Google Lens

Google Lens ဆိုတာ ဘာလဲ

Google Lens ဆိုတာ Google ကနေထုတ်လုပ်လိုက်တဲ့ ဓာတ်ပုံ မှတ်မိတဲ့ Application Software တစ်ခုဖြစ်ပါတယ်။ Google Lens ဟာ ကိုယ် Scan လိုက်တဲ့ အရာ၀တ္ထုတစ်ခုကို အသွင်အပြင်အရ ဆန်းစစ်ပြီး ထိုအရာ၀တ္ထုနှင့်သင်ဆိုင်တဲ့ အချက်အလက်များကို ယူဆောင်လာပေးပါတယ်။ 

ဘယ်လိုနေရာတွေမှာ သုံးလို့ရလဲ။

Google Lens ကို အဓိကအားဖြင့် ရှာဖွေမှုကိရိယာအဖြစ် အသုံးပြုနိုင်ပါတယ်။ Artificial Intelligence ကို အသုံးပြုထားသာ‌ကြောင့် မိမိဖုန်းကင်မရာမှ Scan လိုက်သော ဓာတ်ပုံများ၊ စာများကို ခွဲခြားသိမြင်နိုင်ကာ အောက်ပါအချက်အလက်များကို ပေးစွမ်းနိုင်ပါတယ်။ ထိုအချက်တွေကြောင့် Google Lens ဟာ သတင်းမှား သတင်းတုတွေမှ ရှောင်ရှားနိုင်ဖို့အတွက် ပုံရိပ်တွေ စာတွေကို စမ်းစစ်ဖို့ အကူအညီပေးပါလိမ့်မယ်။ 

Google Lens ရဲ့ လုပ်ဆောင်ချက် Function များ

၁. ဓာတ်ပုံထဲမှ စာများကို Scan နိုင်ခြင်း

Google Lens ဟာ ဓာတ်ပုံရှိ စာများကိုပါ Scan နိုင်ပြီး ဘာသာပြန်ခြင်း၊ မိမိ၏ Calendar တွင် မှတ်ခြင်း အစရှိသော အဆင့်မြင့် လုပ်ဆောင်မှုများမှသည် သာမာန် စာကူးယူမှုများကိုပါ လုပ်ဆောင်နိုင်ပါတယ်။ 

၂. အနီး၀န်းကျင်ရှိနေရာများကို လေ့လာနိုင်ခြင်း

မိမိ Scan လိုက်တဲ့ ဓာတ်ပုံဟာ တည်နေရာ (သို့) အဆောက်အဦး တစ်ခုဖြစ်ပါက ထိုအဆောက်အဦးကို သိရှိစေနိုင်ပြီး အနီးပတ်၀န်းကျင်ရှိ အခြားနေရာများကိုလည်း လေ့လာသိရှိနိုင်ပါတယ်။ 

၃. အပင်နှင့် တိရိစ္ဆာန်များကို ခွဲခြားသိရှိနိုင်ခြင်း

အရာ၀တ္ထုများသာမက Google Lens ဟာ အပင်နှင့် တိရိစ္ဆာန်များကိုလည်း Scan ပြီး မည်သည့်အပင်အမျိုးအစား မည်သည့်တိရိစ္ဆာန် ဖြစ်ကြောင်း စသည်တို့ကို အသေးစိတ် အချက်အလက်များအထိ ဖော်ပြပေးနိုင်ပါတယ်။ 

၄. ပုစ္ဆာများကို တွက်ချက်ပေးနိုင်ခြင်း

သင်၏ ခက်ခဲနေသော အိမ်စာပုစ္ဆာများကိုလည်း Google Lens က ကူညီဖြေရှင်းပေးနိုင်ပါတယ်။ Maths, Physics, Chemistry အစရှိသောပုစ္ဆများကို ဖုန်းဖြင့် Scan ပြီး အဖြေ၊ တွက်ချက်နည်းများကို ရှာဖွေနိုင်ပါတယ်။ 

၅. ဓာတ်ပုံထဲက စာများကို message စာအဖြစ်ကူးယူနိုင်ခြင်း

လက်ရေးနဲ့ရေးထားသော စာများကိုလည်း ဓာတ်ပုံရိုက်ပြီး phone/ computer ထဲက text အဖြစ်ပြောင်းပေးနိုင်ပါတယ်။

*****************************************************************************************

*****************************************************************************************

အများဆုံး မေးခွန်းထုတ်စရာ Google Lens အကြောင်း FAQs များ

Google Lens ကို အသုံးပြုနိုင်သည့်ဖုန်းအမျိုးအစား?
iOS – iPhone 6 နဲ့အထက် အမြင့်ပိုင်း ဖုန်း series
Android – အနည်းဆုံး 2GB memory ရှိရပါမယ်။ ဒါပေမယ့် တချို့သော Google service မရရှိထားတဲ့ (သို့) Ban ခံထားရတဲ့ ဖုန်းဆိုရင်တော့ အသုံးပြု၍ မရနိုင်ပါဘူး။

အင်တာနက် လိုအပ်လား?
လိုအပ်ပါတယ်။

Google Lens က fact checking ကိရိယာလား
Google Lens က ဓာတ်ပုံ scan ဖတ်ပြီး အရှေ့မှာပြသသွားတဲ့ function တွေပြုလုပ်နိုင်တဲ့ Application Software တစ်ခုသာလျှင် ဖြစ်ပါတယ်။ Fact check လိုပါက – https://toolbox.google.com/factcheck ကို အသုံးပြုနိုင်ပါတယ်။

မိမိ ရှာထားတာတွေကို ဖျက်လို့ရလား
https://myactivity.google.com/ ကိုသွားပြီးတော့ ရှာဖွေခဲ့တဲ့ history တွေကို ဖျက်နိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ Google Lens ကို စမ်းသုံးကြည့်လို့ရအောင် အောက်ပါ download link ‌များမှ တစ်ဆင့် ရယူလိုက်ပါ။
Play Store – https://play.google.com/store/apps/details?id=com.google.ar.lens&hl=en_US&gl=US
Apk Pure – https://m.apkpure.com/google-lens/com.google.ar.lens
App Store- https://apps.apple.com/us/app/google/id284815942