Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။

⚠️ဆိုရှယ် မီဒီယာကို နေ့စဉ်နှင့်အမျှ ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ သတင်းအချက်အလက် ခိုးယူခံရမှုတွေ၊ လိမ်လည်လှည့်ဖျား၍ ငွေညှစ်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ စစ်တမ်းများအရ လုပ်ငန်းခွင် (၈) ခုမှာ အနည်းဆုံး (၁) ခုဟာ အင်တာနက်ပေါ်ကတစ်ဆင့် ယခုလို တိုက်ခိုက်တာမျိုး ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။⚠️

⁉️ ယခုလို အင်တာနက်ကတစ်ဆင့် တိုက်ခိုက်ခံရတဲ့  Phishing ဆိုတာဘာလဲ ⁉️

🔴 Phishing ဆိုတာဟာ သူ့ရဲ့အသံထွက်အတိုင်း Fishing (ငါးမျှားခြင်း)🎣 နဲ့ အသွင်တူပါတယ်။ 

🔴 ပထမဦးစွာ ငါးစာအဖြစ်နဲ့ မိမိရဲ့အသိမိတ်ဆွေ၊ မိမိရဲ့လုပ်ငန်းရှင်၊ နာမည်ကြီးစီးပွါးရေးလုပ်ငန်း တို့ရဲ့ Website များအဖြစ် ဟန်ဆောင်ကာ အီးမေးလ် (Email) ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ လင့်ခ် (link) များ ပေးပို့၍ ဖြစ်စေ  မိမိရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ဖြည့်သွင်းအောင်ပြုလုပ်တာဖြစ်ပါတယ်။

🔴အကယ်၍ ပေးပို့လာသော Website သို့မဟုတ် Link တွေကို မစစ်ဆေးပဲ အချက်အလက်တွေ ထည့်သွင်းလိုက်ပြီ ဆိုရင်တော့ ငါးစာကိုစားမိတဲ့ ငါးလေး🐟ဖြစ်သွားပါပြီ။ 

🔴မိမိ ကိုယ်ပိုင်အချက်အလက်များလို့ ဆိုရာမှာ Email Password ( အီးမေလ်း လျှို့ဝှက်နံပါတ်) ၊ Social Media Account Password (မိမိအသုံးပြုသော ဆိုရှယ်မီဒီယာ အကောင့် များ၏ လျှို့ဝှက်နံပါတ်) တွေနဲ့ Visa Card, Credit Card စတဲ့ Bank Information (ဘဏ်ကဒ်အချက်အလက်) တွေလဲ ပါပါတယ်။

🔴 ဒီလိုပြုလုပ်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်ကတော့ လုပ်ငန်းအချက်အလက်များ ခိုးယူရန် သို့မဟုတ် ငွေခိုးယူရန် အတွက်ပဲ ဖြစ်ပါတယ်။

*************************************************************************************

⁉️ ယေဘုယျအားဖြင့် အများဆုံး လူတွေကြုံရနိုင်တဲ့ Phishing ပုံစံ (၄) မျိုး ရှိပါတယ်။ ⁉️

1️⃣ မိမိအား Website တစ်ခုခုသို့ ဝင်ရောက်ရန် စေခိုင်းပြီး ဖုန်း (သို့) ကား မဲပေါက်ပါသည်ဟုဆိုကာ လျှို့ဝှက်နံပါတ်တောင်းခံသော Link အတုများ။

2️⃣ မိမိ ဘဏ်ကဒ်များ (သို့) ဆိုရှယ်မီဒီယာအကောင့်များ၏ လျှို့ဝှက်နံပါတ်များကို ပြောင်းလဲရန် စေခိုင်းသော အီးမေးလ်များ။

3️⃣ မိမိ အသုံးပြုဖူးသော အက်ပလီကေးရှင်းတစ်ခုခု၏ Website မှ လစဉ်ကြေးငွေပေးဆောင်ရန် တောင်းဆိုသည့်ပုံစံဖြင့် ဘဏ်ကဒ် အချက်အလက်များဖြည့်ခိုင်းခြင်း။

4️⃣ အယောင်ဆောင်ထားသော Website အတုများ ဖြင့် အလှူငွေ လိမ်လည်ခြင်း။

ဒါ့ကြောင့် မိမိဆီသို့ ထူးဆန်းသော Email/ Website/ Link များမှတဆင့် ကိုယ်ပိုင်အချက်အလက်များ တောင်းဆိုလာသောအခါ သေချာအောင် စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အရမ်းအရေးကြီးပါတယ်။ 

*************************************************************************************

⁉️ Phishing Scam လုပ်တာမျိုး မခံရအောင် ဘယ်လိုလုပ်ရမလဲ ⁉️

🛡Phishing Attack မှ အတတ်နိုင်ဆုံးကာကွယ်ရန် အတွက် အောက်ပါအချက်တွေကို သေချာ သတိပြုမှတ်သားထားရပါမယ်။🛡️

  1. မိမိ၏ Email အကောင့်များ ကို လုံခြုံမှုရှိအောင် ခက်ခဲ၍ ခိုင်မာသော လျှို့ဝှက်နံပါတ်များ (Strongest Password) ထားပေးပါ။ 
  2. မိမိအသုံးပြုနေသော မည့်သည့် ဒစ်ဂျစ်တယ် အွန်လိုင်း အကောင့်များတွင်မဆို Two-Factor Authentication (2FA) ကို အသုံးပြုပါ။
  3. မိမိ Google အကောင့်၏ လုံခြုံရေး (Security) ကို စစ်ဆေးပါ။ Manage Your Account မှတဆင့် လုံခြုံရေးလုပ်ဆောင်ချက်များ ပြုလုပ်နိုင်ပါတယ်။ 
  4. Website မှန်သမျှတွင် အီးမေးလ် လိပ်စာကို အလွယ်တကူ မဖြည့်သင့်ပါ။ လိုအပ်လျှင် မှန်ကန်သော Website ဖြစ်ကြောင်း သေချာစစ်ဆေးပြီးမှ ပြုလုပ်သင့်ပါတယ်။ 
  5. Play Store / App Store ကဲ့သို့သော Official App များမှ မဟုတ်ပဲ အခြား Website မှတဆင့် Application များ Download ရယူခြင်းကို အတတ်နိုင်ဆုံး ဆင်ခြင်ပါ။
  6. မိမိထံသို့ရောက်လာသော email များကို သေချာ စစ်ဆေးပါ။ (ပေးပို့သူအမည်၊ email လိပ်စာ နှင့် စာကိုယ်တွင် ပါရှိသော website တို့ကို မှန်ကန်ကြောင်း စစ်ဆေးပါ)
  7. Website/ Link တစ်ခုခုသို့ ဝင်ရောက်သောအခါ http:// နှင့် https:// တို့ကို သတိပြုစစ်ဆေးပါ။ http သည် secure မဖြစ်ကြောင်းကို ရည်ညွှန်းသည်။ https (s ပါသော) နှင့် အစပြုမှသာ ဝင်ရောက်သင့်ပါတယ်။

Phishing အကြောင်းကို ဗီဒီယိုလေးနဲ့လည်း ပြောပြပေးထားပါတယ်