အားလုံးသော လူငယ် လူကြီးတွေအနေနဲ့ အင်တာနက်တွေ Digital Devices တွေကို အသုံးပြုရတဲ့ အခါမှာ မိမိရဲ့ အကောင့် သို့မဟုတ် အသုံးပြုတဲ့ ဖုန်းများ device များ လုံခြုံအောင် ပြုလုပ်သင့်တဲ့ အရာတွေကို ကျွန်တော်တို့ သိနားလည်သမျှ ဝေမျှပေးလိုက်ပါတယ်။👇
- Google Playstore (သို့) Apple Store မှ Application များမဟုတ်ပါက Install မလုပ်ပါနှင့်။
- မလိုအပ်သော Application များ မိမိဖုန်းထဲ သို့သွင်းမထားပါနှင့်။
- Online တက်ရာတွင် Website လင့် များကို မနှိပ်မှီ သေချာစွာ သတိထားပြီး စစ်ဆေးပါ၊ မိမိ မသိသော Website များကို လုံးဝ ရှောင်ကျဉ်ပါ။
- ဖုန်းတစ်လုံးမှ အခြား devices (tablets, computer, laptops, etc) များကို ချိတ်ဆက်ထားခြင်း ရှောင်ကျဉ်ပါ။
- ဖုန်းကို Password ဖြင့်သော်လည်းကောင်း Fingerprint ဖြင့်သော်လည်းကောင်း Screenlock သေချာချထားပါ။
- မိမိ Password များ ကိုလည်း ခက်ခဲသော Password များအဖြစ်ပြန်ပြောင်းထားပါ။ Password တစ်ခုတည်းကို accounts များစွာဖြင့် မချိတ်ထားပါနှင့်။ Account တစ်ခု Password တစ်ခု ဖြစ်လျှင် အလုံခြုံဆုံးဖြစ်သည်။ မိမိ Passwords များကို မည်သူ့ကိုမှ မပြောဘဲ သေချာစွာ သိမ်းဆည်းထားပါ။
- Duo Mobile App ကိုသွင်းထားပါ။ Message ဖြင့် verify လုပ်ချင်း ရှောင်ကျဉ်ပါ။ လိုင်းမကောင်းရင် message လည်းရမည်မဟုတ်ပါ။ မိမိ၏ အကောင့်များ အားလုံးကို Duo Mobile app ဖြင့် Two-factor authentication လုပ်ထားပါ။
- Internet ရှိလျှင် Singal App ကို ဒေါင်းပြီးသွင်းထားပါ။ Disappearing Message function ကို သုံးပါ။ အသေးစိတ်ဘယ်လိုသုံးရမလဲ ဆိုတာ share ပေးထားပါသည်။
- Internet မရှိဘဲ SMS ပို့မည်ဆိုလျှင် Silence ကိုသုံးပါ။ လုံခြုံစွာ အသုံးပြုပုံကို အပေါ်တွင် share ပေးထားပါသည်။ End-to-end encryption လုပ်ပြီးမှ SMS ပို့ပါ။
- Internet မရှိ၊ ဖုန်းလိုင်းမရ၊ SMS မရသောနေရာဒေသ အချိန်အခါတွင် Briar App ကိုသုံးဖို့ အဆင်သင့် setup လုပ်ထားပါ။
- မိမိ၏ ဖုန်း၊ ဖုန်းနံပါတ်၊ လိပ်စာ နှင့် အခြား Personal data များကို လွယ်လွယ် မပေးမိအောင် (သို့) ပျောက်မသွားအောင် သတိထားပါ။
- မိမိဖုန်းကို ဖုန်းခေါ်ဆိုရန်၊ Signal ဖြင့် စာပို့ရန်၊ Silence မှ SMS ပို့ရန်၊ Briar သုံးရန်သာ အဓိကထားသုံးပါ။
- Signal ဖြင့် group call များလည်းခေါ်နိုင်သည်။ Internet မရှိပါက ရိုးရိုးဖုန်းခေါ်သောစနစ်ဖြင့် မိမိခေါ်ဆိုလိုသောသူများကို “+” နှိပ်ကာ conference call ခေါ်နိုင်သည်။
- အခြားသော Personal Data များဖြစ်သည့် ဓာတ်ပုံ၊ ဗီဒီယိုများ၊ Mobile banking data များ၊ online shopping data များ၊ အရေးကြီးသည့် data များကို အမြန်ဆုံး backup လုပ်ပြီး သီးသန့် သိမ်းဆည်းထားပါ။ မိမိ ဆက်သွယ်နေသော ဖုန်းတွင် မထားပါနှင့်။ Hack ခံရလျှင် data များပါသွားနိုင်သည်။
- သတင်းအချက်အလက်များနှင့် အသိပညာ နည်းပညာများအတွက် Facebook platform တစ်ခုကိုသာမကဘဲ အခြားသော platforms များကိုလည်း ထိရောက်လုံခြုံစွာ အသုံးပြုကြအားလုံး အားတင်းထားကြပါ။ ဘေးရန်ကင်းရှင်းကြပါစေ။ စိတ်ကြံတိုင်းအောင်မြင်ပါစေ။
MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…