ကိုယ့်ကိုယ်ကို‌ယ် ဂရုစိုက်တတ်ဖို့❗

စာဖတ်ရန် ကြာချိန် (၃) မိနစ်

သူငယ်ချင်းတို့ရေ…
အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာ ပိတ်မိနေတဲ့အတောအတွင်း တစ်နေ့တစ်နေ့ Screen ရှေ့မှာပဲအမြဲထိုင်နေမိပြီလား⁉️
အိပ်ချိန်စားချိန်‌ရော မှန်သေးရဲ့လား⁉️
ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဂရုစိုက်ပေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးဖို့တောင်မေ့နေပြီလား⁉️
ဒီလိုမျိုး နေ့စဉ်တာဝန်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို မေ့လျော့နေပြီဆိုရင်တော့ မိမိကိုယ်ကို ဂရုစိုက်မှု (Self-care) ဆိုတဲ့စကားလုံးလေးဟာ အားလုံးအတွက်အရေးပါလာပါပြီ🤗🤗

Self-care ဆိုတာဘာလဲ❓❓

Self-care ဆိုတာက ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုပတ်၀န်းကျင်ဆိုင်ရာ နဲ့ စိတ်ခံစားမှုဆိုင်ရာကျန်းမာရေး စသည်တို့ကို မိမိကိုယ်တိုင် ဂရုတစိုက်လုပ်ဆောင်ပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ Self-care ဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကို တွန်းလှန်ကျော်လွှားနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ညတိုင်းအိပ်ရေးဝဝအိပ်တာ၊ လတ်ဆတ်တဲ့လေကောင်းလေသန့်လေးရဖို့ အပြင်လေးခဏထွက်လိုက်တာလေးတွေက လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-care) ပါပဲ။

မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self-care) မရှိဘူးဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ❓

ကျွန်‌တော်တို့ လူငယ်‌တွေဟာ Self-care ဆိုတာဘယ်လောက်ထိအရေးကြီးမှန်းသိလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်ကြတာများပါတယ် ။ ကိုယ့်ကို စိတ်ဖိစီးစေမယ့် အရာတွေ၊ အိပ်ချိန် မမှန်တာတွေ ၊ အစား စားချိန် မမှန်တာတွေက ကိုယ့်ကို ထိခိုက်လာနိုင်တယ် ဆိုတာ ကို သိသိရက်နဲ့ ရုန်းမထွက်ဘဲ ဆက်လက် လုပ်ကိုင်နေတတ်ကြပါတယ်။

ကိုယ်တိုင်မပျော်ရွှင်တဲ့အရာတစ်ခုခုကိုဆက်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးနေတာမျိုးကိုလည်း self-care ဖြစ်တယ်လို့မခေါ်ပါဘူး။အဲ့လိုကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေတာဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေတာထက် ကိုယ့်ကိုယ်ကိုယ် လောင်စာတစ်ခုလိုပိုပြီးလောင်ကျွမ်းစေတာနဲ့ အတူတူပါပဲ။
တကယ်တော့ မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self care ) ဆိုတာက တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ် ဆိုတာ လွယ်မလိုနဲ့ လက်တွေ့မှာ ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုဂရုမစိုက်ရင် နောက်ဆက်တွဲအကျိုးဆက်တွေက ကိုယ့်ပတ်၀န်းကျင်ကသူတွေကိုပါ ၀န်ထုပ်၀န်ပိုးဖြစ်သွားစေနိုင်ပါတယ်။
(ဥပမာ- ကိုယ့်ရဲ့ကျန်းမာရေးထိခိုက်လာခဲ့မယ်ဆိုရင် ကိုယ့်အနားမှာရှိနေတဲ့သူတွေကိုပါ အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိတာမျိုးပေါ့)