
၁. LESSON PLANNING: Objectives, Standards, and Structure
၁.၁ ရှင်းလင်းသော သင်ယူမှုဦးတည်ချက်များ ရေးသားခြင်း
သင်ခန်းစာအစီအစဥ် (Lesson Plan) တစ်ခုကို စရေးတဲ့အခါ ၊ကိုယ် ဘာကို သင်ကြားပေးချင်သလဲ ဆိုတာကို တိတိကျကျ သိဖို့က အရေးကြီးဆုံးပါပဲ။ AI ကိုသုံးပြီး သင်ခန်းစာတစ်ခုရဲ့ သင်ယူမှု ဦးတည်ချက်တွေကို တိုင်းတာပေးနိုင်တဲ့ပုံစံမျိုး (ဥပမာ- Bloom’s Taxonomy ရဲ့ verb တွေနဲ့ ကိုက်ညီအောင် ရေးသားတာမျိုး) လုပ်နိုင်ပါတယ်။ Gemini သို့မဟုတ် ChatGPT ကဲ့သို့သော AI ကိရိယာတွေဟာ အင်္ဂလိပ်ဘာသာ ဖြင့် prompt ပေးတဲ့အခါ ပိုမိုတည်ငြိမ်ပြီး တိကျတဲ့ ရလဒ်တွေ ကို ထုတ်ပေးနိုင်ပါတယ်။
ဒါဆိုရင် Gemini ကို အသုံးပြုပြီး သင်ခန်းစာတစ်ခုရဲ့ သင်ယူမှု ဦးတည်ချက်တွေကို ဘယ်လိုရေးမလဲ ကြည့်ရအောင်။
နမူနာ prompt
| “Act as a curriculum expert. Given the topic ‘Photosynthesis,’ generate three measurable, high-level learning objectives for a Grade 8 science class.” |
prompt output
| 📝 Learning Objectives for Photosynthesis (Grade 8) Objective 1: Identifying Inputs and Outputs (Remembering/Understanding) Students will be able to identify the essential reactants (inputs) and products (outputs) of the photosynthetic process, given a diagram or a written description of the overall reaction, achieving at least 80% accuracy on a short quiz. Focus: Core chemical components ($CO_2$, $H_2O$, sunlight, glucose, $O_2$). Objective 2: Explaining the Importance (Analyzing/Applying) Students will be able to explain the significance of photosynthesis to all life on Earth, specifically addressing its role in energy flow and the carbon-oxygen cycle, by constructing a well-supported paragraph that includes at least two distinct arguments. Focus: Ecological importance (food source/energy, oxygen production, carbon dioxide removal). Objective 3: Modeling the Transformation (Creating/Evaluating)Students will be able to construct a conceptual model (e.g., a labeled diagram or flow chart) that accurately illustrates the transformation of light energy into chemical energy within the chloroplast, labeling the key structures and energy forms involved. Focus: Energy conversion, location (chloroplast/chlorophyll), and basic process overview. |
Lesson objectives ရေးသားခြင်းအတွက် အစားထိုးအသုံးပြုနိုင်သော နမူနာ Prompt Template
