အားလုံးအတွက် မရှိမဖြစ် VPN
ကျွန်တော်တို့ အားလုံး အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်တွေ ကြည့်ရှုဖို့ ဖြစ်ဖြစ်၊ အချင်းချင်းဆက်သွယ် ပြောဆိုဖို့ပဲ ဖြစ်ဖြစ် Digital Devices တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့အခါ VPN ကို ထည့်သွင်း အသုံးပြုလာကြရပြီ ဖြစ်ပါတယ်။ ယခု ဆောင်းပါးမှာတော့ အားလုံးအတွက် အရေးပါလာတဲ့ VPN အကြောင်း သိကောင်းစရာတွေ၊ iOS / Android နှစ်မျိုးလုံးအတွက်ပါ အသုံးပြုမှုများပြီး လူကြိုက်များတဲ့ VPN apps တွေအကြောင်းကို ရှင်းပြပေးချင်ပါတယ်။
VPN ဆိုတာ ဘာလဲ ?
Virtual Private Network လို့ခေါ်တဲ့ VPN ဆိုတာ အင်တာနက်လုံခြုံရေး၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ VPN ဆော့ဖ်၀ဲ (သို့) ဆာဗာ တစ်ခုရဲ့ အလုပ်လုပ်ပုံကို ရှင်းပြရမယ်ဆိုရင်တော့ VPN ဟာ သင့်ရဲ့ အွန်လိုင်းဆက်သွယ်မှု လုပ်ဆောင်ချက်တွေကို အကာအကွယ်ပေးခြင်းကြောင့် သင်အသုံးပြုနေတဲ့ အင်တာနက်ကွန်ယက်ထဲသို့ ပြင်ပမှ ကြားဖြတ် ၀င်ရောက် ကြည့်ရှုနိုင်မှာမဟုတ်ပါ။ ဒါ့အပြင် VPN များဟာ သင်ရဲ့အင်တာနက်အသုံးပြုမှု လမ်းကြောင်းကို လုံခြုံစေပြီး မသမာသူများ၊ အင်တာနက် ၀န်ဆောင်မှုပေးသူများ (Internet service providers) နှင့် ကြော်ငြာ Website များထံမှ သင့်ရဲ့ ကြည့်ရှုခြင်းအချက်အလက်တွေကို ဖုံးကွယ်ပေးထားပါတယ်။
VPN ဘာကြောင့်သုံးသင့်တာလဲ?
လက်တွေ့မှာ အများပြည်သူသုံး Public Wi-Fi တွေဟာ လုံခြုံမှုမရှိနိုင်ပါဘူး။ ဒါကြောင့် Public Wifi တွေနဲ့ ချိတ်ဆက်လိုက်မိတဲ့ အခါ ကျွန်တော်တို့ရဲ့ ဖုန်းတွေ Laptop တွေက လုံခြုံမှုအတွက် ကာကွယ်ထားတဲ့အရာ ဘာမှမရှိသလို ဖြစ်နေမှာပါ။
ဥပမာ – Mobile Banking Apps များတွင် password ရိုက်နှိပ်ခြင်း၊ ကိုယ်ရေးအချက်အလက်ဖြည့်သွင်းခြင်း၊ Facebook အကောင့်အား Password ရိုက်၍ ၀င်ရောက်ခြင်း အစရှိတဲ့ အရာတွေကို Public Wifi ချိတ်ပီး သုံးစွဲမိပါက မသမာသူ ဟက်ကာတွေက အလွယ်တကူ ထိုးဖောက်ပီး အရေးကြီးကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်။
VPN ကို အသုံးပြုသင့်တဲ့ အကြောင်းရင်းကတော့ အပေါ်က အန္တရာယ်တွေလိုမျိုးတွေကို ကြိုတင်ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
VPN ကျော်၍ အင်တာနက်ကို ပိုမို လုံခြုံစွာ အသုံးပြုနိုင်ကြောင်း နဲ့ တားမြစ်ခံရတဲ့ Website တွေကို အသုံးပြုနိုင်တာကော သိပြီးပြီလား?
