End-to-End Encryption အကြောင်း သိကောင်းစရာ

🔐 ယခုခေတ်ကာလနောက်ပိုင်းမှာဆိုရင် လူအများစုကြားမှာ “ ဘယ် အွန်လိုင်း အပလီကေးရှင်း ကတော့ End-to-end encryption (E2EE) ပါလို့ ပိုပြီး လုံခြုံတယ်၊ ဘယ်အပလီကေးရှင်းကတော့ မပါလို့ သိပ်မလုံခြုံဘူး ဆိုပြီး အွန်လိုင်းကနေ အချင်းချင်းစကားပြောကြတဲ့အခါ message တွေကို encryption နဲ့ပို့ ကြပါ ” စသဖြင့် လူပြောများလာကြပါတယ်။ 🔐

🛡️ End-to-end Encryption ဆိုတာက ဘာလဲ?

End-to-end Encryption က လွယ်လွယ် ပြောရရင် သင် message တစ်ခုကို ပို့လိုက်တဲ့ အခါမှာ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး တခြားဘယ်သူမှ (အသုံးပြုတဲ့ application server ကတောင်မှ) 🚫 ဝင်ဖတ်လို့ မရအောင် ပြုလုပ်ပေးထားတဲ့ စနစ် တစ်ခုပါဘဲ။

🛡️ ဒါဆို End-to-end Encryption က ဘယ်လိုအလုပ်လုပ်တာလဲ?

ဘယ်လို အလုပ်လုပ်လဲဆိုတော့ သင်္ချာနည်းအရ ထုတ်ထားတဲ့ Public Key🔓, Private Key🔒 တွဲတစ်စုံကို အသုံးပြုပြီး လုပ်ဆောင်တာပါ။ E2EE မှာ ပေးပို့သူမှာကော၊ လက်ခံသူမှာကော Public Key တစ်ခု နဲ့ Private Key တစ်ခုရှိပါတယ်။ ဟုတ်ပြီ…..public key တွေ private key တွေက ဘယ်လိုမျိုးလဲ ဆိုရင် နှစ်ခုလုံးက အက္ခရာတွေပါတဲ့ စာတန်းတွေပါဘဲ။ public key 🔓 ကတော့ နှစ်ယောက်လုံးမြင်ခွင့်ရှိပြီး private key 🔒ကတော့ ကိုယ့်ဘက်မှာဘဲရှိတာပါ။ ရှင်းအောင်ပြောရမယ်ဆိုရင် public key 🔓ကို သော့ခ‌လောက်တစ်ခုလို့ မြင်လိုက် အဲ့ သော့ခလောက်ကို ဘယ်သူမဆို ယူပြီး ပိတ်လို့ရတယ်။ ဒါပေမယ့် private key ဆိုတဲ့ သော့🔑နဲ့မှ အဲ့ သော့ခလောက်ကို ပြန်ဖွင့်လို့ရတယ်လို့ ဆိုလိုတာပါ။

🛡️ End-to-end Encryption မှာ စာပို့ပုံက ဒီလိုပါ။

ကိုယ်ပို့ချင်တဲ့ စာကို လက်ခံမယ့် သူရဲ့ သော့ခလောက် (public key)🔓 ကိုယူပြီး အရင် သော့ခတ်လိုက်တယ်။🔒 ပြီးတော့မှ ပို့လိုက်တယ်။ သော့ခတ်ထားလို့ တခြားဘယ်သူမှ ဖတ်လို့ရမှာ မဟုတ်ပါဘူး။ စာက လက်ခံမယ့် လူဆီရောက်တဲ့ခါကျ လက်ခံမယ့် သူက သူ့မှာရှိတဲ့ သော့ (private key)🔐 နဲ့ဖွင့်ပြီး စာဖတ်တယ်။ အဲ့တာကို End-to-end Encryption လို့ခေါ်ပါတယ်။

🔐End to End Encryption ပါ၀င်တဲ့ Communication Apps တွေကို အောက်မှာ အသေးစိတ် လေ့လာကြည့်ကြရအောင်နော်။ 👇👇

Whatsapp
Android: https://play.google.com/store/apps/details?id=com.whatsapp&hl=en&gl=US
iOS: https://apps.apple.com/us/app/whatsapp-messenger/id310633997
Web: https://www.whatsapp.com/download/?lang=en (web version can be used only if phone application is active)

Signal
Android: https://play.google.com/store/apps/details?id=org.thoughtcrime.securesms&hl=en&gl=US
iOS: https://signal.org/en/download/ios/
Web: https://signal.org/en/download/

Viber
Android: https://play.google.com/store/apps/details?id=com.viber.voip&hl=en&gl=US
iOS: https://apps.apple.com/us/app/viber-messenger-chats-calls/id382617920
Web: https://www.viber.com/en/download/

Telegram (not encrypted by default, only in secret chat)
Android: https://play.google.com/store/apps/details?id=org.telegram.messenger&hl=en&gl=US
iOS: https://apps.apple.com/us/app/telegram-messenger/id686449807
Web: https://desktop.telegram.org/

Wire
Android: https://play.google.com/store/apps/details?id=com.wire&hl=en&gl=US
iOS: https://apps.apple.com/us/app/wire-secure-messenger/id930944768
Web: https://wire.com/en/download/

Silence (SMS app for Android only)
Android: https://m.apkpure.com/silence/org.smssecure.smssecure

iMessage (default app for iOS only)