| Act as an expert curriculum developer specializing in [SUBJECT AREA] pedagogy. **Task:** Generate three clear, measurable learning objectives for a lesson on the topic “[LESSON TOPIC]”. **Context & Constraints:** 1. The target audience is [GRADE LEVEL] students, who have [PRIOR KNOWLEDGE/SPECIFIC CHALLENGE, e.g., a basic understanding of the topic, or struggle with analytical skills]. 2. The three objectives must cover the following cognitive levels of Bloom’s Taxonomy (Revised): Objective 1: [LOWER LEVEL, e.g., Remembering or Understanding] Objective 2: [MIDDLE LEVEL, e.g., Applying or Analyzing] Objective 3: [HIGHER LEVEL, e.g., Evaluating or Creating] 3. The objectives must use strong, actionable verbs (e.g., *demonstrate, calculate, defend*). **Structure:** Output the three objectives as a numbered list, starting with the phrase “Students will be able to…” |
ပုံ ၁.၁ Bloom’s Taxonomy Revised Model

၁.၂ Standards Alignment (စံနှုန်းများနှင့် ကိုက်ညီအောင် စီစဉ်ခြင်း)
ကောင်းမွန်တဲ့ သင်ခန်းစာအစီအစဥ်တစ်ခုဟာ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းတွေနဲ့ အမြဲတမ်း ကိုက်ညီနေရပါမယ်။ AI ကို အသုံးပြုပြီး National Curriculum Standards / CEFR / NGSS / Common Core စတာတွေနဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေပြင်ဆင်နိုင်ပါ တယ်။
ဆရာ/မ တွေအနေနဲ့ သင်ကြားမယ့် သင်ခန်းစာခေါင်းစဉ်ကို ပေးပြီး၊ လိုအပ်တဲ့ စံနှုန်း (Standard Code) ကို ထည့်သွင်းပေးခြင်းဖြင့် AI က အဲဒီစံနှုန်းနဲ့ ကိုက်ညီတဲ့ သင်ခန်းစာ အယူအဆ (concepts) တွေကို ထုတ်ပေးမှာဖြစ်ပါတယ်။
သင်ခန်းစာတစ်ခုကို ရေးသားပြီးတဲ့အခါမှာလည်း AI ကို အဲဒီသင်ခန်းစာထဲက သင်ခန်းစာတွေဟာ သင်ရိုးညွှန်းတမ်း စံနှုန်းတွေနဲ့ ပြည့်မီမှု ရှိ/မရှိ ပြန်လည်စစ်ဆေးခိုင်းနိုင်ပါတယ်။
Standards Code (စံနှုန်း သင်္ကေတ) ဆိုတာကတော့ ဒေသဆိုင်ရာ (Local)၊ ပြည်နယ်ဆိုင်ရာ (State) ဒါမှမဟုတ် နိုင်ငံတော်အဆင့် (National Level) မှာရှိတဲ့ သင်ရိုးညွှန်းတမ်း စံနှုန်းများ (Curriculum Standards) ကို ကိုယ်စားပြုတဲ့ တိကျတဲ့ နံပါတ်၊ အက္ခရာ သို့မဟုတ် ပေါင်းစပ်ထားတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။အဲဒီသင်္ကေတတွေဟာ ကျောင်းသားတစ်ဦးစီက အတန်းတစ်တန်းပြီးတဲ့အခါမှာ တိတိကျကျ ဘာတွေ သိထားရမယ်၊ ဘာတွေ လုပ်ဆောင်နိုင်ရမယ် ဆိုတာကို သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။
📊 ဥပမာ (နိုင်ငံတကာ စံနှုန်းများ)
| Code အစိတ်အပိုင်း | အဓိပ္ပာယ် | နမူနာ Code | ရှင်းလင်းချက် |
| Grade Level | အတန်းအဆင့် | 9 | ၉ တန်း |
