🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨

စာဖတ်ရန် ကြာချိန် (၁၀)မိနစ်

လွန်ခဲ့တဲ့ ၁၅၀၀ ပြည့်နှစ်တွေ🗡တုန်းက “Bully” ဆိုတဲ့ စကားလုံးဟာ “ အချစ်လေး အသည်းလေး” လို့ ချစ်စနိုးနဲ့ခေါ်ဝေါ် ရာမှာ ရည်ညွှန်း အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းနှစ်ကာလတွေမှာ ထိုစကားလုံးဟာ “အားနည်းသူများကို နှောင့်ယှက်သူ” အဖြစ် ပြောင်းလဲသုံးနှုန်းလာကြပါတယ်” လို့ Touro University Worldwide ရဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။

🚨Bully တစ်မျိုးပဲရှိတာလား..။
အနိုင်ကျင့်ခြင်း သို့မဟုတ် “Bully” ပြုလုပ်တယ်ဆိုတဲ့နေရာမှာ “Traditional Bullying” လို့ခေါ်တဲ့ “ကိုယ်ထိလက်ရောက် သမားရိုးကျ အနိုင်ကျင့်ခြင်း” အပြင် “Cyber Bullying” လို့ခေါ်တဲ့ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုအသုံးပြုကာ ကီးဘုတ်နောက်ကွယ်ကနေ တိုက်ခိုက်ခြင်းမျိူးလည်း ရှိပါသေးတယ်။
အရာရာဟာ နည်းပညာဖြစ်နေတဲ့ ခေတ်ကြီးမှာ Cyberbullying ဟာလည်း လူသားတွေရဲ့ မကောင်းမှုစနက်တွေထဲက တစ်ခုအဖြစ် ကြီးကြီးမားမား ပါဝင်လာပါတယ်။
🗡လူကိုသေစေတာထက် ဆိုးတဲ့ Cyberbullying
Cyberbullying ဟာ စကားလုံးတစ်လုံးပဲဆိုပေမယ့် ဒီစကားလုံးရဲ့နောက်ကွယ်မှာ လူသားတွေရဲ့ စိတ်ပျက်ဖွယ်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရတဲ့အိပ်မက်တွေ၊ အဖတ်ဆယ်မရတော့တဲ့ ဘဝတွေ၊ ကျိုးကြေသွားတဲ့ မျှော်လင့်ချက်တွေ များစွာ တည်ရှိနေပါတယ်။
🗡Cyberbullying လုပ်ခံလိုက်ရတဲ့ အဖေတစ်ယောက် စိတ်ဓာတ်ကျသွားတဲ့အခါ သူ့ကိုအားကိုးနေတဲ့ မျက်ဝန်းတွေ ညှိုးမှိန်သွားနိုင်ပါတယ်။
🗡အွန်လိုင်းပေါ်မှာ ဝိုင်းဝန်းလှောင်ပြောင်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက် ငိုကြွေးနေရတဲ့အခါ သူ့ချစ်ရသူရဲ့ ရင်ကို မီးမြှိုက်နေသလိုပါပဲ..။
🗡အမုန်းစကားတွေကနေ Idol တစ်ယောက်​ အပြီးအပိုင် ရှောင်ထွက်သွားတဲ့အခါ တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးသွားရ၊ သူ့ကို ချစ်မြတ်နိုးရသူတွေ စိတ်ထိခိုက်ရ၊ နာကျဥ်ရပါတယ်။

