သင့်ဘဝမှာ တန်ဖိုးအထားဆုံးအရာက ဘာလဲ❓

စာဖတ်ရန် ကြာချိန် (၅) မိနစ်

လူတိုင်း ဘဝမှာ တန်ဖိုးထားတဲ့အရာလေးတွေ ရှိကြပါတယ်။ အဲ့ဒီအရာတွေထဲမှာ သင့်ကိုယ်သင် ရောပါရဲ့လား? သင့်ကိုယ်သင်‌ရော တန်ဖိုးထား နေမိရဲ့လား?
💎 မိမိကိုယ်ကို တန်ဖိုးထားမှု(Self Esteem) 💎 ဆိုတာ စိတ်‌ဓာတ်ရင့်ကျက်သူ‌တိုင်းဆီမှာရှိတတ်ကြတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ အနိမ့်အမြင့်တွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ ကိုယ့်ရဲ့စိတ်ကို ကာကွယ်ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီတော့
💎သင့်ကိုယ်သင် ဘယ်လို မှန်မှန်ကန်ကန် တန်ဖိုးထားရမလဲ?
💎 သင့်ကိုယ်သင် တန်ဖိုးထားမှု မြင့်တက်အောင် ဘယ်လိုလုပ်ရမလဲ?
ဆိုတာတွေကို သိရအောင် Video လေးကို ကြည့်လိုက်ပါ 😍 👇

ဗီဒီယို ကြည့်ရန်ကြာချိန် (2:05) မိနစ်
https://youtu.be/GUfJFCKBJEU

Self-Esteem နည်းတဲ့ ပြဿနာ


ကျွန်တော့်မှာ အရင်တုန်းက ပြဿနာတစ်ခုရှိတယ်ဗျ။အဲ့ဒါက အရမ်း သိမ်ငယ်လွယ်တာပါပဲ။စာတော်တဲ့သူတွေကို ကြည့်ပြီး “ငါကျတော့ သူတို့လိုမတော်ဘူး” လို့တွေးပြီး စိတ်ညစ်ခဲ့တယ်။ဘာလုပ်လုပ် ကိုယ်လုပ်နိုင်တာထက် သူများလုပ်နိုင်တာကိုပဲ လိုက်ကြည့်ပြီး ကိုယ်မလုပ်နိုင်မှာကို စိတ်ပူနေတတ်တယ်။ ကျွန်တော်တို့ တော်တော်များများဟာ ကိုယ့်ထက် ပစ္စည်းဥစ္စာ၊ရာထူးဂုဏ်၊အရည်အချင်း သာလွန်တဲ့သူတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်၊ ပြောဆိုဆက်ဆံရတဲ့အခါ သိမ်ငယ်စိတ်၊အားငယ်စိတ်‌တွေ ဝင်မိကြပါတယ်။ “သူက တော်လိုက်တာ။ငါလည်း သူ့လိုတော်အောင် ကြိုးစားမယ်” ဆိုတဲ့ အားကျစိတ်အစား “သူက အရမ်းတော်တာပဲ။ငါက သူ့လို ဘာကြောင့်မတော်ရတာလဲ” ဆိုတဲ့သိမ်ငယ်စိတ်တွေကို စိတ်ထဲအဝင်ခံလိုက်ကြတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ မိမိကိုယ်ကိုလေးစားတန်ဖိုးထားမှု ဆိုတဲ့ Self-Esteem နည်းပါးတဲ့ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။ Self-Esteem ဆိုတာ ပြင်ပအရာဝတ္ထုတွေ၊တခြားသူတွေရဲ့ သတ်မှတ်ချက်တန်ဖိုးတွေထက် ကိုယ်ပိုင်စံနှုန်းတန်ဖိုးနဲ့ နေထိုင်ရှင်သန်တာကို ပြောတာဖြစ်ပါတယ်။ Self-Esteem က လူတစ်ယောက်ရဲ့အောင်မြင်မှု၊ပျော်ရွှင်မှုတွေအတွက် အလွန်အရေးကြီးပါတယ်။

