ခိုင်မာတဲ့ Password တွေကို လုံခြုံစွာ မှတ်မိနေစေဖို့ Password Manager 🚪

၂၁ရာစု နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ဟာ အင်တာနက်အပေါ် မှီခိုလာရတာနဲ့အမျှ လူမှုရေးအတွက်၊ စီးပွားရေးအတွက်၊ ပညာရေးအတွက် အစရှိသဖြင့် ကိုယ်ပိုင် အကောင့်ပေါင်း များစွာကိုဖွင့်လှစ် အသုံးပြုလာရပါတယ်။ ဥပမာ − Facebook account , Gmail account တို့လိုမျိုးပေါ့
ဒါပေမဲ့ အကောင့်တိုင်းမှာ တူညီတဲ့ လျှို့ဝှက်နံပါတ် (Password) ကို အသုံးပြုရင် ဒါမှမဟုတ် တူညီတဲ့လျှို့ဝှက်နံပါတ် (Password)ကိုဘဲ အနည်းငယ်ပြောင်းလဲလိုက်ပြီး အသုံးပြုမိရင် သင့်အနေနဲ့ Cyber Attack အလွယ်တကူ လုပ်ခံရနိုင်တယ်ဆိုတာကို သိပါသလား။ ⁉️
🔸 ဟုတ်ပါတယ်။ အလွယ်တကူ cyber attack လုပ်ခံရနိုင်ပါတယ်။
ဘာလို့ဆိုရင် သင့်ကို Cyber Attack လုပ်လာတဲ့သူက သင့်ရဲ့ ကိုယ်ပိုင်အကောင့်တစ်ခုကို ရရှိသွားတဲ့အခါကျရင် တခြားကျန်တဲ့ သင့်ရဲ့ အကောင့်တွေကိုလည်း လွယ်လွယ်ကူကူဘဲ ထိန်းချုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
ဥပမာ အကယ်၍ သင်က သင့်ရဲ့ Gmail အကောင့်နှင့် Facebook အကောင့် Password ကို အတူတူသာ ထားမိမယ်ဆိုရင် သင့်ရဲ့ Facebook အကောင့်ကို Cyber Attack လုပ်လိုက်တဲ့အခါ Cyber Attack လုပ်တဲ့သူဟာ သင့်ရဲ့ Gmail အကောင့် ကိုလည်း လွယ်ကူစွာ ရသွားနိုင်ပါတယ်။ အဲဒါကနေ တစ်ဆင့် သင့်ရဲ့ Bank Account တွေ နဲ့ တခြားသော Personal ကိစ္စတွေကို သိရှိသွားနိုင်တဲ့အတွက် ငွေကြေး ဆုံးရှုံးမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါဆို ဒီလိုမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ❓❓❓
🔸 မတူညီတဲ့ စကားဝှက်တွေကို အသုံးပြုပါ။
မှန်ပါတယ်။ ဒါက အရေးအကြီးဆုံးအချက်ပါ။ မတူညီတဲ့ အကောင့်တစ်ခုချင်းစီအတွက် မတူညီတဲ့ စကားဝှက် (Password) တွေကိုအသုံးပြုပါ။ Password တစ်ခုကိုတည်ဆောက်တဲ့အခါမှာလည်း စာလုံးအသေး၊အကြီး၊ အက္ခရာတွေအပြင် တခြားသော simple တွေဖြစ်တဲ့ (#,@) တို့ကိုထည့်သွင်းအသုံးပြုပေးပါ။
စကားဝှက်တွေကို စာရွက် (သို့မဟုတ်) မှတ်စုစာအုပ်ပေါ်တွင်ရေးသားထားပါ။
သူငယ်ချင်းတို့တွေးနေပါလိမ့်မယ်။
စကားဝှက်တွေကို ကျွန်တော်တို့ရဲ့ ခေါင်းမှာမှတ်ထားပြီး အဲတာတွေကို ဘယ်တော့မှ မရေးတာကောင်းတယ် မဟုတ်ဘူးလား🙄🙄
မှန်ပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ စကားဝှက်တွေကို စာရွက် တစ်ခုခုမှာ ဒါမှမဟုတ် မှတ်စုစာအုပ်တစ်ခုခုမှာ ရေးမှတ်ထားတာကိုလည်း လုပ်စေလိုပါတယ်။ ဘာလို့ဆိုရင် လူတွေရဲ့မှတ်ဉာဏ်က စကားဝှက်တွေ အများကြီးကို ရေရှည်မှတ်နိုင်ဖို့ မလွယ်ကူလို့ပါ။ ဒါကြောင့် သင့်ရဲ့စကားဝှက်တွေကို စာရွက် သို့မဟုတ် မှတ်စုစာအုပ်တစ်ခုခုနဲ့ သိမ်းဆည်းထားဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီစာရွက် ၊ စာအုပ်ကို လုံခြုံအောင် သိမ်းထားဖို့တော့လိုတာပေါ့။ 👌👌
🔸နောက်တစ်နည်းကတော့ Password Manager အသုံးပြုပါ။ ✅✅✅
Password Manager
ဆိုတာဘာလဲ??
လွယ်လွယ်ကူကူ ပြောရမယ်ဆိုရင် Password Manager က သင့်ဖုန်းထဲက မီးခံသေတ္တာတစ်ခုပါဘဲ။ သင့်ရဲ့ Password တွေကို တစ်နေရာတည်းမှာစုစည်းသိမ်းဆည်းပေးတဲ့ Program တစ်မျိုးပါ။ သူရဲ့အထဲမှာ သင့်ရဲ့ ကိုယ်ပိုင်အကောင့်များစွာကို ထည့်သွင်းမှတ်သားထားပြီး အဲဒီ Program ကို Password တစ်ခုခံပေးထားမှာပါ။ ဒါကြောင့် သင့်အနေနဲ့ Password ပေါင်းများစွာကို မှတ်သားနေစရာမလိုတော့ဘဲ Password တစ်ခုကိုမှတ်သားထားရုံပါဘဲ။ Password Manager တွေက သင့်ရဲ့ ကိုယ်ပိုင်အကောင့် Password တွေကို ခိုင်ခံမှုရှိမရှိ စီစစ်ပေးပါတယ်။ သတိထားရမှာကတော့ ကိုယ်အသုံးပြုတဲ့ Password Manger အကောင့် Password ကို ခိုင်ခံမှုရှိအောင် ထားဖို့ပါဘဲ။ ဒါမှသာ သင့်ရဲ့ တခြားသော ကိုယ်ပိုင်အကောင့် စကားဝှက်တွေကို လုံခြုံစေမှာပါ။
ဆိုတော့ကာ ကျွန်တော်တို့ အနေနဲ့ အားလုံးကို Password Manager တွေထဲက တခုဖြစ်တဲ့ application တခုကို သုံးကြည့်စေချင်ပါတယ်။ အဲဒါကတော့
Avira Password Manager ပါ။ စမ်းသုံးကြည့်ကြပါ။ အောက်က link တွေကနေ အလွယ်တကူ download ဆွဲနိုင်ပါတယ်။ 👇👇👇
Google Play Store –https://play.google.com/store/apps/details…
Apple Store – https://apps.apple.com/…/avira-password…/id1120055983
အားလုံး ကိုယ့်ရဲ့ security ကို သတိရှိကြပါ။ 🤜🤛

MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇

MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…