| Subject | ဘာသာရပ် | RI (Reading: Informational) | အချက်အလက်ဖတ်ရှုခြင်း |
| Strand | အဓိက အစုအဝေး | 3 | အဓိက အချက်အလက်နှင့် အယူအဆများ |
| Total Code | 9.RI.3 | ၉ တန်းကျောင်းသားများသည် စာသားတစ်ခုအတွင်းမှ အဓိက အယူအဆများကြား ဆက်နွှယ်မှုကို စိစစ်ခွဲခြမ်းနိုင်ရမည်။ |
စံနှုန်း စစ်ဆေးရန် Prompt Template:
| “Review the following lesson plan outline and identify which parts align with the educational standard: [INSERT STANDARD CODE OR DESCRIPTION]. Suggest one new activity to better meet this standard.” |
၁.၃ Lesson Structure Templates (သင်ခန်းစာ ဖွဲ့စည်းမှု ပုံစံများ)
သင်ခန်းစာရဲ့ဖွဲ့စည်းထားမှုပုံစံတွေ (Frameworks) ဟာ ဆရာ/မတွေကို သင်ခန်းစာ အစ၊ အလယ်၊ အဆုံး စနစ်တကျ စီမံခန့်ခွဲရာမှာ အထောက်အကူပြုပါတယ်။ AI ဟာ သင်ခန်းစာ ဖွဲ့စည်းထားမှု ပုံစံ (Model) တွေကိုအခြေခံပြီး သင်ခန်းစာတွေ ရေးဆွဲပေးနိုင်ပါတယ်။
AI သည် ဆရာ/မတို့အတွက် အသုံးပြုရလွယ်ကူပြီး၊ သင်ကြားရေးဆိုင်ရာ စံနှုန်း (pedagogical standards) တွေနဲ့ ကိုက်ညီတဲ့ သင်ခန်းစာပုံစံတွေကို အောက်ပါအတိုင်း အလိုအလျောက် ဖန်တီးပေးနိုင်ပါတယ်။
| Template အမျိုးအစား | အဓိကအပိုင်း (Focus) | AI ကို ဘယ်လို အသုံးပြုမလဲ (Prompt Strategy) |
| 5E Model | စူးစမ်းလေ့လာမှုနှင့် ဆန်းစစ်မှု (Inquiry & Constructionism) | သိပ္ပံနှင့် သင်္ချာဘာသာရပ် များအတွက် အကောင်းဆုံးဖြစ်ပြီး၊ သင်ခန်းစာများ ကို အဆင့် ၅ ဆင့် (Engage, Explore, Explain, Elaborate, Evaluate) အတိုင်း ခွဲခြားရေးဆွဲရန် တောင်းဆိုပါ။ |
| PPP (Presentation, Practice, Production) | ဘာသာစကား ကျွမ်းကျင်မှု (Language Fluency) | အင်္ဂလိပ်စာလိုမျိုး ဘာသာစကား သင်ကြားမှုအတွက် PPP ပုံစံကို အသုံးပြု၍၊ ဝေါဟာရ သို့မဟုတ် သဒ္ဒါ၊ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် လက်တွေ့ အသုံးပြုခြင်းတို့အဖြစ် ခွဲခြားပေးရန် တောင်းဆိုပါ။ |
| Inquiry-Based Learning | မေးခွန်းထုတ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Questioning & Problem Solving) | ကျောင်းသားများရဲ့စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်တဲ့ စိန်ခေါ်မှုဖြစ်တဲ့ မေးခွန်း (Essential Question) တစ်ခုကို အခြေခံပြီး သင်ခန်းစာကို အဆင့်ဆင့် တည်ဆောက်ခိုင်းပါ။ |
| Competency-based Structure | လက်တွေ့ကျွမ်းကျင်မှုနှင့် စွမ်းရည် (Skill Mastery & Competency) | သင်ရိုးညွှန်းတမ်းမှ သတ်မှတ်ထားတဲ့ ‘စွမ်းရည်’ (Competency, e.g., Critical Thinking) တစ်ခုကို အခြေခံပြီး၊ ထိုစွမ်းရည်ကို တိုးတက်စေမယ့် လေ့ကျင့်ခန်းတွေ ပါဝင်တဲ့ သင်ခန်းစာ ကို တောင်းဆိုပါ။ |
