သတင်းစီးဆင်းနှုန်းတွေ မြန်ဆန်လာတာနဲ့အမျှ သတင်းအမှားတွေကို ဆန်းစစ်နိုင်ဖို့ကလည်း အရေးကြီးလာပါတယ်။ ဒါကြောင့် သေချာစွာစစ်ဆေးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ၀ေမျှလိုက်ပါတယ်။
သတင်းရရှိရာ အရင်းအမြစ်ကိုဆန်းစစ်ပါ။
ကိုယ်ကြည့်နေတဲ့ သတင်းက ယုံကြည်စိတ်ချရလားဆိုတာကို စစ်ပါ။ ပြီးရင် သတင်းစတင်ဖြန့်ဝေတဲ့ အချိန်၊ ရက်ဆွဲ အစရှိသည့် အသေးစိတ်အချက်အလက်တွေကိုပါ သေချာစွာ စစ်ဆေးပါ။
သတင်းဖြန့်သူ၏ credibility ကို ဆန်းစစ်ပါ။
သတင်းရေးသားသူ (သို့) သတင်းဖြန့်ဝေသူ၏ သတင်းအချက်အလက်ခိုင်ခံ့မှုကို စစ်ဆေးပါ။ သတင်းဖြန့်ဝေသူ၏ ယခင်ရေးသားထားသော သတင်းများ၏မှန်ကန်မှု၊ ခိုင်ခံ့မှု များကိုစစ်ဆေးပါ။ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ဖြစ်ပါက Follower အရေအတွက် Blue Mark ပါမပါ အစရှိသဖြင့် စစ်ဆေးနိုင်ပါသည်။
သတင်းရှာဖွေမှုကို ချဲ့ထွင်ပါ။
သတင်းအရင်းအမြစ်တစ်ခုတည်းကိုပဲ မမှီခိုပါနဲ့။ သတင်းရရှိရာ သတင်း မီဒီယာ (သို့) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဆီကနေပဲ မလက်ခံပါနဲ့။ တိကျမှန်ကန်သော သတင်းရရှိနိုင်သော သတင်းအရင်းအမြစ်များအားလုံးဆီမှ သတင်းလက်ခံရယူပြီး သတင်းမှန်မမှန် ဆန်းစစ်ပါ။
ဟာသပြက်လုံးတစ်ခုဟုတ်မဟုတ်စစ်ဆေးပါ။
တခါတလေကျရင် သတင်းတင်သူက နောက်ပြောင်ပြီးရေးတဲ့ပြက်လုံးတစ်ခုကို စာဖတ်သူက နားလည်မှုလွဲပြီးသတင်းတစ်ခုအဖြစ်ပြန်ပြီး ၀ေမျှမိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ၀ေမျှခြင်းမပြုလုပ်ခင် ဟာသပြက်လုံးတစ်ခုဟုတ်မဟုတ်စစ်ဆေးပါ။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘက်လိုက်မှုပါနေလားဆန်းစစ်ပါ။
တစ်ချို့သော သတင်းများသည် စာရေးသူ (သို့) သတင်းဖြန့်ဝေသူတစ်ဦးတစ်ယောက်တည်း၏ ရပ်တည်မှုဖြင့် ပုဂ္ဂိုလ်စွဲသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကိုစွဲပြီးသော်လည်းကောင်း ရေးသားထားခြင်းဖြစ်နိုင်ပါသည်။ ထိုသို့သော အခြေအနေတွင် သတင်းကို တစ်ဘက်ဘက်သို့ ဘက်လိုက်မှုများပါနေသလား ဆန်းစစ်ပါ။
Fact-Checking Sites တွေအသုံးပြုပြီး သတင်းမှန်မှန် စစ်ဆေးပါ။
ယနေ့မျက်မှောက်ခေတ်ကဲ့သို့ နည်းပညာများတိုးတက်နေသောခေတ်တွင် သတင်းအချက်အလက်များမှန်၊မမှန်ဆန်းစစ်ရရှိနိုင်သော websites များစွာရှိနေပြီဖြစ်သည်။ FactCheck, Fact-Checking Video, LikedIn, Politifact, Snopes.com, JournalTool, Fair.org, AllSides အစရှိသော Fact Checking Tools များကို အသုံးပြုပြီးလည်း မိမိရရှိထားသော သတင်းအချက်အလက်များ မှန်၊မမှန်စစ်ဆေးပါ။
Reference Sources: Brittanica, DigTech ASEAN
