ကျွန်တော်တို့ အားလုံးရဲ့ နေစဉ်ဘ၀မှာ မရှိမဖြစ်လိုမျိုး အသုံးပြုဖြစ်နေကြတဲ့ Facebook အကြောင်းကို အားလုံးရင်းနှီးပီးသားဖြစ်မှာပါ။
ယခု ဆောင်းပါးမှာတော့ Facebook ကို ဘယ်လိုသုံးရမလဲဆိုတာထက် Facebook ကို နေ့စဉ်အသုံးပြုနေကြပေမယ့် လူတွေ အမှုမဲ့ အမှတ်မဲ့ သတိမထားမိဖို့များတဲ့ လုံခြုံရေးဆိုင်ရာ Function များ ကို ဖော်ပြပေးလိုက်ပါရစေ။
(၁) မိမိ Facebook ရှိ Post များအား Filterချ၍ ရခြင်း။
မိမိ Facebook အကောင့်ရဲ့ Profile Wall ပေါ်က ပို့စ်များကို စိတ်ကြိုက် filter ချကာ ဝှက်ခြင်း (Hide)၊ ဖျက်ခြင်း (Delete) ၊ Privacy ပြောင်းလဲခြင်းများ (Public to Only Me) ပြုလုပ်နိုင်ပါတယ်။ အောက်ပါပုံ နှစ်ခုတွင် အသေးစိတ် လေ့လာကြည့်ပါ။


(၂) Deactivate ပြုလုပ်နိုင်ခြင်း။
မိမိ Facebook account အား ခနတာ ပိတ်သိမ်းထားရန်အတွက် Deactivate ပြုလုပ်နိုင်ပါတယ်။ Deactivate ပြုလုပ်ထားစဉ် အချိန်အတွင်း မိမိ၏ Facebook account အား မည်သူမှ ဝင်ကြည့်၍ ရမည် မဟုတ်ပါ။ မိမိ ဆန္ဒရှိသည့်အချိန်တွင် အကောင့် Log In ပြန်ဝင်ကာ ပြန်လည် အသုံးပြုနိုင်ပါတယ်။



(၃) လုံခြုံစွာအသုံးပြုနိုင်ရန် Two-Factor Authentication (2FA) ပြုလုပ်ထားနိုင်ခြင်း။
မိမိ Facebook Account အား အလွယ်တကူ ခိုးယူ၍ မရနိုင်အောင် Two-Factor Authentication စနစ်အသုံးပြုကာ ကာကွယ်ထားနိုင်ပါတယ်။ 2FA အား မိမိ၏ ဖုန်းနံပါတ်ဖြင့်ဖြစ်စေ Authentication App ဖြင့်ဖြစ်စေ ပြုလုပ်ထားနိုင်ပါတယ်။ အောက်ပါပုံများမှာ အသေးစိတ်လေ့လာကြည့်ပီး ကိုယ့် Facebook အကောင့်ကို 2FA ထည့်သွင်းဖို့ ပြုလုပ်ကြည့်ကြရအောင်။



(၄) ကိုယ်ရေးမှတ်တမ်း ပိတ်ထားနိုင်ခြင်း။
မိမိနှင့် မိတ်မဖွဲ့ထားသော အကောင့်များ မိမိ၏ Profile wall သို့ ဝင်ရောက်ကြည့်ရှုခြင်း၊ ပုံများ သိမ်းဆည်းခြင်း၊ Screenshot ရိုက်ယူခြင်းများ မပြုလုပ်နိုင်အောင် Profile Lock (ကိုယ်ရေးမှတ်တမ်း ပိတ်ထားခြင်း) အား ပြုလုပ်နိုင်ပါသေးတယ်။