| Micro-lesson Formats | အချိန်တိုအတွင်း ထိရောက်မှု (Efficiency & Focus) | အချိန်ကန့်သတ်ချက် (ဥပမာ- ၅ မိနစ် သို့မဟုတ် ၁၅ မိနစ်) အတွင်း တိကျသော ရည်ရွယ်ချက်တစ်ခု (ဥပမာ- ‘Defining Photosynthesis’) ကို သင်ကြားရန်အတွက် သင်ခန်းစာပုံစံကို ရေးဆွဲပေးရန် တောင်းဆိုပါ။ |
Template Prompt နမူနာ (5E Model)
| “Act as a curriculum expert. Design a 90-minute lesson plan for [Grade 9 Chemistry] on the topic ‘The Periodic Table’ using the 5E Instructional Model. Ensure the ‘Explore’ section is a hands-on lab activity, and the ‘Evaluate’ section includes a short quiz.” |
၁.၄ သင်ယူသူ၏ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပေါင်းစပ်ခြင်း
သင်ခန်းစာ အကြောင်းအရာတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်ပြနိုင်မယ်ဆိုရင် ကျောင်းသားတွေက ပိုပြီးစိတ်ဝင်စားကြပါတယ်။
ဆရာ ဆရာမတွေအနေနဲ့ Gemini ကိုအသုံးပြုပြီး သင်ခန်းစာတွေကို လက်တွေ့နဲ့ပိုပြီးနီးစပ်မှုရှိအောင် အောက်မှာ ပေးထားတဲ့ အချက်တွေနဲ့အညီ ပြင်ဆင်နိုင်ပါတယ်။
- အသက်/အဆင့် (Age/grade level)
- နောက်ခံဗဟုသုတ (Background knowledge)
- ယဉ်ကျေးမှုနှင့် သက်ဆိုင်မှု (Cultural relevance)
- ကျောင်းသား စိတ်ဝင်စားမှုများ (အားကစား၊ ဂီတ၊ ဂိမ်း၊ ဒေသတွင်း ပုံပြင်များ)
သင်ယူသူရဲ့ စိတ်ဝင်စားမှုကို ပေါင်းစပ်ခြင်း (Grade 7 Math)
သင်ခန်းစာကို စိတ်ဝင်စားမှု မြင့်မားစေဖို့ဆိုရင် ယေဘုယျဆန်တဲ့ မေးခွန်းတွေအစား၊ ကျောင်းသားရဲ့ ဒေသဆိုင်ရာ အကြောင်းအရာတွေနဲ့ စိတ်ဝင်စားမှုတွေကို ထည့်သွင်းပေးခြင်းဖြင့် Gemini ကို အသုံးပြု နိုင်ပါတယ်။
ဥပမာ – ၁ ရိုးရှင်းသော Prompt (ယေဘုယျဆန်သော ရလဒ်)
ဆရာ/မတစ်ဦးက ၇ တန်း သင်္ချာအတွက် ရာခိုင်နှုန်း (Percentages) တွက်ချက်မှုဆိုင်ရာ မေးခွန်းတွေ ပြင်ဆင်နေပါတယ်။
| ယေဘုယျ Prompt | ရလဒ် (AI Output) |
| “၇ တန်း သင်္ချာအတန်းအတွက် ရာခိုင်နှုန်းဆိုင်ရာ ပုစ္ဆာ ၅ ပုဒ်ကို ရေး ပေးပါ။” | အမေရိကန် ဒေါ်လာဖြင့် တွက်ချက်သော၊ Apple iPhone တွင် လျှော့စျေးရှာဖွေသော၊ သို့မဟုတ် ကားမောင်းသည့် အကွာအဝေးများအပေါ် အခြေခံသော မေးခွန်းများ ပေးလာနိုင်ပါတယ်။ |
| ပြဿနာ | ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်ဘဝနဲ့ မသက် ဆိုင်တဲ့ အကြောင်းအရာတွေပါဝင်တာကြောင့် သင်ယူမှုမှာ စိတ်ဝင်စားမှု နည်းနိုင်ပါတယ်။ |
ဥပမာ – ၂ စိတ်ဝင်စားမှုနှင့် နောက်ခံအကြောင်းအရာကို ပေါင်းစပ်ထားသော Prompt
| စိတ်ကြိုက်ပြင်ဆင်ထားသော Prompt (P-A-R-T-S အခြေခံ) | ရလဒ် (AI Output) |
