Facebook Messenger ဟာ ကျွန်တော်တို့အားလုံး နေ့စဥ်ဘ၀မှာ အွန်လိုင်းသုံးတိုင်း အမြဲတမ်းလိုလို ၀င်ရောက် သုံးစွဲလေ့အများဆုံးရှိတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ယခုဒီဆောင်းပါးမှာတော့ အားလုံးရင်းနှီးပြီးသား ဖြစ်တဲ့ Facebook Messenger ကို စနစ်တကျ လုံခြုံအောင် ဘယ်လို အသုံးပြုမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Message တွေကို ဖျက်နည်း
- ပထမဆုံး ဖျက်ချင်တဲ့ Message ကို ဖိပြီး More ကို ရွေးပါ။
- Remove ကို နှိပ်ပါ။
- Unsend ကို နှိပ်ရင် ပို့သူရော မြင်ရသူဘက်ကရော ပျက်သွားမှာပါ။
- Remove For You ကတော့ ပို့တဲ့သူဆီမှာပဲ ပျက်မှာပါ။

(၂) Conversation တစ်ခုလုံးကို ဖျက်နည်း
- ဖျက်ချင်တဲ့ Conversation ကို ဘယ်ဘက်ကို ဆွဲလိုက်ပါ။
- More ကို နှိပ်ပြီး Delete ကို ရွေးပါ။

(၃) Chat Room ဖန်တီးနည်း
- Create Room ကို နှိပ်၍ Share Video Chat Link ကို နှိပ်ပါ။
- မိမိ invite လုပ်လိုသူကိုသာ သီးသန့်ရွေးချယ်ပီး invite နှိပ်ပါ။

(၄) Secret Conversation အသုံးပြုနည်း
- Messenger ထဲက သင့် Friend ရဲ့ Account နာမည်ကို နှိပ်ပါ။
- Go to secret conversation ကို ရွေးပါ။
- နှစ်ဖက်စလုံးက Device ကို နောက်ဆုံး Version ဖြစ်အောင် Update ထားဖို့ လိုပါတယ်။

(၅) Timer ထားနည်း
- သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း Message အလိုလို ပျက်ဖို့ နာရီပုံ သင်္ကေတလေးကို နှိပ်ပါ။
- နှစ်သက်ရာ အချိန် Timer ကို ရွေးပါ။
- ဥပမာ – ၅ စက္ကန့်ဆိုရင် Seen ဖြစ်ပြီး ၅ စက္ကန့် ကြာတာနဲ့ Message တွေ ပျက်သွားပါလိမ့်မယ်။
