ဒီ ၂၁ ရာစုအချိန်မှာ လူတိုင်းအားလုံးနီးပါး အလုပ်အတွက်ဘဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအတွက် ကြောင့်ဘဲဖြစ်ဖြစ် Social Media Accounts (Facebook, Twitter, Instagram) တွေ နဲ့ Gmail၊ Email တွေကို အသုံးပြုကြလေ့ရှိပါတယ်။
ဒီအရာတွေကို အသုံးပြုကြတဲ့အခါမှာ ကောင်းမွန်စွာ ထိထိရောက်ရောက် အသုံးပြုတတ်ဖို့လိုသလို လုံခြုံစွာနဲ့ အခိုးခံရတာတွေမရှိအောင်လည်း သုံးတတ်ကြဖို့ အရေးကြီးပါတယ်။
အခြေခံအလေ့အကျင့်အနေနဲ့ အရေးကြီးတဲ့ Cyber security တွေအချိုးဖောက်မခံရဖို့ဆို ကျွန်တော်တို့ အသုံးပြုတဲ့ Digital App တိုင်းကို Two Factor Authenticator (2FA)လို့ခေါ်တဲ့ ထပ်ဆင့် password ခံခြင်းမျိုးလုပ်ဖို့လိုအပ်ပါတယ်။
2FA ခံကြတဲ့နေရာမှာလည်း ဖုန်းနံပါတ်တွေနဲ့ အသုံးပြုတာထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ third party app တွေကို အသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဖုန်းနံပါတ်ကို အသုံးပြုပြီး 2FA ခံတာက အခြားသူတွေအလွယ်တကူ သိရှိနိုင်သလို ဖုန်းနံပါတ်တွေပျက်စီးပျောက်ဆုံးသွားရင်လည်း အဆင်မပြေဖြစ်တတ်ပါတယ်။
ဒါကြောင့်မလို security အတွက် အသုံးဝင်တဲ့ application တခုဖြစ်တဲ့ Duo Mobile App အကြောင်းကို မျှဝေပါရစေ။ အသေးစိတ် ဘယ်လိုအသုံးပြုရမလည်းဆိုတာကို အောက်က video links လေးထဲမှာ ပြောပြထားပါတယ်နော်။
📌 https://youtu.be/CTLeOyZg5h0 📌
Application ကို download ဆွဲချင်ရင်တော့
👉 https://play.google.com/store/apps/details…
👉 https://m.apkpure.com/duo-mobile/com.duosecurity.duomobile
👉 https://apps.apple.com/us/app/duo-mobile/id422663827
အားလုံး ကိုယ့်ရဲ့ security ကို အမြဲ သတိထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…