| “သင်က ၇ တန်း သင်္ချာဆရာအဖြစ် လုပ်ဆောင်ပါ။ ‘ရာခိုင်နှုန်း’ ကို တွက်ချက်တဲ့ ပုစ္ဆာ ၅ ပုဒ်ကို ဖန်တီး ပါ။ မေးခွန်းများအားလုံးကို မြန်မာ့ရိုးရာပွဲတော်များ (ဥပမာ- သင်္ကြန်ပွဲတော် သို့မဟုတ် ပန်းပွဲတော်)၊ ကျပ်ငွေနှင့် ဒေသခံဈေးများရှိ လျှော့စျေးများ (discounts) ကို အခြေခံ၍ ရေးသားပေးပါ။” | “ရွှေမန်းဈေးမှာ အင်္ကျီ တစ်ထည်ကို ကျပ် ၁၅,၀၀၀ နဲ့ ရောင်းတာကို သင် တွေ့တယ်။ဒီအင်္ကျီကို သင်္ကြန်ပွဲတော် အမှတ်တရအနေနဲ့ ၂၀% လျှော့စျေး ပေးထားမယ်ဆိုရင်,အင်္ကျီတန်ဘိုး ဘယ်လောက်ကျသင့်မလဲ “* |
| အကျိုးကျေးဇူး | ကျောင်းသားတွေအနေနဲ့ ၎င်းတို့ရဲ့ နေ့စဉ်ဘဝမှာ ရာခိုင်နှုန်းကို ဘယ်လို အသုံးပြုရမလဲဆိုတာကို ချက်ချင်း နားလည်နိုင်ပြီး၊ သင်ခန်းစာအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာပါမယ်။ |
Lesson အမျိုးအစားအလိုက် အသုံးပြုနိုင်သော Prompt များ—
Prompt 1 – Complete Lesson Plan
သင်ခန်းစာတစ်ခုလုံးကို သတ်မှတ်ထားသော ပုံစံ (PPP/5E) ဖြင့် Objectives, Materials, Activities, Differentiation, Assessment အပြည့်အစုံ ရေးဆွဲရန်ဖြစ်ပါတယ်။
Prompt:
| “Act as a Grade 5 Math teacher. Design a complete 40-minute lesson plan for the topic ‘Introduction to Fractions’ using the PPP format (Presentation, Practice, Production). Include Objectives, Materials, Differentiation ideas, and a quick Assessment strategy.” |
Prompt 2 – Activity-focused Lesson Plan
အယူအဆ (Concept) ကို ရှင်းပြရုံသာမကဘဲ ကျောင်းသားကို ဗဟိုပြုသော လှုပ်ရှားမှုအသစ်များကို အဓိကထား ဖန်တီးရန်ဖြစ်ပါတယ်။
နမူနာ prompt
| “Act as a curriculum expert for Grade 8 Geography. Generate five student-centered, low-preparation activities for the unit on ‘Climate Zones and Their Impact on Culture’.” |
Prompt 3 – Differentiated Lesson
စာသားတစ်ခု သို့မဟုတ် လှုပ်ရှားမှုတစ်ခုတည်းကို ကျောင်းသားများ၏ စွမ်းရည်အလိုက် အဆင့် (၃) ဆင့် ခွဲခြားပေးရန်ဖြစ်ပါ။
နမူနာ prompt
| “Using the provided reading text [INSERT TEXT HERE], rewrite and adapt the content into three distinct reading levels: A. Basic (Grade 4 level), B. Intermediate (Grade 7 level), and C. Advanced (Grade 10 level).” |
Prompt 4 – Short Micro Lesson (အချိန်တို သင်ခန်းစာ)
ရှုပ်ထွေးသော အယူအဆတစ်ခုကို အချိန်အတိုဆုံး (၅ မိနစ်မှ ၁၅ မိနစ်) အတွင်း တိကျစွာ ရှင်းပြနိုင်သော အဆင့်ဆင့် (Step-by-Step) သင်ခန်းစာ အကျဉ်းချုပ် ရေးဆွဲရန်။
နမူနာ prompt
| “Act as a high school science tutor. Create a 10-minute micro-lesson outline that explains the difference between ‘weather’ and ‘climate’. The explanation must be concise and include one simple, memorable example.” |
