Android user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Silence (SMS App)

ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက် အင်တာနက်ကနေတစ်ဆင့် ပြောဆိုဆက်သွယ်တဲ့အခါ ကျွန်တော်တို့ရဲ့ Privacy တွေ အချိုးဖောက်မခံရဘဲ ပြောဆိုဆက်သွယ်တတ်ဖို့ဟာ အလွန်ပဲအရေးကြီးလာပါတယ်။

ယခု ဆောင်းပါး မှာတော့ အင်တာနက်မရှိတဲ့အချိန် message ပို့ပြီး ပြောဆိုဆက်သွယ်ရတဲ့အခါ ကိုယ်ပို့တဲ့စာတွေရဲ့အကြောင်းအရာကို Telecom Operators တွေ၊ Vendors တွေ နဲ့ အခြားသူတွေ အလွယ်တကူကြည့်ရှုလို့မရအောင်၊ ကိုယ့်ဖုန်းပျောက်ခဲ့ရင်တောင် ပို့ထားခဲ့ဖူးတဲ့ စာတွေမမြင်ရအောင် လုပ်ထားလို့ရတဲ့အကြောင်းလေးကို မျှဝေပေးသွားပါမယ်။

အဲလို လုပ်ထားဖို့ကတော့ Application တစ်ခုသုံးဖို့လိုအပ်ပါတယ်။ အဲ့ဒါကတော့ Silence ဆိုတဲ့ SMS Application ဖြစ်ပါတယ်။

အပိုင်း (၁) Silence App အကောင့်ဖွင့်နည်း အဆင့်ဆင့် 👇👇

အပိုင်း (၂) Silence App Feature များ အကြောင်း 👇👇

Silence App က
✅ အသုံးပြုဖို့ အင်တာနက်ဖွင့်ထားစရာမလိုပါဘူး။
Account အသစ်တွေ ဘာတွေလည်း ထပ်ဖွင့်စရာမလိုပါဘူး။
✅ အခြား အင်တာနက်ကနေ ပြောဆိုလို့ရတဲ့ Viber တို့၊ Signal တို့လိုမျိုး SMS Encryption ပါတဲ့အတွက် သာမန် Message ပို့တာထက် ပိုပြီးလုံခြုံပါတယ်။
End-to-End SMS Encryption ဖြစ်ဖို့ဆို စာအပြန်အလှန်ပို့မယ်သူအချင်းချင်းကတော့ Application ကို သုံးရပါမယ်။
✅ ထပ်ပြီး End to End SMS Encryption ဖြစ်ဖို့ဆို စာမပို့ခင် အပေါ်က သော့ခလောက်ပုံစံလေးကိုနှိပ်ပြီး Key Exchange message ဆိုတဲ့စာပေါ်လာပြီး သော့ခလောက်လေးက locked ကျသွားသလိုမျိုး ဖြစ်ဖို့လိုပါတယ်။
✅ နောက်ပြီး ကိုယ့်ရဲ့ message တွေကို အခြားသူမမြင်အောင်လည်း Application ကို Lock ချထားလို့ရပါတယ်။ Lock ချဖို့က Settings ထဲက Privacy ကိုဝင်ပြီး Enable passphrase ကို ဖွင့်ပြီး password ထားလိုက်ရင် ရပါတယ်။
✅ Lock ချပြီးရင်လည်း ဘယ်အချိန်ကနေစပြီး Lock ချချင်လည်းဆိုတာ လုပ်လို့ရပါတယ်။ အဲလိုလုပ်ဖို့ကလည်း Settings ထဲက Enable passphrase ကိုဖွင့်ပြီး Timeout interval မှာ အချိန်သတ်မှတ်လို့ ရပါတယ်။ ဥပမာ- ကိုယ်က Timeout interval ကို တစ်မိနစ်သတ်မှတ်လိုက်ရင် ကိုယ် အဲ့ဒီ application ကို တစ်မိနစ်ဖွင့်မကြည့်မိတော့တာနဲ့ Lock ကျသွားပြီး Passphrase (Password) နဲ့ပြန်ဖွင့်ရမှာပါ။

ဒီလောက်ဆိုရင်တော့ App နဲ့ပတ်သက်ပြီး သိသင့်သလောက် သိသွားပြီလို့ ထင်ပါတယ်။ Silence App က သုံးရတာ တကယ်လွယ်သလို စာတိုတွေကို လုံခြုံထိရောက်စွာ ပို့လို့ရတဲ့အတွက် အမြန်ဆုံးအသုံးပြုကြည့်ကြပါနော်။

Application ကို download ဆွဲချင်ရင်တော့ ⬇️⬇️
https://play.google.com/store/apps/details
https://apkpure.com/silence/org.smssecure.smssecure

MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security နှင့် ပတ်သက်ပြီး အဆက်မပြတ် ဝေမျှသွားမှာမို့ အောက်က Link များမှ တစ်ဆင့် join ထားနိုင်ပါတယ်။ 👇👇
MYEO Twitter : http://twitter.com/myeo_hub
MYEO Telegram : https://t.me/joinchat/Tw9MZXIzo1RpaTHR
MYEO Viber : https://invite.viber.com/…

1 thought on “Android user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Silence (SMS App)”

  1. Silence app သုံးနေပါသည်။ password မမှတ်မိ၍ ဝင်မရဖြစ်နေပါသည်။ ပြန်လည်အသုံးပြုနိုင်ရန် မည်ကဲ့သို့လုပ်ဆောက်ရမည်ကို လမ်းညွန်ပေးပါအုံးရှင့်

Comments are closed.