Viber ကို လုံခြုံအောင် ဘယ်လို အသုံးပြုနိုင်မလဲ

ကျွန်တော်တို့ အများစု အသုံးများသော Viber ကို စနစ်တကျနဲ့ လုံခြုံစွာ သုံးနိုင်ဖို့ အောက်က အချက်လေးတွေ သေချာလိုက်နာကြဖို့ လိုပါတယ်။

(1) End-to-End Encryption

Viber ကိုအသုံးပြုတဲ့အခါမှာ တစ်ဦးချင်းစီပို့တဲ့ One-on-One Chats တွေမှာပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်စာပို့စနစ်ဖြစ်တဲ့ Group Chats တွေမှာဖြစ်ဖြစ် ပေးပို့လာသည့် အကြောင်းအရာတွေကို စာပို့သူနဲ့ စာလက်ခံရရှိသူသာ ဖတ်ရှုနိုင်ပါတယ်။ ကြားခံ Third Party များ၊ ဥပမာ –

  • Viber ၏ မိခင် Company ဖြစ်တဲ့ Rakuten, 
  • မိမိအသုံးပြုနေသော အင်တာနက် Service ကိုထောက်ပံ့ပေးသူ (ဥပမာ- Internet Service Provider) , နှင့်
  • မိမိအသုံးပြုနေသော တယ်လီကွန်း (Telecom Provider) တို့တောင် ဝင်ရောက်ဖတ်ရှုခွင့် မရှိနိုင်တဲ့  End-to-End Encryption ဟာ Viber မှာ ပါရှိပြီးသား  ဖြစ်ပါတယ်။

ဒါပေမယ့် End-to-End Encryption ဟာ အောက်ပါ Version တွေမှာသာ ရရှိနိုင်ပါတယ်။

iOS/ Android – version 6.0 and newer
Desktop – version 6.0 and newer
Windows 10 – all versions
ဒါကြောင့် မိမိအသုံးပြုနေတဲ့ Viber ရဲ့ Version ကို ဖုန်းအမျိုးအစားပေါ်လိုက်ပြီး သေချာလေး Update လုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

(2) Check the secure status of a chat

အကယ်၍ စကားပြောနေတဲ့အချိန်မှာ ပြောနေတဲ့ Conversation ဟာ လုံခြုံမှုရှိမရှိ ၊ Encrypted ဖြစ်မဖြစ်ကို စစ်ဆေးချင်ရင်တော့ Chat Info & Settings ကနေ ကြည့်လို့ရပါတယ်။

အခုလိုမျိုး သော့ပုံလေးနဲ End-to-end encrypted လို့ပေါ်နေရင် စိတ်ချလက်ချ စာပို့လို့ရပါပြီ။ အကယ်၍ သော့ခလောက်ပုံလေး မပေါ်ရင်တော့ နှစ်ဦးနှစ်ဖက်လုံးဟာ Version Update မလုပ်ရသေးလို့ဖြစ်နိုင်ပါတယ်။

(3) Disappearing Messages

စာတစ်ခုကို မပေးပို့ခင်မှာ ဒီစာကို ဘယ်အချိန်မှာ အလိုအလျောက် ဖျက်ပစ်မလဲ ဆိုတာကို သတ်မှတ်ထားလို့ရပါတယ်။

Disappearing Messages လို့ ခေါ် ပြီးတော့ စာပို့တဲ့ နေရာရဲ့ ဘေးနားလေးမှာ နာရီပုံစံလေးနဲ့ ရှိနေပါတယ်။ အကယ်၍ Disappearing Message ကို ဖွင့်ထားရတုန်းမှာ တစ်စုံတစ်ယောက် က Screenshot ရိုက်ယူခဲ့မယ်ဆိုရင် သတိပေးရတဲ့အနေနဲ့ Screenshot ရိုက်ယူလိုက်ကြောင်း Notification ရရှိမှာဖြစ်ပါတယ်။ 😉😉

(4) Edit & Delete Messages for All

အကယ်၍ စာပို့တဲ့အခါ စာလုံးပေါင်းမှားတာဖြစ်ဖြစ်၊ ပုံတွေမှားပို့မိတာပဲဖြစ်ဖြစ် ပြန်ပြင်၊ ပြန်ဖျက်နိုင်ပါတယ်။ ပြင်ချင်တဲ့စာ ဒါမှမဟုတ် ဖျက်ချင်တဲ့စာကို ဖိပြီး ပြင်တာ ဖျက်တာ လုပ်လို့ရပါတယ်။ စာကို အခြားသူက မြင်ပြီးပြီဆိုရင်တောင် ပြင်တာ ဖျက်တာ လုပ်နိုင်ပါတယ်။ 😉😉

(5) Hide Chats

ကိုယ့်ရဲ့ Chat List ထဲကနေ တစ်ချို့ Conversation တွေကို ဖွက်ထားလို့ရပါတယ်။ တစ်ခါတစ်လေ   အခြားသူတွေ မိမိဖုန်းကို ကြည့်မိတဲ့အခါ   မမြင်စေချင်တဲ့ Conversation တွေကို ဖွက်ထားဖို့ပါ။ Hide ထားတဲ့ Conversation ကို  ပြန်ပေါ်စေချင်ရင်တော့ အဲ့ဒီ Conversation ထဲကို  ဝင်ပြီး Unhide လုပ်ရမှာ ဖြစ်ပါတယ်။

(6) Under the radar

အင်တာနက် အသုံးပြုနေတဲ့အချိန်မှာ မိမိ လိုင်းပေါ်မှာ ရှိနေလား၊ အွန်လိုင်း ဘယ်အချိန် နောက်ဆုံး အသုံးပြုခဲ့လဲ စသဖြင့် Online Status ကိုလဲ ဖျောက်ထားနိုင်ပါတယ်။ 

တစ်ခြားသူပေးပို့ထားတဲ့စာကို ဖတ်ပြီးကြောင်း Seen Status ကိုလဲ ဖွင့်ထား၊ ပိတ်ထားလို့ရပါတယ်။

Group တွေထဲ မိမိကို ဘယ်သူက ထည့်လို့ရလဲ ဆိုတာကိုလဲ ထိန်းချုပ်နိုင်ပါတယ်။

Block ထားတဲ့ ဖုန်းနံပါတ်တွေကိုလဲ Block List ကနေ ကြည့်နိုင်ပါတယ်။

Viber Account တစ်ခုဖွင့်ဖို့ အတွက်ကတော့ ယခု Video လေးကနေ ကြည့်ရှုနိုင်ပါတယ်။