ဖုန်းက SMS Message ပို့တဲ့အခါ လုံလုံခြုံခြုံ ပို့နိုင်ဖို့ Silence 📲

ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက် အင်တာနက်ကနေတစ်ဆင့် ပြောဆိုဆက်သွယ်တဲ့အခါ ကျွန်တော်တို့ရဲ့ Privacy နဲ့ Security တွေ အချိုးဖောက်မခံရဘဲ ပြောဆိုဆက်သွယ်တတ်ဖို့ဟာ အလွန်ပဲအရေးကြီးလာပါတယ်။
အရင်နေ့ကတော့ အင်တာနက်ပေါ်ကနေ Communication Apps တွေမှာပါတဲ့ Features တွေအကြောင်း ပြောပြရင်း cyber လုံခြုံရေးကို သတိထားပြီး ထိရောက်စွာ အသုံးချကြဖို့ ဝေမျှခဲ့ပါတယ်။ (Communication APP features များ post : )
အခုတစ်ခေါက်မှာတော့ အင်တာနက်မရှိတဲ့အချိန် message ပို့ပြီး ပြောဆိုဆက်သွယ်ရတဲ့အခါ ကိုယ်ပို့တဲ့စာတွေရဲ့အကြောင်းအရာကို Telecom Operators တွေ၊ Vendors တွေ နဲ့ အခြားသူတွေ အလွယ်တကူကြည့်ရှုလို့မရအောင်၊ ကိုယ့်ဖုန်းပျောက်ခဲ့ရင်တောင် ပို့ထားခဲ့ဖူးတဲ့ စာတွေမမြင်ရအောင် လုပ်ထားလို့ရတဲ့အကြောင်းလေးကို မျှဝေပေးသွားပါမယ်။👇👇
အဲလို လုပ်ထားဖို့ကတော့ Application တစ်ခုသုံးဖို့လိုအပ်ပါတယ်။ အဲ့ဒါကတော့ Silence ဆိုတဲ့ Application ဖြစ်ပါတယ်။
Silence App က
♦️ အသုံးပြုဖို့ အင်တာနက်ဖွင့်ထားစရာမလိုပါဘူး။
♦️ Account အသစ်တွေ ဘာတွေလည်း ထပ်ဖွင့်စရာမလိုပါဘူး။
♦️ အခြား အင်တာနက်ကနေ ပြောဆိုလို့ရတဲ့ Viber တို့၊Signal တို့လိုမျိုး SMS Encryption ပါတဲ့အတွက် သာမန် Message ပို့တာထက် ပိုပြီးလုံခြုံပါတယ်။
(Encryption ဆိုတာ ဘာလဲသိချင်ရင် အပေါ်က Communication App post ကိုပြန်ကြည့်ကြည့်ပါနော်)
♦️ End to End SMS Encryption ဖြစ်ဖို့ဆို စာအပြန်အလှန်ပို့မယ်သူအချင်းချင်းကတော့ Application ကို သုံးရပါမယ်။
♦️ ထပ်ပြီး End to End SMS Encryption ဖြစ်ဖို့ဆို စာမပို့ခင် အပေါ်က သော့ခလောက်ပုံစံလေးကိုနှိပ်ပြီး Key Exchange message ဆိုတဲ့စာပေါ်လာပြီး သော့ခလောက်လေးက locked ကျသွားသလိုမျိုး ဖြစ်ဖို့လိုပါတယ်။ (အောက်ပုံကို ကြည့်ပါ 👇)

May be an image of text that says "Tap for details Key exchange message Sun 22:51 from MPT M Hello Sun 22:54 to MPT M Key exchange message Sun 22:55 to MPT Key exchange message Sun 22:55 Key exchange message Sun 22:55 from MPT M Hello Sun 22:55 to MPT M Key exchange message Sun 22:55 to MPT M Encryption done bro Sun 22:55 to MPT Send secure SMS"