Cyberbullying ဟာ လူတွေကိုသေစေနိုင်တယ်ဆိုတာထက်ကို ပိုပါတယ်။ Cyberbullying လုပ်ခံလိုက်ရတဲ့ လူသားတစ်ယောက်ရဲ့ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် သုံးခုစလုံးဟာ တကယ့်ကို စက်ဆုပ်သိမ်ငယ်ဖွယ်ရာအခြေအနေတစ်ခုထဲမှာပဲ ပိတ်မိသွားပြီး လူဖြစ်နေရတဲ့ဘဝကိုကော လူမှုအသိုင်းအဝန်းတစ်ခုလုံးကိုပါ နာကျည်းမုန်းတီးလာတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။
သင်လည်း တစ်ဦးအပါအဝင် ဖြစ်နေနိုင်ပါတယ်။ ဒီလို ခေတ်ပျက်ကပ်ဆိုး ဝဲဂယက်ကြီးထဲမှာ တစ်ခါတစ်လေကျ ကျွန်တော်တို့ကိုယ်တိုင်လည်း သတိမထားမိလိုက်ဘဲ ပါဝင်ဖန်တီးနေမိတာတွေ ရှိနေတတ်ပါတယ်။
တစ်စုံတစ်ယောက်က အမှားအယွင်းပြုလုပ်မိလိုက်လို့ပဲဖြစ်ဖြစ်၊ ပုံစံမကျတာ တစ်ခုခုလုပ်မိလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အပြုသဘောဆောင်တဲ့ ထောက်ပြဝေဖန်ခြင်းမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ပျော်စေပျက်စေ Comment လိုက်၊ Share လိုက်၊ လှောင်ပြောင်စနောက်၊ ဟားတိုက်လိုက်ပေမယ့် တစိဖက်လူရဲ့ အခြေအနေမှာ ဒါဟာ အလွန်ကိုဆိုးဝါးတဲ့ မှတ်ချက်တစ်ခု၊ ဝေဖန်တိုက်ခိုက်ခံရမှုတစ်ခုဖြစ်သွားပြီး Cyberbullying ဖြစ်သွားနိုင်ပါတယ်။

🚨ဒီတော့ Cyberbullying ကြောင့် လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လို ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်သွားနိုင်လဲ၊ ရှိလာနိုင်မလဲ ဆိုတာကို ဆက်ပြီး လေ့လာလိုက်ကြရအောင်။👇

🔍ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နိမ့်ကျ လာစေနိုင်ပါတယ်
တိုက်ခိုက်ခံရတဲ့ စကားလုံးများစွာကြောင့် ယုံကြည်မှုတွေ လျော့နည်းလာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုလို့ခေါ်တဲ့ Self Esteem ဟာ နိမ့်ကျလာတာပဲ ဖြစ်တယ်။
အခုလို Self Esteem နိမ့်ကျလာတာဟာ အလုပ်လုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် ပညာသင်ယူလေ့လာတဲ့နေရာမှာပဲ ဖြစ်ဖြစ် မိမိကိုယ်ကိုယ် ယုံကြည်မှုလို့ခေါ်တဲ့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းနဲ့ အရည်အချင်းကို သံသယဝင်လာကာ လုပ်နိုင်စွမ်းတွေ လျော့ကြလာစေနိုင်ပါတယ်။
ဥပမာအားဖြင့်ပြောရမယ်ဆိုရင် သင်ဟာ အရင်က ဘာလုပ်လုပ် ဘာကိုင်ကိုင် ယုံကြည်မှုအပြည့်နဲ့ တက်တက်ကြွကြွရှိသူ တစ်ယောက်ဖြစ်သော်လည်း CyberBullying အလုပ်ခံရပြီးတဲ့အချိန်မှာတော့ အရာရာမှာ စိုးရိမ်စိတ်တကြီးနဲ့ ထိတ်လန့်တွေဝေနေတတ်လာမှာပဲ ဖြစ်ပါတယ်။

🔍Depression တွေဝင်လာကာ သတ်သေနိုင်ခြေ အလွန်များပါတယ်
ယခုနောက်ပိုင်းမှာဆိုက်ဘာအနိုင်ကျင့်မှုကြောင့်ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့ အမှု ပုံစံမျိုးတွေများပြားလာတာကို တွေ့လာရပါတယ်။ လူများစွာရဲ့ ကီးဘုတ်နောက်ကွယ်က တိုက်ခိုက်မှုဟာ အလွန်ပြင်းထန်လွန်းတဲ့အတွက် မရှောင်လွှဲနိုင်သောကြောင့် Cyber Bullying အလုပ်ခံရသူတွေဟာ သူတို့ရဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့ ဒီလို ဖြေရှင်းနည်းကိုသာ ပြုလုပ်ကြရခြင်းဖြစ်ပါတယ်။ လူငယ်များနှင့်ကလေးငယ်များဟာ မျှော်လင့်ချက်မဲ့လာကာ သူတို့ရဲ့ စိတ်အခြေနေမှာလည်း တစ်ခါတစ်ရံ ရက်စက်ကြမ်းကြုတ်မှုများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
အနီးစပ်ဆုံး ဥပမာအနေနဲ့ ပြရမယ်ဆိုရင်တော့ ပြည်ပနိုင်ငံများမှ အထူးသဖြင့် ကိုရီးယားနိုင်ငံမှ အနုပညာရှင်တော်တော်များများရဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ဖြစ်ရပ်များရဲ့ အရင်းအမြစ်က CyberBullying အလုပ်ခံရမှုကြောင့်ပဲ ဖြစ်ပါတယ်။

