📲 (၁) Two-Step Verification (2 SV) ဆိုတာ ဘာလဲ? 📲
Two-Step Verification (2 SV)လို့ အမည်ရတဲ့ 2 SV ဟာ သင့်ရဲ့ အွန်လိုင်းအကောင့်တွေမှာ Password များ အပြင်သို့ ပေါက်ကြားခြင်း၊ ခိုးယူခံရခြင်း ဖြစ်ရပ်များကို ရှောင်ရှားနိုင်ဖို့အတွက် ထပ်ဆင့် လုံခြုံရေး အလွှာ တစ်ခုအနေနဲ့ ကာကွယ်ပေးတဲ့ function တစ်ခုပဲဖြစ်ပါတယ်။
Two-Step Verification (2 SV) အတည်ပြုခြင်းကို ပြုလုပ်ပြီးပါက သင်ရဲ့ အကောင့်ထဲသို့ ၀င်ရောက်ရန် အဆင့် (၂) ဆင့်ဖြင့် Sign-in ပြုလုပ်ရပါလိမ့်မယ်။
သင့်ရဲ့ password ကဲ့သို့ သင်သာ သိသောအရာတစ်ခုခု
သင့်ရဲ့ ဖုန်းကဲ့သို့ သင်သာ ကိုင်ဆောင်နိုင်သော အရာတစ်ခုခု
📲 (၂) Two-Step Verification (2 SV) က ဘယ်လို ပုံစံမျိုးလဲ? 📲
Two-Step Verification (2 SV) ဟာ အွန်လိုင်း အကောင့်တစ်ခုဖွင့်ပါက အောက်ပါအတိုင်း လုပ်ဆောင်ပါလိမ့်မယ်။ သင့်ရဲ့ အသုံးပြုသူအမည် (User name) နှင့် စကားဝှက် (Password) ကို ရိုက်ထည့်ပီး 2 FV ကုတ်အား တောင်းခံရန် နှိပ်လိုက်တာနဲ့ သင့်ကွန်ပျူတာ (သို့) email ထံဖြစ်စေ၊ SMS မက်ဆေ့ချ် (သို့) ဖုန်းခေါ်ဆိုမှု ဖြင့် ဖြစ်စေ one-time ကုတ်နံပါတ်တစ်ခုကို အတည်ပြုရန် ပေးပို့လာပါလိမ့်မယ်။
သင့်ရဲ့အကောင့်ကို ဝင်ရောက်နိုင်ရန်အတွက် ထို ကုတ်နံပါတ်ကို သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း သင်ရိုက်ထည့်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင် ဆက်လက် မရိုက်ထည့်သေးပါက ကုတ်နံပါတ် သက်တမ်းကုန်သွားပြီး၊ သင့်ထံအခြားကုဒ်တစ်ခုပို့ရန် ထပ်မံ တောင်းခံဖို့ လိုအပ်ပါလိမ့်မယ်။
📲 (၃)Two-Step Verification (2 SV) နဲ့ Two-Factor Authentication (2 FA)က ဘယ်လို ကွာခြားသလဲ? 📲
🛡️Two-Step Verification (2SV) ဆိုတာဟာ မိမိအသုံးပြုတဲ့ Application ကို အဆင့်နှစ်ခု ထားရှိပြီး အသုံးပြုသူဟာ မိမိမှန်ကန်ကြောင်း စစ်ဆေးတဲ့သဘောတရား ဖြစ်ပါတယ်။
ပထမဆင့်အနေနဲ့ Application ကို ဖွင့်ရန် လက်ဗွေ(သို့) လျှို့ဝှက်နံပါတ် တစ်ခုဖြင့် ထားရှိထားရပါတယ်။
ဒုတိယ အဆင့်ကတော့ထို Application ကို အသုံးပြုတဲ့ မိမိရဲ့ အကောင့်ကို မိမိသာ သိရှိနိုင်မယ့် Pin နံပါတ်ထားရှိထားတာ ဖြစ်ပါတယ်။
ဒါဟာ အဆင့်နှစ်ခု လုပ်ဆောင်ရတဲ့ 2SV ဖြစ်ပါတယ်။
🛡️ Two-Factor Authentication (2 FA) မှာကတော့ အောက်ပါ Factor တွေထဲက နှစ်ခုကို လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။
▪️ Knowledge Factor လို့ခေါ်တဲ့ မိမိသာသိရှိသော Password, Pin နံပါတ်များ၊
▪️ Possession Factor လို့ခေါ်တဲ့ မိမိပိုင်ဆိုင်တဲ့ ID Cardနံပါတ်၊USB Stick များ၊
▪️ Inherent Factor လို့ခေါ်တဲ့ Biometric နည်းအရ မိမိဖြစ်ကြောင်းပြသနိုင်မယ့် Fingerprint ၊ Face IDများ၊
▪️ Location Factor လို့ခေါ်တဲ့ သတ်မှတ်ထားသော တည်နေရာအတွင်း အခြေပြုထားခြင်းများ၊
▪️ Time Factor လို့ခေါ်တဲ့ သတ်မှတ်ချိန်အတွင်း တစ်ကြိမ်သာအသုံးပြုလို့ရပြီး SMS သို့မဟုတ် Authenticator Application မှ ပေးပို့သော ကုဒ်များ။
ဒါကြောင့် 2SV ဆိုတာဟာ အဆင့်နှစ်ခုပါဝင်တဲ့ Factor တစ်ခုထဲ ဖြစ်ပြီးတော့ 2FA ကတော့ Factor နှစ်ခု ပေါင်းထည့်ပေးထားရတာပါ။
🛡️Two-Step Verification (2SV) နဲ့ Two-Factor Authentication (2 FA) ရော နှစ်ခုလုံးကတော့ ကျွန်တော်တို့ရဲ့ အကောင့်တွေ ပိုမိုလုံခြုံစေဖို့ ရည်ရွယ်ချက်ချင်းတူတဲ့ လုံခြုံရေး function တွေပါပဲ။
🛡️ကဲ 2 SVနဲ့ 2 FAဘာကွာလဲ ဆိုတာ သိပြီးပြီဆိုတော့ ကျွန်တော်တို့ အသုံးများလာတဲ့ Telegram နဲ့ Signal မှာ Two-Step Verification ထည့်သွင်းဖို့ အခုပဲ ဆက်လက်လေ့လာကြည့်ရအောင်။ တစ်ဆင့်ချင်းစီ အသေးစိတ်ကိုတော့ အောက်ပါ ပုံများမှာ လေ့လာနိုင်ပါတယ်။ 👇👇
📲 (၄) Telegram တွင် Two-Step Verification (2 SV) အသုံးပြုနည်း 📲
📲 (၅) Signal တွင် Two-Step Verification (2 SV) အသုံးပြုနည်း 📲