လူတိုင်းလိုလို အသုံးပြုကြတဲ့ Facebook ကို နေ့စဉ် သတင်းတွေဖတ်ရှုဖို့၊ အချင်းချင်းဆက်သွယ်ပြောဆိုဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့တွေ အသုံးပြုကြတဲ့အခါ ၄င်းရဲ့ သာမန် Function တွေကိုတော့ လူတိုင်း အသုံးပြုတတ်ကြတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ထပ်ပီး ငြင်းလို့မရတဲ့ တစ်ချက်ကလဲ လူတိုင်း တစ်ကြိမ်တစ်ခါတော့ အကောင့် password မေ့တာမျိုး (သို့) အကောင့် lock ကျတာမျိုး ကြုံဖူးကြတယ်ဆိုတဲ့ အချက်ပါပဲ။
ကျွန်တော်တို့တွေ ယခု ဆောင်းပါးမှာ ပါ၀င်တဲ့ Facebook အကောင့် Recovery ပြုလုပ်နည်းကို ဘယ်အချိန်တွေမှာ လိုအပ်လေ့ရှိလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပါရစေ။
(၁) ကိုယ့်ရဲ့ Facebook အကောင့်ကို အကြာကြီး password မပြောင်းပဲထားမိတဲ့အခါ
(၂) ထို့နောက် ဘယ် password ထားခဲ့မိမှန်း မေ့သွားတဲ့အခါ,
(၃) ကိုယ့်ရဲ့ ဖုန်းက Facebook App မှာ အကောင့်ကို အကြာကြီး Remember လုပ်ပီး ပုံသေ အသုံးပြုခြင်း ကြာလာတဲ့အခါ
(၄) အကောင့်တစ်ခုကို Deactivate လုပ်ထားပီး လနဲ့ချီ ပြန် activate မလုပ်ဘဲ ပစ်ထားမိတဲ့အခါ
(၅) ကိုယ့်ရဲ့ Facebook အကောင့်ကို ဘယ် email နာမည်နဲ့ ဖွင့်ထားမိခဲ့တာကို မမှတ်မိတော့တဲ့အခါ
စတဲ့ အချိန်မျိုးတွေမှာ ကိုယ့်ရဲ့ အကောင့်ကို ပြန်ဆယ်ယူဖို့ Facebook အကောင့် Recovery ပြုလုပ်နည်းကို မဖြစ်မနေသုံးဖို့ အကြောင်းဖန်လာပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့အတွက် ယခုမဟုတ်သေးတောင် တစ်ချိန်ချိန်မှာ သိထားဖို့ လိုအပ်လာနိုင်တဲ့ Facebook အကောင့် Recovery ပြုလုပ်နည်းကို ဗဟုသုတအနေနဲ့ လေ့လာကြည့်ကြရအောင်။





