သင့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ လုံခြုံပြီဆိုတာ သေချာရဲ့လား❓❓
⚠️အခိုးယူ မခံရဖို့ သတိထားဖို့လို! ⚠️
❓ဘယ်လို ကာကွယ်ရမှာလဲ??
🔹 လျှို့ဝှက်နံပါတ် (Password – pw) တစ်ခုတည်းနဲ့မရ။
🔹️ “နှစ်ဆင့်ခံ သော့ခတ်ရမယ်” Two-Factor Authentication (Two Step Verification) ကို သုံးဖို့လို။
❓ နှစ်ဆင့်ခံ သော့ခတ်တယ် (2FA) ဆိုတာ ဘာကြီးလဲ?
မြမြရဲ့ ဖေစဘွတ်ကို မသမာသူက လှမ်းပြီး အကောင့်ကို ဟခ်မယ် pw ခိုးပြီးဝင်ဖို့လုပ်မယ်။ မြမြ ကငပိန်း မဟုတ်တော့ 2FA app ဒေါင်းပြီး ဖေစဘွတ်နဲ့ ချိတ်ထားတယ်။ မသမာသူသာဂိကို နင်မြမြလား 2FA App မှာအခုပြနေတဲ့ ဂဏန်း ၆ခုပေးလို့ ထပ်တောင်းမှာပါ။ သာဂိတစ်ကောင်အဲ့မှာ ဂိမှာပါ။ pw ရှိတာ လောက်နဲ့ခိုးလို့ မရပါ။ ၂ ဆင့်ခံထားတာဖြစ်လို့။
❓ ဘာကြောင့် 2FA ထားသင့်တာလဲ?
မသမာသူက ကိုယ့် Acc စကားဝှက်ကို သိနေတယ်၊ ကိုယ် မသိတဲ့ Device တစ်ခုကနေ၀င်ပြီး ဟခ် ခံရတယ်၊ အချက်အလက်တွေ ခိုးခံရမယ် ဒီရန်ကကာကွယ်နိုင်ပါတယ်။ ✅
❓အခု 2FA သုံးတော့မယ်ဘယ်လိုလုပ်ရမလဲ?
2FA ၃မျိုးရှိတယ်
၁။ လုံခြုံရေးစနစ် အက်ပလီကေးရှင်း (Authentication App) မှ Code (ဒါကတော့ မြန်မာတွေအတွက် ပိုလုံခြုံသင့်တော်)
၂။ ဖုန်းနံပါတ်နဲ့ SMS Code
၃။ အသုံးပြုသူရဲ့ လက်ဗွေ
❓Authen App တွေ မသုံးခင်မှာ တွေ့ရတဲ့ Code တွေကရော ဘာအတွက်လဲ??
အဲ့ code တွေက တစ်ခါသုံး အရန် အတည်ပြုကုတ် တွေပါ။
ဥပမာ။ မြမြဖုန်း ကျပျောက်သွားတယ်။ ဖုန်းမှာ Authen App ပါသွားတယ်။ အကျိုးမနဲ ပါဘူး။ ဖေ့ဘွတ်ကို သော့ ၂ ချောင်းခတ် 2FA လုပ်တုံးက ဘိုလို Recovery Codes ဆိုပြီး FB ကဂဏန်း (၈) လုံးနဲ့ ကုတ် (၁၀) ကြိုပေးထားတယ်။ မြမြက အဲဒီကုတ်တွေ လုံခြုံတဲ့ နေရာမှာ ကူးမှတ် သိမ်းထားခဲ့တယ်။ အဲ့ကုတ် ၁ခု ရိုက် အကောင့်ထဲ ဝင်လို့ရပါပြီ။
❓ 2FA ထားတဲ့အခါမှာ ဘာတွေ သတိထားရမလဲ?
**ဖုန်းနဲ့ ချိတ် SMS code ကိုသတိထား ရှောင်သင့်ပါတယ်။ဖုန်း၊ ဆင်းမ်ကတ် လဲ၊ပျောက်၊ပျက် ဖြစ်ရင် code မရနိုင်၊ အခြားသူဆီလဲ ရောက်သွားနိုင်တယ်။ **
Third-party application ကစိတ်ချရပြီး လူအများအသုံးပြုကြတဲ့ App တွေကကောင်းတယ်။ နဂိုကရှိတဲ့ တစ်ခါသုံး အရန်အတည်ပြုကုတ် (backup/ recovery code) တွေကို ကူးယူသိမ်းထားရင် လုံခြုံတဲ့နေရာ သိမ်းထားဖို့လိုအပ်တယ်။ 🔐🔐
‐———————————-
✅ 2FA အသုံးများ Authen App များ
(၁) Twilio Authy
(၂) Google Authenticator
(၃) Microsoft Authenticator
(၄) Duo Mobile
အတူတူနီးပါးမို့အဆင်ပြေရာရွေးချယ်ပါ။တစ်ဆင့်စီလက်တွေလုပ်ဖို့ ဗီဒီယိုလခ့်မှာ အသေးစိတ် ကြည့်လုပ်ပါ။ 👇👇
📌Google Authen📌
https://bit.ly/37B0eaz
📌 Duo Mobile 📌
http://bit.ly/12duomobile
PW ဟာ ပထမ သော့မို့ လုံခြုံအောင် လွယ်လွယ်ခန့်မှန်းမရအောင် လုပ်ချင်လား???။
အဲဒါဆိုရင်ဒီ link ကိုနှိပ် စမ်းကြည့်ပါ။
👉 http://bit.ly/PWstrengthen
MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…