🔍တန်ဖိုးမရှိဘူးလို့ ခံစားရစေနိုင်တယ်
အနိုင်ကျင့်ခံရသူများဟာ အများအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးကိုသံသယဝင်လေ့ရှိပါတယ်။သူတို့ကတစ်နည်းနည်းနဲ့သူတို့ကိုယ်သူတို့ထိခိုက်နစ်နာစေခြင်းဖြင့်ဤခံစားချက်များကိုတုံ့ပြန်ဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။
ဥပမာအားဖြင့် မိန်းကလေးတစ်ယောက်တင်ထားတဲ့ ဓာတ်ပုံရဲ့ Comment Box မှာ “ ဝက်မ “ လို့ အခေါ်ခံရတယ်ဆိုရင် သူမဟာသူမရဲ့ Body Weight ကိုပြောင်းလဲနိုင်မှသာ အခုလို အပြောခံရခြင်းကရပ်တန့်သွားလိမ့်မယ်လို့ယုံကြည်မှုနဲ့အတူပြင်းထန်တဲ့ Diet Plan များနှင့် အဆီချခြင်း လုပ်ငန်းကို စတင်အကောင်အထည်ဖော်ပါလိမ့်မယ်။ထိုကဲ့သို့ ပြုမူခြင်းများကြောင့် သူမဟာ အာဟာရချို့တဲ့ခြင်းကဲ့သို့သော ကျန်းမာရေးထိခိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

🔍တဖြည်းဖြည်း အထီးကျန်မှုကို ခံစားရနိုင်ပါတယ်
လူမှုကွန်ရက် အင်တာနက်စာမျက်နှာများပေါ်မှ တိုက်ခိုက်ခံရခြင်းဟာ နေ့စဉ်ဘဝတွေအပေါ်မှာပါ အကျိူးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ဆိုရှယ်မီဒီယာ ပေါ်မှာ Bully အလုပ်ခံရသူဟာ သူ့ရဲ့ အပေါင်းအသင်း ပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်ခြင်းကိုခံရကာ တဖြည်းဖြည်းနဲ့ အထီးကျန်ဝေဒနာကို ခံစားလာရပါတော့တယ်။
ဥပမာအနေနဲ့ လူတွေကို ကြောက်ရွံ့လာတာမျိူး လူတွေနဲ့ အရောတဝင် မနေတတ်တော့ပဲ တဖြည်းဖြည်း တစ်ယောက်ထဲနေရင်းဖြင့် အထီးကျန်ဆန်စွာနဲ့ လူတွေရဲ့အဝေးကို ရောက်မှန်းမသိရောက်လာရခြင်းဟာလည်း Cyberbullying အလုပ်ခံရခြင်းရဲ့ အကျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီအချက်တွေကတော့ Cyber Bullying အလုပ်ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဆိုးကျိူးတွေဖြစ်တာမို့ Bully အလုပ်ခံရသူတွေနေရာမှာ ငါသာဆိုရင် ဆိုတဲ့ စိတ်ကလေးတွေးကြည့်ကာ ကိုယ်ချင်းစာစိတ်လေးနဲ့ မတိုက်ခိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီတော့ သင့်အနေနဲ့ကော အွန်လိုင်းအသုံးပြုနေရင်းက Cyberbullying ဆိုတဲ့ အကျင့်ဆိုးကြီးကို စွဲကပ်နေမိပြီလား မမိဘူးလားဆိုတာ အောက်က Link ထဲကတစ်ဆင့် ဝင်ရောက်ပြီး စစ်ဆေးကြည့်လိုက်ရအောင်။👇
https://m.me/myeo.hub?ref=cbq
(သင်ဟာ ဆိုက်ဘာအနိုင်ကျင့်သူ ဖြစ်မဖြစ်ကို သေချာသိရှိနိုင်ဖို့အတွက် မေးခွန်းတွေကို အမှန်အတိုင်း အာရုံစိုက်ပြီး အချိန်ခဏပေး ဖြေဆိုဖို့လိုပါတယ်နော်)

သင်ရော Cyberbullying လုပ်နေမိပြီလား ဆန်းစစ်ချင်ရင် အောက်က Link လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဖြေကြည့်ပါနော်👇
https://m.me/myeo.hub?ref=cbq