♦️ နောက်ပြီး ကိုယ့်ရဲ့ message တွေကို အခြားသူမမြင်အောင်လည်း Application ကို Lock ချထားလို့ရပါတယ်။ Lock ချဖို့က Settings ထဲက Privacy ကိုဝင်ပြီး Enable passphrase ကို ဖွင့်ပြီး password ထားလိုက်ရင် ရပါတယ်။
(အောက်ပုံကို ကြည့်ပါ 👇)

May be an image of text that says "Privacy Enable passphrase Enable local encryption of messages and keys Change passphrase Change your passphrase Timeout passphrase Require the passphrase to access messages after given time Timeout interval 1 minute Screen security Block screenshots in the recents list and inside the app Incognito keyboard If set to incognito mode, the keyboard won't remember, learn, or store any words you type Blocked contacts"


♦️ Lock ချပြီးရင်လည်း ဘယ်အချိန်ကနေစပြီး Lock ချချင်လည်းဆိုတာ လုပ်လို့ရပါတယ်။ အဲလိုလုပ်ဖို့ကလည်း Settings ထဲက Enable passphrase ကိုဖွင့်ပြီး Timeout interval မှာ အချိန်သတ်မှတ်လို့ ရပါတယ်။ ဥပမာ- ကိုယ်က Timeout interval ကို တစ်မိနစ်သတ်မှတ်လိုက်ရင် ကိုယ် အဲ့ဒီ application ကို တစ်မိနစ်ဖွင့်မကြည့်မိတော့တာနဲ့ Lock ကျသွားပြီး Passphrase (Password) နဲ့ပြန်ဖွင့်ရမှာပါ။
ကဲ ဒီလောက်ဆိုရင်တော့ App နဲ့ပတ်သက်ပြီး သိသင့်သလောက် သိသွားပြီလို့ ထင်ပါတယ်။ Silence App က သုံးရတာ တကယ်လွယ်သလို စာတိုတွေကို လုံခြုံထိရောက်စွာ ပို့လို့ရတဲ့အတွက် အမြန်ဆုံးအသုံးပြုကြည့်ကြပါနော်။
Application ကို download ဆွဲချင်ရင်တော့ ⬇️⬇️
https://play.google.com/store/apps/details…
https://apkpure.com/silence/org.smssecure.smssecure
MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…

Silence App အသုံးပြုနည်း အဆင့်ဆင့်ကို အောက်မှာ ပုံများနှင့်တကွ ဖော်ပြထားတယ်။

May be an image of text
May be an image of text
May be an image of text
May be an image of text that says "Silence Application အသုံးပြုနည်း 1418 344980 Sp 2 Silence app ၏Setting ကိုပုံ(၁)တွင် မြင်ရသည့်အတိုင်းတွေ့မြင် နိုင်သည်။ Settingမှ နံပါတ် အချက်ဖြစ်သည့် Privacyမှာတော့ သူငယ်ချင်းဟာ မိမိရဲ့ Appltonကို Lockချခြင်း -Password ပြောင်းခြင်း -Screenshot ရိုက် မရအောင်ပြုလုပ်ထားခြင်း -မိမိ အသုံးများသော စကားလုံးများကို Keyboard မှ မှတ်မထားအောင် ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်တာဘဲဖြစ်ပါတယ်။"
May be an image of text
May be an image of text that says "Silence Application အသုံးပြုနည်း Suttings Advanced Tgiegaprtsl Cutsandmeda S 6 2 Silence app ၏Setting ကိုပုံ(၁)တွင် မြင်ရသည့်အတိုင်းတွေ့မြင် နိုင်သည်။ Setting ရဲ့ နောက်ဆုံးအချက် ဖြစ်တဲ့ Advanced တွင်တော့ သူငယ်ချင်း တို့က -မိမိထားချင်တဲ့ Keyboard အမျိုးအစား -Silence Appမှ ပြုလုပ်ထားသော mojiတွေကိုအသုံးပြုခြင်း အစရှိတဲ့ အရာတွေကို ပြုလုပ်နိုင်တာဘဲဖြစ်ပါတယ်။"