နေ့စဥ်နှင့်အမျှ မြင့်တက်လာတဲ့ စိုးရိမ်ပူပန်မှု တစေ့တကြောင်း 😟

စာဖတ်ရန် ကြာချိန် (၃) မိနစ်

နေ့စဉ်လူမှုဘဝကြီးရဲ့ အခက်အခဲ ပြဿနာကြားမှာ လှုပ်ရှားရုန်းကန် ရတဲ့အခါ နုနယ်တဲ့ နှလုံးသားနဲ့ စိတ်တွေလဲ ပင်ပန်းကြရပါတယ် 😣
မိဘနဲ့ အဆင်မပြေတာတွေ၊ သူငယ်ချင်းတွေရဲ့ ဖယ်ကျဉ်ခံရတာတွေ၊ မြတ်နိုးရတဲ့ ချစ်သူနဲ့ တက်ရတဲ့ ပြဿနာတွေ၊ ငွေကြေး အခက်အခဲတွေ စတဲ့ ပြဿနာတွေကြောင့် သောကတွေ ရောက်ကြရပြန်ပါတယ် 😢
ဒီလို ဖြစ်တဲ့အခါတိုင်း တစ်ယောက်တည်း အခက်အခဲတွေကို ဖြေရှင်းဖို့ အဖြေရှာတတ် ကြတယ်။ စိတ်ရဲ့ လွတ်မြောက်ရာ အေးချမ်းရာ ထွက်ပေါက်ကိုလဲ နည်းလမ်းအမျိုးမျိုး ရှာဖွေ တတ်ကြတယ် 🔎

အဲ့လို အဖြေရှာနေတဲ့ သူအတွက် ဒီ ဆောင်းပါးလေးက အထောက်အကူ ဖြစ်စေမှာပါ 👇

ခံစားမှုတွေ လွန်ကဲလာတဲ့အခါ “Anxiety” လို့ခေါ်တဲ့ စိတ်ပူပန် သောက တွေ ဖြစ်လာရတယ်။ စိတ်ပူပန်မှုက အနေအထား နှစ်မျိုး တွေ့ ရလေ့ရှိတယ်။

💦 တစ်မျိုးကတော့ ခဏတာပဲ ခံစားရတာမျိုးပါ။
ရင်းနှီးတဲ့ လူတွေနဲ့ဆို သက်တောင့်သက်သာနေနိုင်ပြောနိုင်ပေမယ့် သူစိမ်းတွေနဲ့ဆို စိုးရိမ် ပူပန်နေတတ်တာမျိုးပေါ့။ အနေအထားတစ်ခု ပြဿနာတစ်ခုကြောင့် စိတ်သောက ရောက်ပေမယ့် ပြဿနာ ဖြေရှင်းပြီးသွားတဲ့အခါ ကိုယ့်ရဲ့စိတ်က ပြန်လည် ပျော်ရွှင်မှု ရရှိနိုင်ပါတယ်။

💦 နောက်တစ်မျိုးကတော့ နာတာရှည် ဝေဒနာတစ်ခုလို ခံစားနေရတာမျိုးပါ။
လူတစ်ယောက်ယောက်က တစ်ခုခုပြောတဲ့ အခါမျိုးမှာ ကိုယ့်ကိုများ အပြစ်တင်မလားလို့ ခံစားနေတာမျိုးပေါ့။ တစ်ခုခု လုပ်ရတော့မယ်ဆိုရင်လဲ စိုးရိမ် ပူပန်လွန်တာမျိုးတွေပေါ့။

ကြာရှည်စွာ ဝေဒနာ တစ်ခုလို ခံစားနေရပြီဆိုရင် လက္ခဏာတွေက ဘာဖြစ်မလဲ 🤔

🛑 ရုပ်ပိုင်းဆိုင်ရာ ကိုထိခိုက်လာနိုင်တယ်။
ဥပမာ နှလုံးခုန် အရမ်းမြန်လာတာမျိုး၊ မူးဝေလာတာမျိုး၊ ချွေးတွေ ထွက်လာတာမျိုး၊ လက်တွေခြေတွေတုန်ရီပြီး ကတုန်ကယင်ဖြစ်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
🛑 အမြဲတမ်း စိတ်ဟာ ပူပန်နေတတ်ပြီး ညညတွေဆို အိပ်မပျော်တာမျိူးလဲ ဖြစ်နေတတ်ပါတယ်။
🛑 စိတ်ရော လူရော အလွယ်တကူ ပင်ပန်းနွမ်းနယ်လာတာမျိုး ဖြစ်တတ်ပါတယ်။
🛑 အာရုံစူးစိုက်ဖို့ ခက်ခဲလာတယ်။
🛑 ထစ်ခနဲ ဆို ဒေါသထွက်လွယ် စိတ်ဆိုးလွယ်လာပါတယ်။
🛑 ကြွက်သားတွေ တင်းမာလာတာမျိုး ကြုံတွေ့ရတယ်။
🛑 အိပ်ပျော်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတာ မျိုးတွေဟာ သူ့ရဲ့ လက္ခဏာတွေပါပဲ

ဒါဆို ဘယ်လို ကျော်ဖြတ်ရကြမလဲ 🤔

💠 ပြဿနာ ကို တစ်ယောက်ထဲ မြိုသိပ် ဖြေရှင်းမယ့် အစား
မိသားစုဝင်တစ်ယောက်ယောက် သို့ စိတ်ချ ယုံကြည်ရတဲ့
သူငယ်ချင်းကို ရင်ဖွင့်တာမျိုး၊
💠 ကျွမ်းကျင်တဲ့ စိတ်ကျန်းမာ‌ရေး ပညာရှင်ဆီ သွားရောက်တိုင်ပင်တာမျိုး ပြုလုပ်သင့်ပါတယ် 💛💛

ဒီလို ခံစားမှုတွေကို ခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်အပါအဝင် ကိုယ့်ဘေးနားမှာ ရှိတဲ့ လူတိုင်းက အနည်းနဲ့အများ ခံစားနေရတာပါ။ ဒီလို ခံစားမှုတွေကလဲ တည်မြဲတာ မဟုတ်တဲ့အတွက် အချိန်တန်ရင် ပြီးသွားမှာပါ 💪

စိတ်ဓာတ်မကျဘဲ ရှေ့ဆက်သွားနေဖို့ပဲ လိုပါတယ် 🚶‍♀️🚶

စိုးရိမ်ပူပန်မှုအမျိုးအစားများတွေထဲကမှ Generalized Anxiety Disorder (GAD) အကြောင်းလေးကို သိချင်ရင်တော့ အောက်က Podtalk လေးကို နားထောင် ကြည့်ပါဦးနော် 💖https://youtu.be/wYQJqKZQAZ0

စိုးရိမ်ပူပန်မှုအကြောင်း ကိုယ်ဘယ်လောက် ကိုယ့်ကိုယ်ကို ဆန်းစစ်ချင်ရင်📊 အောက်က Link လေးကို နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်ပါနော် 👇
https://m.me/myeo.hub?ref=anxiety

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist