Social Media Phishing

📲 Social Media Phishing ဆိုတာဟာ လူသုံးများတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကနေတစ်ဆင့် လင့်ခ်များ(Link) ပေးပို့ပြီး အချက်အလက်များ တောင်းခံကာ လိမ်လည်ခြင်း ဖြစ်ပါတယ်။

📲 Social Media Phishing ဖြစ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ ကြောက်စရာ ကောင်းလောက်အောင် များပြားလာလျက်ရှိပြီး 2018 ခုနှစ်မှ 2019 ခုနှစ်အတွင်း 40% အထိ📈📈မြင့်တက်လာခဲ့ပါတယ်။

📲 ဒီလို လူသုံးများတဲ့ Social Media မှတစ်ဆင့် တိုက်ခိုက်မှုတွေဟာ 66% လောက်အထိ အောင်မြင်မှုရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အသုံးများတဲ့ Facebook ဖေ့စ်ဘုတ် မှတစ်ဆင့် အများဆုံးတိုက်ခိုက်ခံရလေ့ရှိပါတယ်။ 👇👇

⬛ ဥပမာ အားဖြင့် – မိမိအကောင့်ထဲမှ သူငယ်ချင်းတစ်ဦးဦးက မက်ဆင်ဂျာမှ တစ်ဆင့် ကုမ္ပဏီတစ်ခုမှ နှစ်ပတ်လည် ကံစမ်းပွဲဟုဆိုကာ ကံစမ်းရန် ပေးပို့လာသော လင့်ခ်ထဲသို့ ဝင်ရောက်ရန် ပေးပို့လာသည်ဟုဆိုကြပါစို့။အဲ့ဒီလင်ခ့်ဟာ http နဲ့ စပြီးတော့ ဝင်လိုက်တဲ့အခါမှာလဲ ငွေကြေး ဒါမှမဟုတ် ဖုန်းတွေ မဲဖောက်ပေးမယ့်ပုံစံ မက်လုံးပေးပြီး မေးခွန်းတွေ ဖြေခိုင်းပါလိမ့်မယ်။ ဖြေပြီးတဲ့အခါမှာလဲ အနိုင်ရပါတယ်ဆိုပြီး နောက်တစ်ဆင့်အနေနဲ့ မိမိရဲ့ဖေ့ဘုတ် သို့မဟုတ် ဘဏ်အကောင့်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တောင်းလာပါလိမ့်မယ်။ ⬛

⚠️အဲ့ဒီကနေဆင့် မိမိရဲ့ Facebook မှ သူငယ်ချင်းတွေဆီကိုပါ ထို Linkဟာ ပျံနှံ့သွားပြီးတော့ အလိမ်ခံရမှုပေါင်းများစွာ ပေါက်ပေါက်လာနိုင်ပါတယ်။

⚠️ တစ်ချိန်ထဲမှာပဲ မိမိအသုံးပြုနေသော Wifi သို့မဟုတ် အင်တာနက် ဝန်ဆောင်မှု (Internet Service) ပေါ်မူတည်ပြီး IP Address တွေကို ခိုးယူသူတွေ  ရရှိသွားနိုင်ပါတယ်။ 

⚠️အကောင့်ခိုးယူခံရတဲ့အခါမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာများ ပေါင်းများစွာ ဖြစ်လာနိုင်ပါတယ်။

⚠️တစ်ချိန်ထဲမှာပဲ မိမိအသုံးပြုနေသော Wifi သို့မဟုတ် အင်တာနက် ဝန်ဆောင်မှု (Internet Service) ပေါ်မူတည်ပြီး IP Address တွေကို ခိုးယူသူတွေ  ရရှိသွားနိုင်ပါတယ်။

အောက်ကပုံလေးမှာတော့ အဖြစ်များတဲ့ Social Media Phishing ပုံစံတွေကို သိရှိနိုင်အောင် ပြပေးထားပါတယ်နော်။ 👇👇

ဆိုရှယ်မီဒီယာ ဖစ်ရှင်းအကြောင်းကို အောက်မှာ ဗီဒီယိုလေးမှာ ကြည့်လိုက်ရအောင်

👌👌Phishing ပြုလုပ်ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်မယ့် နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ထားဖို့ နည်းလမ်းတွေကို “Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ” ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ 👌👌