ဘာကြောင့်အရေးကြီးတာလဲဆိုရင်တော့ Self-esteem နည်းတဲ့သူတစ်ယောက်ဟာ

  • ကိုယ့်ကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်နေမယ်။
  • တစ်စုံတစ်ခုလုပ်လို့ ကျရှုံးတိုင်း၊အမှားတစ်ခုခု လုပ်မိတိုင်း စိတ်ဓာတ်ကျလွယ်မယ်။
  • မိမိကိုယ်ကိုနဲ့အခြားသူတွေအပေါ် မကျေနပ်ချက်တွေ များနေမယ်။
  • ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေအပေါ် သံသယဝင်လာမယ်။
  • လူမှုဆက်ဆံရေးပိုင်းမှာလည်း တဖြည်းဖြည်း ထိခိုက်လာမယ်။
    ဒီလိုနဲ့ နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ထိခိုက်ဆုံးရှုံးမှုတွေ များလာပါလိမ့်မယ်။ဒါဆို ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ? Self-Esteem နည်းနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?

သင့်ရဲ့ Self-Esteem က မြင့်တက်လာဖို့အတွက် အောက်က အချက်လေးတွေကို မဖြစ်မနေ လုပ်ဆောင်ပေးသင့်ပါတယ်


(၁) ကိုယ့်ရဲ့အားသာချက်၊အားနည်းချက်တွေကို စိစစ်လေ့လာပါ။
လူတိုင်းမှာ လုပ်နိုင်တာနဲ့မလုပ်နိုင်တာတွေ ရှိကြပါတယ်။မလုပ်နိုင်တဲ့အရာ‌တွေကို လက်ခံပြီး လုပ်နိုင်တဲ့အရာအပေါ် ပိုပြီး အာရုံစိုက်ဖို့လိုပါတယ်။ဒါကြောင့် ကိုယ်ဟာ ဘယ်နေရာတွေမှာ တော်ပြီး ဘယ်နေရာတွေမှာတော့ ညံ့ကြောင်း ကိုယ့်ကိုယ်က်ိုလေ့လာပါ။ကိုယ့်အ‌နေနဲ့ ပြင်ဆင်လို့မရနိုင်အောင် အားနည်းတဲ့အရာတွေအပေါ် အာရုံစိုက်ခံစားမနေဘဲ ကိုယ်လုပ်နိုင်တဲ့၊ တော်တဲ့အရာတွေကို ပိုပြီးတိုးတက်အောင် လုပ်ပါ။
(ဥပမာ – ကိုယ်က ဂီတကို ဝါသနာကြီးပေမယ့် အသံမကောင်းတဲ့အခါ ဂီတနဲ့ဆက်စပ်တဲ့ သီချင်းရေးတာ၊တီးတာကို ပိုပြီး‌ကောင်းအောင် လုပ်တာမျိုးပေါ့)


(၂) မလုပ်ချင်တာကို ငြင်းပယ်ဖို့အတွက် မလိုအပ်ဘဲ အားမနာပါနဲ့။
ကိုယ်မွေးဖွားလာတာ တခြားသူတွေရဲ့ဆန္ဒအလိုက် နေထိုင်ဖို့မဟုတ်ပါဘူး။ကိုယ်လုပ်ချင်တာတွေလုပ်ဖို့၊ ကိုယ့်စိတ်ဆန္ဒအတိုင်း ရှင်သန်ဖို့ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်လုပ်ချင်တာတစ်ခုတည်းပဲ ဂရုစိုက်ပြီး တခြားအရာတွေကို လျစ်လျူရှုထားခိုင်းတာ မဟုတ်ပါဘူး။မလိုအပ်ဘဲ အားမနာဖို့ ပြောချင်တာပါ။ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ အချိန်တွေ၊ခွန်အားတွေကို အလဟဿ ဖြုန်းတီးမခံပါနဲ့။ ဒါကြောင့် ကိုယ့်တိုးတက်မှု၊အချိန်ကုန်ရမှုအတွက် ဘာမှအကျိုးမဖြစ်တဲ့ ကိုယ်စိတ်မပါတာကို လုပ်ခိုင်းရင် ခပ်တည်တည်နဲ့ No လို့ ပြောနိုင်ပါစေ။


(၃) တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေအပေါ် လိုက်မခံစားပါနဲ့။
လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ရှိကြပါတယ်။သူများရဲ့‌အဖြစ်အပျက်တွေကို ကိုယ်ပိုင်အတွေ့အကြုံတွေ အခြေခံပြီး ထင်မြင်ယူဆချက်တွေ ပေးတာ၊ ကဲ့ရဲ့ပြစ်တင်တာတွေ လုပ်တတ်ကြတယ်။ဒါဟာ သူတို့ရဲ့အခွင့်အရေးဖြစ်ပါတယ်။အဲ့လိုထင်မြင်ယူဆချက်တွေကို နားထောင်ပြီး လိုက်ခံစားနေမလား၊ အဲ့ဒီထင်မြင်ယူဆချက်တွေကနေ ကိုယ့်အတွက် အကျိုးရှိတာကို လက်ခံရွေးယူသွားမလား ဆိုတာကတော့ ကိုယ့်ရဲ့အခွင့်အရေးဖြစ်ပါတယ်။


(၄) Personal Grooming ကိုလည်း အလေးထားပါ။
ကိုယ့်ရဲ့ Self-esteem မြင့်တက်လာဖို့အတွက် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာနေအောင်၊ ဝတ်စားဆင်ယင်မှုလည်း သေသပ်တင့်တယ်နေအောင် ဂရုစိုက်သင့်ပါတယ်။ဘာ‌ကြောင့်လဲဆိုရင်တော့ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာမှာ သန့်သန့်ရှင်းရှင်း၊သပ်သပ်ရပ်ရပ်နဲ့ ဖြစ်နေရင် ကိုယ့်ကိုယ်ကို ပိုပြီးတန်ဖိုးထား သဘောကျလာမှာဖြစ်ပါတယ်။ဒါမှသာ ကိုယ့်ကိုယ်ကို သန့်ရှင်းကျန်းမာအောင်နေခြင်း (Personal Hygiene) နဲ့ ကိုယ့်ကိုယ်ကို သပ်ရပ်လှပအောင်နေခြင်း (Personal Grooming) အားဖြင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးထားလေးစားလာမှာပဲ ဖြစ်ပါတယ်။


(၅) ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ပါ။
နောက်တစ်မျိုးပြောရရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကို မလိုအပ်ဘဲ အထိခိုက်မခံပါနဲ့။ကိုယ်ပျော်ရွှင်ဖို့အတွက် ကိုယ်တိုင်လုပ်ရမှာပါ။
ကိုယ့်ရဲ့စိတ်ညစ်ရမှုတွေကို တခြားသူကြောင့်ဆိုပြီး အပြစ်တင်နေလို့ မထူးပါဘူး။ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ခုဖြစ်ဖြစ် သူများကိုလည်း မထိခိုက်တဲ့ ကိုယ်စိတ်ပျော်ရာကို လုပ်ပါ။ကိုယ်ကိုယ်တိုင်ကသာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တယ်ဆိုတာ သိလာလေလေ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးထားလာလေလေပါပဲ။
အခုဆိုရင် Self-Esteem နည်းတဲ့အခါ ကြုံရမယ့်အခက်အခဲတွေနဲ့ Self-Esteem ကိုတိုးမြှင့်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစာလေးက ဖတ်ရှုသူတွေအတွက် အကျိုးတစ်စုံတစ်ခု ရှိမယ်လို့ ယုံကြည်ပါတယ်။

 Motivation နဲ့ Self-Esteem တို့အကြောင်း ကိုယ် ဘယ်လောက်သိထားလဲဆိုတာ ဆန်းစစ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်က Linkလေး နှိပ်ပြီး မေးခွန်းလေး ဖြေကြည့်ပါနော် 👇https://m.me/myeo.hub?ref=self-esteem

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist