သင့်ရဲ့ ဖုန်း လုံခြုံအောင် ဘာတွေ လုပ်ဆောင်ထားသင့်သလဲ

ယနေ့ခေတ်မှာ လက်ကိုင်ဖုန်းတွေဟာ လူငယ်တွေရဲ့ ဘ၀ တစ်စိတ်တစ်ပိုင်းလို့တောင်ပြောရလောက်အောင် အနေနီးတဲ့ နေ့စဥ်သုံးပစ္စည်းတစ်ခုဖြစ်နေပါပြီ။ ဒါကြောင့် မိမိအသုံးပြုနေတဲ့ လက်ကိုင်ဖုန်းများကို လုံခြုံမှုရှိရှိ အသုံးပြုနိုင်ရန် သိကောင်းစရာ ၆ ချက် ကိုမျှ၀ေပေးလိုက်ပါတယ်။

၁။ Update အမြဲတမ်း ပြုလုပ်ပါ။ 🛡

Mobile Device တွေကို လုံခြုံအောင်ထားဖို့ အလွယ်ကူဆုံး နည်းကတော့ Update လုပ်ခြင်းဖြစ်ပါတယ်။ ဖုန်းထဲက App တွေကို Update ရတိုင်း တင်ခြင်း ဖုန်း Version အသစ်ရတိုင်း ကိုယ့်ဖုန်းနဲ့ ကိုက်ညီတဲ့ Version ဖြစ်ကြောင်း လေ့လာပြီး Update လုပ်ထားသင့်ပါတယ်။

Update ရတိုင်း သတိပေးတဲ့ Notification လည်း On ထားလို့ရသလို Auto Update လုပ်ပေးတဲ့ Settings လည်း ထားထားလို့ရပါတယ်။

၂။ Anti-virus Software များ အသုံးပြုပါ။ 🛡

Android device တွေအတွက် ဖြစ်ပါတယ်။ Internet အသုံးပြုတဲ့ Device တွေတိုင်း ( Laptop အပါအဝင် ) anti-virus software တစ်ခုခုကို အသုံးပြုသင့်ပါတယ်။ 

၃။ ဖုန်းများကို Jailbreak လုပ်ခြင်း/root ဖောက်ခြင်း မပြုလုပ်ပါနှင့်။ 🛡

Jailbreak လုပ်ထားတဲ့ device တွေဟာ  viruse နဲ့  အခြား malware တွေ ပို ဝင်ရောက်နိုင်တာမို့ ၎င်း Device တွေနဲ့ Company Network ထဲဝင်ရောက်ခြင်းကို ရှောင်သင့်ပါတယ်။

၄။ တတိယပါတီ ရင်းမြစ်များမှ Application များကို မသုံးပါနှင့်။ 🛡

jailbreak လုပ်ထားတဲ့ Apple device တွေ၊ Root ဖောက်ထားတဲ့ Android device တွေဟာ သက်ဆိုင်ရာ App Store တွေရဲ့ ကာကွယ်မှုမရရှိပဲ အန္တရာယ်ရှိတဲ့ Virus တွေ ဝင်ရောက်ခံရနိုင်ပါတယ်။ ရွေးခြယ်စရာရှိရင် တရားဝင် ဖြစ်တဲ့ Apple App Store သို့မဟုတ် Google Play Store ကိုသာ အသုံးပြုသင့်ပါတယ်။ တရားဝင် App Store မဟုတ်တဲ့ Third Party Source တွေကနေ Application တွေ ယူမယ်ဆိုရင်တော့ App နဲ့ အတူ Virus တွေပါ ဝင်ရောက်လာနိုင်တာ သိထားသင့်ပါတယ်။

၅။ Public Wi-Fi ၏ အန္တရာယ်များ အကြောင်း သိပါစေ။ 🛡

အများပြည်သူသုံး Wi-Fi ဆက်သွယ်မှုများသည် လုံခြုံမှုမရှိပါ။ ထို့ကြောင့် Public Wifi များနှင့် ချိတ်ဆက်ထားသောအခါ ကျွန်တော်တို့၏ Device များသည် လုံခြုံမှု၊ ကာကွယ်ထားမှု ဘာမှမရှိသလို ဖြစ်နေမည်။ အကယ်၍ ကုမ္ပဏီဝက်ဘ်ဆိုက်ထဲသို့ ဝင်ရောက်ခြင်း သို့မဟုတ် လုပ်ငန်းစာရင်းကိုင်မှတ်တမ်းများကို ရယူခြင်း စသည့်အရေးကြီးသည့်အရာများကို Public Wifi အသုံးပြု၍ လုပ်ဆောင်နေပါက Hacker တစ်ယောက်က အလွယ်တကူသိရှိရယူနိုင်သည်။ 

သင့်ရဲ့ ဖုန်း လုံခြုံအောင် ဘာတွေ လုပ်ဆောင်ထားသင့်သလဲ ဆိုတာကို ဗီဒီယိုလေးနဲ့ ပြောပြပေးထားပါတယ်