အင်တာနက် မရှိရင် အချင်းချင်း ဆက်သွယ်နိုင်ဖို့ Briar 🌐

Briar ဆိုတဲ့ Application က အင်တာနက်မရတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်ပြောဆိုလို့ရအောင် ဒီဇိုင်းဆွဲထားတဲ့ App တစ်ခုဖြစ်ပါတယ်။
ဒီ App က တခြား App တွေလို အင်တာနက်ရှိမှ သုံးလို့ရတာမဟုတ်ဘဲ “Mesh network” လို့ခေါ်တဲ့ လူတွေ အများကြီးကနေ Bluetooth ဒါမှမဟုတ် Wi-Fi ကို အသုံးပြုရတဲ့ “Bridgefy” လိုမျိုးလည်း သုံးလို့ရတဲ့ App ပါ။
ကျွန်တော်တို့အမြင်အရဆိုရင် ဒီ Briar App က Bridgefy ထက်ပိုပြီး သုံးရတာ Safe ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်
▪️ ဒီ App ကိုအသုံးပြုဖို့ ကိုယ့်ရဲ့ဖုန်းနံပါတ်တွေ၊ Email address တွေကိုပေးစရာမလိုပါဘူး။ ဒီအတွက် ကိုယ့်ရဲ့ သတင်းအချက်အလက်တွေကို ဘယ်သူမှ လွယ်လွယ်ကူကူ ကြည့်ရှုလို့မရပါဘူး။
▪️ User name ပေးပြီး Password ပေးလိုက်တာနဲ့တင် သုံးလို့ရပါတယ်။
▪️ စကားပြောမယ့်သူ အချင်းချင်းကိုလည်း Code တစ်ခုလိုမျိုး မတူတဲ့ Link တွေပေး၊ Nick name တွေပေးပြီး သုံးရတာဖြစ်လို့ ပိုပြီးစိတ်ချရပါတယ်။
▪️ အင်တာနက်နဲ့ ဒီ App ကို အသုံးပြုရင်လည်း ကိုယ့်ရဲ့ user IP နဲ့ သတင်းအကြောင်းအရာတွေကို Internet Service Provider (ISP) တွေနဲ့ တခြားသူတွေ အလွယ်တကူ ခြေရာခံလို့မရအောင် Tor (The Onion Router) ဆိုတဲ့ Network ကို အသုံးပြုထားလို့ ပိုပြီးလုံခြုံပါတယ်။
ဒါပေမယ့် စပြီးသုံးမယ်ဆိုရင်တော့ App ကို Download လုပ်ဖို့ အင်တာနက်လိုသလို စကားပြောမယ့်သူအချင်းချင်း စပြီးချိတ်ဆက်ဖို့ Code ကို Share ထားလို့ရအောင်လည်း အင်တာနက်လိုပါတယ်။
အဲ့ဒီနောက်ပိုင်းတော့ အင်တာနက်မရှိတော့ရင်လည်း Bluetooth သို့မဟုတ် Wi-Fi နဲ့ချိတ်ဆက်ပြီး အကွာအဝေး
အတိုင်းအတာတစ်ခုအထိ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ လူများများ အသုံးပြုလေ ပိုပြီးဝေးကွာတဲ့အတိုင်းအတာထိ ဆက်သွယ်လို့ရလေ ဖြစ်လို့ အားလုံး အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။
🚨အသုံးပြုနည်းနဲ့ Download link လေးကိုလည်း ပြောပြထားပါတယ်🚨
Download links
https://play.google.com/store/apps/details…
https://apkpure.com/briar/org.briarproject.briar.android

MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇

MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…

Briar အသုံးပြုနည်း အဆင့်ဆင့်ကို ဓာတ်ပုံနှင့်တကွ ပြောပြထားပါတယ်။ 👇

May be an image of text that says "Briar Enter your password: 社 BRIAR အင်တာနက်မလိုဘဲ လုံခြုံစိတ်ချရသော ဆက်သွယ်ရေး App Briar သည် လုံခြုံစိတ်ချ Messaging App ဖြစ်သည်။ အခြားသော လယ Messging tools ဖြစ်တဲ့ Email, Twitter, Telegram အစရှိသည်တို့ဖြင့် မတူသောအချက်ကတော့ Briar သည် Central server ပေါမှီခိုထားခြင်းမရှိပါ။ ဆိုလိုသည်မှာ အသုံးပြုသူအချင်းချင်း၏ device တွေကြားမှာ synchronize မလုပ်ထားတာပါ။ ဒါ့ကြောင့် Internet မရှိဘဲ Bluetooth တို့ Wi-Fi ကနေတစ်ဆင့် အရေးကြီးသော သတင်းအချက် သတင်းအချက်အလက်များ Message များကို ပို့နိုင်၊ ရနိုင်ပါသဖြင့် အနီးနားမှာ ရှိသောသူများကို လွယ်ကူစွာ ဆက်သွယ်နိုင်သည်။ Internet ပြန်ရလာလျှင်လည်း Briar သည် Network ဖြင့် message များကို synchronize လုပ်သဖြင့် surveillance များမှ ကာကွယ်ထားပါသည်။ အသုံးပြုသူများကို အခုပဲ ဒေါင်းပြီး အမြန်ဆုံး စမ်းကြည့်လိုက်ကြစို့။ SIGN IN lhave forgotten my password 1. SIGN UP or SIGN IN လုပ်ပါ။ ?123 English"
May be an image of text that says "Contacts 2. သူငယ်ချင်း မိတ်ဆွေများကို Add ရန် ? N Add contact Addcontactatadistance ata distance ICOm dụa Add contact nearby အဝေးက သူငယ်ချင်းများကို Add ရန် မိမိ နှင့် Location နီးသောသူများကို Add ရန် There are pending contact requests SHOW မိမိကို လာ Add သောသူများကို ကြည့်ရန် မသိသောသူများကို လုံးဝ လက်မခံပါနှင့်။"
May be an image of text that says "Add Contact at a Distance Exchange links Add Contact at a Distance Choose Nickname 7 Give this link to the contact you want to add Exchange links 2. ChooseNickname Choose Nickname briar:/ Give this link to the contact you want to add မိမိ၏ Contact's link သူငယ်ချင်းအား ပေးရန် briar:/ COPY SHARE သူငယ်ချင်း မိတ်ဆွေများ ကို Add ရန် Enter the link from your contact here COPY SHARE Contact's link Enter the link from your contact here briar:// PASTE PASTE CONTINUE မိမိ သူငယ်ချင်း၏ Contact's link ကို ထည့်ပါ။ CONTINUE"
May be an image of text that says "Add Contact ta Distance Exchange Pending Contact Requests Choose Nickname Connecting Contacts now Bob now Carol 19hr. ago Give your contact nickname Only Giveyour.contactanickname.Onlyou you can seeit nter nickname ADD CONTACT 3. Add ထားသော သူငယ်ချင်း မိတ်ဆွေကို နာမည်ဝှက် ပေးရန် 4.ထိုသူငယ်ချင်းက လက်မခံမချင်း Connecting လို့ပေါ်နေပါမယ်။ 5.မိမိသူငယ်ချင်းက လက်ခံလိုက်လျှင် Contacts ထဲတွင် ပေါ်နေပါမယ်။"
May be an image of text that says "한 BRIAR Contacts Private Groups Forums Blogs Private Groups သည် ကိုယ်ဖိတ်ခေါ် ထားသော သူများ ပါဝင်သည့် ပုံမှန် Group chat ဖြစ်သည်။ Forums သည် Public Group Chat ဖြစ်သည်။ Blogs သည် Twitter ကဲ့သို့ Public Announcement ဖြစ်သည်။ Settings Sign Out BRIAR သည် Internet/ Bluetooth/ Wi-Fi တစ်ခုခု ဖြင့် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် Internet မရှိခဲ့လျှင် Bluetooth ဆက်သွယ်နိုင်ပါသည်။ internet Bluetooth Wi-Fi"