Email Phishing ဆိုတာကတော့ အရေးကြီးအချက်အလက်တွေကို လိမ်လည်ရယူတဲ့အခါမှာ လူသိများထင်ရှားတဲ့ Website သို့မဟုတ် မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Email ပေးပို့ခြင်းဖြစ်ပါတယ်။
များသောအားဖြင့် Email Phishing ဟာ မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ကာ ရောက်လာတတ်ပါတယ်။
[ဥပမာ(၁) မိမိ၏ ကုမ္ပဏီမှ အထက်အရာရှိအဖြစ် ဟန်ဆောင်ကာ ဘဏ်အကောင့်တစ်ခုထံသို့ အရေးတကြီး ငွေလွှဲခိုင်းခြင်းများ အဖြစ်များပါတယ်။]
ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ
ထိုအခါမှာ ပေးပို့လာသော Email လိပ်စာသည် မိမိအထက်အရာရှိ၏ အီးမေးလ် အစစ်အမှန်ဖြစ်ကြောင်း ဦးစွာ အတည်ပြုရပါမယ်။
ထို့နောက် အီးမေးလ် တွင်ပါသော အကြောင်းအရာတို့ကို ဆီလျော်မှုရှိမရှိ စစ်ဆေးရပါမယ်။
[ဥပမာ (၂) တစ်ခါတစ်ရံတွင် လူသိများသော စီးပွားရေးလုပ်ငန်းများအဖြစ် ဟန်ဆောင်ကာ အီးမေးလ်များ ပေးပို့တတ်ပါတယ်။ မိမိလစဉ်ကြည့်ရှုနေသော Netflix ရုပ်သံ အကောင့်၏ လစဉ်ကြေးပေးသွင်းရန်အတွက် Credit ကဒ်အချက်အလက်များအပြင် လျှို့ဝှက်နံပါတ် Password များတောင်းခံသော မေးလ်များ ရောက်လာနိုင်ပါတယ်။]
ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ
မိမိအသုံးပြုနေတဲ့ Netflix ရဲ့ Official Website လိပ်စာနဲ့ မေးလ်မှာ ပေးပို့လာတဲ့ လိပ်စာတွေကို တူညီသလားဆိုတာ စစ်ဆေးရပါမယ်။
ဒါ့အပြင် Email ပေးပို့သူရဲ့ အမည်၊ရာထူးတို့အား ထိုNetflix ကုမ္ပဏီမှာရှိတဲ့ Email ပေးပို့ခွင့်ရှိသူ ဟုတ်မဟုတ်ကို ရှာဖွေစစ်ဆေးကြည့်ပါမယ်။
နောက်ဆုံးအနေနဲ့ ပေးပို့လာသော Email လိပ်စာဟာ Netflix ကုမ္ပဏီရဲ့ မေးလ်အစစ်ဟုတ်မဟုတ် အတည်ပြုကြည့်ရပါမယ်။
လိမ်လည်သူတွေ အီးမေးလ်ပေးပို့တဲ့အခါ အသုံးပြုတဲ့ Email (သို့) Website လိပ်စာတွေဟာ မိမိနှင့်ရင်းနှီးကျွမ်းဝင်သူ သို့မဟုတ် ကုမ္ပဏီတွေရဲ့ လိပ်စာ အစစ်အမှန် တွေနဲ့ ဆင်တူယိုးမှားဖြစ်အောင် ပြုလုပ်ထားတာကို အထူးသတိထားရမှာ ဖြစ်ပါတယ်။
Email Phishing ဥပမာပုံစံများကိုတော့ အောက်ပါ ပုံမှာ လေ့လာနိုင်ပါတယ်နော်။
Email Phishing အကြောင်းကို ဗီဒီယိုကနေ လေ့လာကြည့်ရအောင်
👌👌Phishing ပြုလုပ်ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်မယ့် နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ထားဖို့ နည်းလမ်းတွေကို “Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ” ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ 👌👌