မိနစ် ၆၀ Lesson Plan တစ်ခုရေးသားခြင်းအတွက် နမူနာ Prompt Template
| Act as an expert curriculum designer and teacher of [SUBJECT] for the [GRADE LEVEL] level. **Task:** Design a complete, 60-minute lesson plan for the topic: “[LESSON TOPIC]“. **Context & Constraints:** 1. The students are [PRIOR KNOWLEDGE/STUDENT PROFILE, e.g., visual learners who struggle with abstract concepts]. 2. The lesson must include three measurable Learning Objectives, covering the following Bloom’s Taxonomy levels: [LEVEL 1, e.g., Remember], [LEVEL 2, e.g., Apply], and [LEVEL 3, e.g., Analyze]. 3. The primary student activity must be [TYPE OF ACTIVITY, e.g., collaborative group work, hands-on experiment, quick debate]. 4. The tone of the lesson instructions must be [TONE, e.g., highly encouraging, formal, or inquiry-based]. **Structure:** Present the plan in a clear table with the following columns: Time (minutes), Activity Description, Teaching Method, Bloom’s Level, and Materials Needed. |
၂။ မတူညီသော သင်ခန်းစာများကို AI ဖြင့် ပြင်ဆင်ခြင်း
သင်ခန်းစာတစ်ခုမှာ သင်ယူရမယ့်အကြောင်းအရာတွေနဲ့ သင်ယူသူရဲ့အဆင့် ကိုက်ညီမှုရှိဖို့က အရေးကြီး တဲ့အပိုင်းတစ်ခုဖြစ်ပါတယ်။သင်ခန်းစာအကြောင်းအရာတွေရဲ့ မတူညီတဲ့ခက်ခဲမှုအဆင့် နဲ့ ရေးသားပုံ တွေ ကို AI အသုံးပြုပြီး ချိန်ညှိနိုင်ပါတယ်။
၂.၁ ဘယ်အရာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်လဲ
Gemini ကိုအသုံးပြုပြီး သင်ခန်းစာတွေကို ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်၊ အားသာချက်နဲ့ သင်ယူမှုအဆင့်အလိုက် ကိုက်ညီမှုရှိအောင် ပြင်ဆင်နိုင်ပါတယ်။
- ဖတ်ရှုရန် စာပိုဒ်များ (အဆင့်အလိုက်ဖတ်ရှုရန်အကြောင်းအရာများ)
- လေ့ကျင့်ခန်းစာရွက်များ (Worksheets)
- ဝေါဟာရများ
- အရေးအသား လေ့ကျင့်ခန်းများ
- အကဲဖြတ်စစ်ဆေးခြင်းများ (Assessments)
- သင်ယူမှုအတွက် ဂိမ်းများ
- တစ်ဦးချင်းစီရဲ့ သင်ယူမှု ကွာဟချက်များအပေါ် အခြေခံထားသော လေ့ကျင့်ခန်းများ
၂.၂ အကြောင်းအရာအဆင့်ကို ပြင်ဆင်ခြင်း
ကျောင်းသားတစ်ဦးချင်းစီရဲ့ စာဖတ်စွမ်းရည် (reading ability) ကွဲပြားတဲ့အတွက်၊ အတန်းထဲမှာ တူညီတဲ့ ခေါင်းစဉ်ကိုပဲ အဆင့် ၃ မျိုးနဲ့ ဖတ်လို့ရအောင် AI ကို အသုံးပြုပြီးပြင်ဆင်နိုင်ပါတယ်။ ဒါက ဆရာ/မ တွေအတွက်လည်း အချိန်ကုန် သက်သာစေပါတယ်။
၂.၃ Prompt ဥပမာ (Reading Level Modification)
Gemini ကို အသုံးပြုပြီး သင်ခန်းစာထဲက စာသားတွေကို အသက်အရွယ်အလိုက်၊ ဒါမှမဟုတ် စွမ်းရည် အလိုက် ပြောင်းလဲရေးသားခိုင်းနိုင်ပါတယ်။
