတဲ့ လူတစ်ဦးဦးရဲ့ အရေးအသားနဲ့ ပြောပုံဆိုပုံတွေကို အတုခိုးပြီး ထိုလူအဖြစ်ဟန်ဆောင်ကာ ထိလွယ်ရှလွယ်သတင်းတွေ နဲ့ သတင်းမှားတွေ ဖြန့်ဝေတာမျိုး လုပ်ဆောင်နိုင်တာဟာလည်း စိုးရိမ်စရာဖြစ်ပါတယ်။ 

စုဆောင်းထားသောဒေတာများတွင် ဘက်လိုက်မှုပါနေခြင်း

ChatGPTရဲ့ အကြီးမားဆုံးကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်စရာတွေထဲက တစ်ခုကတော့ ဘက်လိုက် မှုရှိနေတဲ့ ဒေတာတွေကို စုဆောင်းထားခြင်း ဖြစ်ပါတယ်။ ChatGPTက ကောက်ယူထားတဲ့ဒေတာ တွေမှာ ဘက်လိုက်မှုရှိတဲ့ဒေတာတွေပါနေရင် ပြန်ထုတ်ပေးတဲ့ အဖြေတွေမှာလည်း ဘက်လိုက်မှု  ‌တွေပါဝင်နေမှာဖြစ်ပါတယ်။ 

လူသားတွေရဲ့ အလုပ်အကိုင်တွေမှာ အစားထိုးနေရာယူလာခြင်း

နည်းပညာတိုးတက်လာတာနဲ့အမျှ ChatGPTဟာ ပုံမှန်အားဖြင့် လူသားတွေလုပ်ဆောင်လေ့ရှိတဲ့ အလုပ်တွေဖြစ်တဲ့ ဒေတာသွင်းခြင်းနဲ့ စီမံခြင်း၊ ဖောက်သည်တွေကိုဝန်ဆောင်မှုပေးခြင်းနဲ့ ဘာသာပြန်ခြင်း စတဲ့အလုပ်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်လာပါတယ်။တစ်ဖက်မှာ လည်း လူတွေအနေနဲ့က သူတို့ရဲ့ အလုပ်အကိုင်တွေကို အစားထိုးလာမှာနဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေရှိလာတဲ့အတွက် အလုပ်သမားတွေအပေါ် ChatGPT နဲ့ AI ရဲ့အကျိုးသက်ရောက် မှု ရဲ့အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးလာပါတယ်။

၈။ ChatGPT ကို သင်ဘယ်လို စတင်အသုံးပြုနိုင်မလဲ

ChatGPT သို့ဝင်ရောက်ရန် OpenAI အကောင့်တစ်ခုဖန်တီးရပါမယ်။ https://chatgpt.com/ ကိုဝင်ပြီးတော့ အကောင့်ဖွင့်ရန် Google သို့မဟုတ် Microsoft အကောင့်တို့ကို အသုံးပြုနိုင်ပါတယ်။

ChatGPTအကောင့်ဖွင့်နည်းနဲ့ အသုံးပြုပုံအဆင့်ဆင့်ကို အောက်မှာလေ့လာနိုင်ပါတယ်။

၉။ ChatGPT အပြင် အခြားရွေးချယ်စရာရောဘာတွေရှိမလဲ?

အခမဲ့ဝင်ရောက်ခွင့်ပေးတဲ့ ChatGPT နဲ့ဆင်တူတဲ့ အခြားAI-powered chat application အများအပြာလည်းရှိပါတယ်။လူကြိုက်များတဲ့အရာတွေထဲက တချို့ကိုဖော်ပြပေးထားပါတယ်။

💻Google Bard 

ChatGPT လိုအသုံးပြုနိုင်တဲ့ Google ရဲ့ အခမဲ့ AI chatbot တစ်ခုဖြစ်ပါတယ်။

💻Microsoft Bing AI (Bing Chat) 

OpenAIရဲ့ မော်ဒယ်တွေ ပံ့ပိုးထားပြီးတော့ Microsoft Edge နဲ့ပေါင်းစပ်ကာ Bing Search Engine မှတစ်ဆင့် အခမဲ့အသုံးပြုနိင်တဲ့ Application တစ်ခုဖြစ်ပါတယ်။

💻Character.AI 

AI စွမ်းအင်သုံး ဇာတ်ကောင်တွေနဲ့ စကားပြောဆိုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်ပေမယ့်လည်း ကန့်သတ်ချက်အချို့တော့ရှိပါတယ်။

💻Replika 

သုံးစွဲသူတွေအတွက် ဒစ်ဂျစ်တယ်အဖော်ကို ဖန်တီးပေးနိုင်တဲ့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ AI chatbot တစ်ခုဖြစ်ပါတယ်။ အခမဲ့ဗားရှင်းမှာတော့ အခြေခံလုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။

💻Poe by Quora 

အသုံးပြုသူတွေကို အကန့်အသတ်နဲ့ဝင်ရောက်ခွင့်ပေးပြီးတော့ GPT ရဲ့ AI Model တွေအပါအဝင် မတူညီတဲ့ AI Model တွေနဲ့ အပြန်အလှန်စကားပြောဆိုနိုင်ပါတယ်။

💻YouChat 

You.com ရှာဖွေရေးအင်ဂျင်နှင့် ပေါင်းစပ်ထားတဲ့ အခမဲ့သုံးနိုင်တဲ့ AI  ChatBOT တစ်ခုဖြစ်ပါတယ်။ 

💻Perplexity AI 

သုံးစွဲသူတွေအတွက် အခမဲ့ဝင်ရောက်ခွင့်နဲ့အတူ ၎င်းရဲ့ရင်းမြစ်တွေနဲဲ့ ကိုးကားချက်တွေကိုပါ 

ပံ့ပိုးနိုင်တဲ့  App တစ်ခုဖြစ်ပါတယ်။

ကိုးကားချက် (Reference) 

https://www.techtarget.com/whatis/definition/ChatGPT https://www.frontiersin.org/journals/education/articles/10.3389/feduc.2024.1328769/full

ChatGPT အသုံးပြုနည်း

ChatGPT ကို Mobile Phoneမှာ အသုံးပြုပုံ