လုံခြုံသည့် Appများကို သိနိုင်သည့် အချက်များ⚙

အခုဆိုရင် ကျွန်တော်တို့ အားလုံး အင်တာနက်ကို application အမျိုးမျိုးနဲ့ အလျင်အမြန် အသုံးပြုလာကြရပြီး ဖြစ်ပါတယ်။အွန်လိုင်းကိုပဲ အဓိကအသုံးပြုပြီး ဆက်သွယ်နေရတဲ့ အချိန်မှာ ကိုယ့်ရဲ့ Cyber Security ဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကို်အသုံးပြုနေတဲ့ Communication Apps တွေက ဘယ်လို Features တွေပါတယ်။ အဲ့ဒီပါတဲ့ Features တွေက ဘာကိုဆိုလိုတယ် ဆိုတာကို သိထားသမျှ ဝေမျှပါရစေ။ 👇👇

🎯End-to-end encryption

End-to-end encryption (E2EE) ဆိုတာကတော့ ဆက်သွယ်သူနှစ်ဦးနှစ်ဖက်ပဲ မြင်နိုင်မယ့် ဆက်သွယ်ရေးစနစ်ပါ။ Telecom providers တွေ၊ Internet providers တွေ၊ ဆက်သွယ်ရေးစနစ်ကိုထောက်ပံ့ပေးသူတွေတောင် ဝင်ကြည့်လို့မရတဲ့စနစ်ဖြစ်ပါတယ်။ဒါကြောင့် Messaging Apps တွေမှာ End-to-end encryption ပါဝင်တာကို အသုံးပြုတာက ပိုပြီးလုံခြုံစိတ်ချရပါတယ်။

🎯Self-destructing messages

ဒါကတော့ ကိုယ်ပို့လိုက်တဲ့ Message တွေကို သတ်မှတ်ထားတဲ့အချိန်ပြီးတဲ့အခါ အလိုအလျောက်ဖျက်ပစ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Message တွေကို တကူးတကဖျက်စရာမလိုဘဲ ကိုယ်သတ်မှတ်ထားတဲ့အချိန်ပြီးရင် သူ့အလိုလိုပျက်သွားတဲ့အတွက် အဲ့လို Feature ပါတဲ့ App ကိုသုံးရင် ကိုယ့်ရဲ့အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချရပါတယ်။

🎯Anonymous Signup

နောက်အချက်တစ်ချက်ဖြစ်တဲ့ Anonymous Signup ဆိုတာကတော့ ကျွန်တော်တို့ Account တွေရဲ့ Profile ကို ဘယ်သူမှမမြင်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းပါ။ ဥပမာပေးရမယ်ဆိုရင် Viber ရော၊ Telegram ရော Application နှစ်ခုစလုံးက ဖုန်းနံပါတ်နဲ့သုံးရတဲ့ App တွေပါ။ ဒါပေမယ့် Viber မှာဆို ကျွန်တော်တို့ရဲ့ Account ကနေ ဖုန်းနံပါတ်တွေကို ကြည့်လို့ရပေမယ့် Telegram မှာဆို ကိုယ့်ရဲ့ ဖုန်းနံပါတ်တွေ၊ Profile တွေကို လူတိုင်းမမြင်နိုင်အောင် hide ထားလို့ ရတာမျိုးကို ဆိုလိုတာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ data အမှန်တွေကိုလည်း ပေးမသိဘဲ အသုံးပြုလို့ ရတာလည်း ဟုတ်ပါတယ်။

🎯No Metadata/Contact Book Encryption

နောက်ဆုံးအချက်တွေ ဖြစ်တဲ့ No Metadata တို့ Contact Book Encryption features တွေကတော့ ကိုယ့်အသုံးပြုတဲ့ App တွေက ကိုယ့် device ထဲက ဖုန်းနံပါတ်တွေ၊ User ID တွေ၊ ကိုယ်ပြောတဲ့ သတင်းအချက်အလက်တွေ၊ ကိုယ့်ရဲ့ တည်နေရာတွေကို မသိမ်းဆည်းထားဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ဒီတော့ ဒီအချက်တွေကို ဖတ်ကြည့်ပြီး အထက်မှာပြထားတဲ့ ဇယားကိုကြည့်ကြည့်ပါ။ ပြီးရင်တော့ ဘယ်လိုမျိုး App တွေကို ဘယ်လိုပုံစံမျိုးနဲ့ သေသေချာချာသုံးကြမလဲဆိုတာ အားလုံး အတိုင်းအတာတစ်ခုထိ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။Application download link တွေကိုလည်း comment မှာချပေးထားလို့ အလွယ်တကူ ရယူအသုံးပြုလို့ ရပါတယ်။

MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…