နမူနာ Prompt
English
| (———– content/ text ……………)“Rewrite this reading text about ecosystems at Grade 3, Grade 5, and Grade 7 levels.” |
(မြန်မာလို)
| (———–အကြောင်းအရာ/ စာသား……………)“ဖော်ပြထားတဲ့ သဘာဝဂေဟစနစ်များ (ecosystems) အကြောင်း စာသားကို ၃ တန်း၊ ၅ တန်းနဲ့ ၇ တန်း အဆင့်များအတွက် ပြန်လည်ရေးသားပေးပါ။” |
(***မှတ်ချက််**: Gemini သို့မဟုတ် ChatGPT ကဲ့သို့သော AI ကိရိယာတွေဟာ အင်္ဂလိပ်ဘာသာ ဖြင့် prompt ပေးတဲ့အခါ ပိုမိုတည်ငြိမ်ပြီး တိကျတဲ့ ရလဒ်တွေ ကို ထုတ်ပေးနိုင်ပါတယ်။)
၃။ ACTIVITY GENERATION: ဂိမ်းများဖန်တီးခြင်း နှင့် အရင်းအမြစ်များ
၃.၁ AI ဖန်တီးနိုင်သော သင်ယူမှု ဂိမ်း အမျိုးအစားများ
AI ဟာ သမားရိုးကျ လေ့ကျင့်ခန်းတွေအပြင် ကျောင်းသားတွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေကိုပါ ဖန်တီးပေးနိုင်ပါတယ်။
ဂိမ်းအမျိုးအစားအလိုက် ဖန်တီးမှု Prompt ပုံစံများ
AI ဖန်တီးနိုင်သော သင်ယူမှု ဂိမ်းများ
| ဂိမ်း အမျိုးအစား | အသုံးပြုမှု အပိုင်း | Prompt ပုံစံ နမူနာ |
| Quiz-Based Review | Jeopardy Style ပြိုင်ပွဲများ၊ Multiple-Choice Quizzes များ | [SUBJECT] နှင့် [TOPIC] အတွက် အဆင့် ၃ ဆင့်ပါ မေးခွန်း [NUMBER] ခုကို ဇယားဖြင့် ဖန်တီးပေးပါ။ |
| Error Analysis | Fact or Fiction၊ အမှားပြင်ဆင်ခြင်း လေ့ကျင့်ခန်းများ | [SUBJECT] အတွက် အမှန် [NUMBER] ခု၊ အမှား [NUMBER] ခုနှင့် ရှင်းလင်းချက်များ ဖန်တီးပေးပါ။ |
| Vocabulary Practice | Bingo၊ Lotto၊ Crossword၊ Matching Card ဂိမ်းများ | [GRADE LEVEL] အတွက် ဝေါဟာရ [NUMBER] လုံးပါ Bingo ကဒ်နှင့် အဓိပ္ပာယ် ဇယား ဖန်တီးပေးပါ။ |
| Role-Playing / Simulation | ဇာတ်လမ်း အခြေပြု ကစားခြင်း၊ ဆုံးဖြတ်ချက်ချရသော Scenarios များ | [TOPIC] အတွက် အဖွဲ့ ၃ ဖွဲ့၏ လျှို့ဝှက် အခန်းကဏ္ဍနှင့် ပန်းတိုင်များကို ဒီဇိုင်းဆွဲပေးပါ။ |
| Physical / Board Game | Scavenger Hunts၊ စက္ကူထုတ် ဘုတ်ဂိမ်းများ | [GRADE LEVEL] အတွက် [INTEREST] အခြေခံ ဘုတ်ဂိမ်း စည်းကမ်းနှင့် မေးခွန်းများ ဖန်တီးပေးပါ။ |
၃.၂ ထုတ်ယူအသုံးပြုနိုင်သော အရင်းအမြစ်များ (Printable Resources)
AI ကို အသုံးပြုခြင်းဖြင့် Lesson Plan တစ်ခုအတွက် လိုအပ်တဲ့ အချက်အလက်တွေကို အချိန်တိုအတွင်း ဖန်တီးပေးနိုင်ပါတယ်။ အောက်ပါ အမျိုးအစားတွေနဲ့ ထုတ်ယူပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။
- PDF အမျိုးအစား ဇာတ်လမ်း/ ပုံ စာအုပ်များ
- Flashcards
- လေ့ကျင့်ခန်းစာရွက်များ (Worksheets)
- ကြော်ငြာသင်ပုန်းများ (Posters)
- စာသင်ခန်းသုံး အညွှန်းစာတမ်းများ (Classroom labels)
- Exit tickets (သင်ခန်းစာအပြီး ပြန်လည်စစ်ဆေးသည့် လက်မှတ်များ)