သင်က VPN မပါပဲ ဖုန်းအသုံးပြုနေရင် သင်သုံးနေတဲ့ Website (သို့) Application Server က သင် ဘယ်မှာရှိနေလဲ ဆိုတာ သိနိုင်ပါတယ်။ IP Address လို့ ခေါ်တဲ့ အရာက ကျွန်တော်တို့ Location ကို ဖော်ပြနေတာဖြစ်ပါတယ်။ ပိတ်ခံထားရတဲ့ website တွေရှိရင်လည်း ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ တချို့သော website တွေ server တွေက နေရာဒေသအလိုက် တားမြစ်ပိတ်ပင်မှုတွေရှိပါတယ်။ ဥပမာ Netflix မှာရှိတယ်ဆိုပြီးသွားရှာပေမယ့် “This is not available in your location” ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ VPN အသုံးပြုပြီး ဒီလို တားဆီးမှုတွေကို အလွယ်တကူကျော်ဖြတ်နိုင်ပါတယ်။
VPN က ကျွန်တော်တို့ရဲ့ တကယ့် IP address ကို ဝှက်ထားပေးပြီး ပိတ်ထားတဲ့ လုံခြုံမှုမရှိတဲ့ website တွေကို ကြည့်လို့ရအောင်၊ လုံခြုံမှုရှိအောင် ကူညီပေးပါတယ်။ VPN သုံးထားမယ်ဆိုရင် ပုံမှန်သုံးနေကြ မိုဘိုင်း အော်ပရိတ်တာ (သို့) အင်တာနက်၀န်ဆောင်မှုတွေထက် ပိုလုံခြုံတဲ့ Private Server တစ်ခုနဲ့ ချိတ်ဆက်ပေးပါတယ်။ IP Address ကို ကာကွယ်ပေးရုံသာမက သင်ဘယ်သူလဲဆ်ိုတာ မသိရအောင် လုံခြုံမှု အတိုင်းအတာ တစ်ခုထိ ပေးစွမ်းနိုင်ပါတယ်။
VPN သုံးရင် သတိထားသင့်တဲ့ အချက် (၆) ချက်
VPN ကို ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံက websiteမျိုး၊ digital servicesမျိုးတွေကို ၀င်ရောက် အသုံးပြုလို့ မရတဲ့အခါ၊ Public Network တွေဖြစ်တဲ့ အများသုံး Wifi တွေကို စိတ်ချလက်ချ အသုံးမပြုရဲတဲ့အခါမျိုးမှာ သုံးကြတာဖြစ်ပါတယ်။
Free VPN apps တွေကို အသုံးပြုတာထက် Paid VPN apps တွေကို အသုံးပြုတာက ကျွန်တော်တို့ရဲ့ သတင်းအချက်တွေအတွက် ပိုမို လုံခြုံစိတ်ချရတာကို သတိပြုပါ။ အကယ်၍ Free VPN များကို အသုံးပြုမည်ဆိုပါက လူသုံးများပြီး Rating ကောင်းမွန်တဲ့ apps များကို မေးမြန်း၍ အသုံးပြုဖို့လိုပါတယ်။
တချို့သော VPN apps များတွင် VPN ကျော်၍ အသုံးပြုချိန်မှာ မူလ အင်တာနက်နှုန်းထက် bandwidth လျော့သွားမှုကြောင့် အင်တာနက်နှေးသွားတာမျိုး ကြုံရတတ်ပါတယ်။
VPN အသုံးပြုတဲ့အခါ နိုင်ငံတစ်ခုကို ရွေးချယ် connect လုပ်ရတာဖြစ်ပီး မိမိရဲ့ Account တစ်ခုတည်းနဲ့ Mobile Phone၊ Laptop နှင့် Tablet အစရှိတဲ့ Digital Device တွေကို တပြိုင်တည်း ချိတ်ဆက် သုံးစွဲနိုင်တာကြောင့် Device အားလုံးမှာ နိုင်ငံတစ်မျိုးတည်းသာ ရွေးချယ်ဖို့လိုပါတယ်။ Auto Connect လုပ်ထားတာမျိုးမှာ အဆင်ပြေပေမဲ့ အကယ်၍ ကိုယ်က ဖုန်းမှာ Singapore ရွေးထားပြီး Laptopမှာ US ရွေးထားမိတာမျိုးဖြစ်ခဲ့ပါက location ကို အခြေခံတဲ့ apps မျိုးတွေမှာ ပြသာနာကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် Facebook အသုံးပြုနေစဉ်မှာ device နှစ်ခုမှာ location နှစ်ခု မတူတာရွေးထားတာမျိုးဖြစ်ဖြစ်၊ VPN အသုံးပြုနေစဉ်မှာ Facebook အကောင့်ကို log in, log out ပြုလုပ်တာမျိုး ဖြစ်ဖြစ် လုပ်မိပါက ယာယီ Lock ကျတာမျိုး ဖြစ်တတ်တာကို သတိပြုပါ။
VPN အသုံးပြုနေစဉ် မိမိရဲ့ ငွေကြေးဆိုင်ရာ အရေးကြီးတဲ့ သတင်းအချက်အလက်မျိုးတွေကို စိတ်ချရဖို့ Mobile Banking လိုမျိုး apps များကို အသုံးပြုခြင်းကိုလည်း ရှောင်ကြဉ်ပါ။
တကယ်လို့ အင်တာနက်အသုံးပြုတိုင်း သင့် အချက်အလက်တွေကို မည်သည့် Website၊ မည်သည့် Application ဆာဗာကမှ ရယူခွင့်မရှိဘဲ သင်တစ်ကိုယ်တည်းသာ သိချင်တယ်၊ လုံခြုံစွာနဲ့ စနစ်တကျ အသုံးပြုချင်တယ်ဆိုရင်တော့ ဘယ်ချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် VPN ကို အမြဲတမ်းဖွင့်လှစ် အသုံးပြုသင့်ပါတယ်။
Free VPN များ download ရယူရန်
Speedify
PlayStore- https://play.google.com/store/apps/details?id=com.speedify.speedifyandroid&hl=en&gl=US
APK Pure- https://m.apkpure.com/speedify-fast-reliable-vpn/com.speedify.speedifyandroid
Website Link- https://speedify.com/download/
1.1.1.1
Play Store- https://play.google.com/store/apps/details?id=com.cloudflare.onedotonedotonedotone
APK Pure- https://m.apkpure.com/1-1-1-1-faster-safer-internet/com.cloudflare.onedotonedotonedotone
Website Link- https://one.one.one.one/
Windscribe
PlayStore- https://play.google.com/store/apps/details?id=com.windscribe.vpn&hl=en
APK Pure- https://m.apkpure.com/windscribe-vpn/com.windscribe.vpn
Website Link- https://windscribe.com/download
ProtonVPN
PlayStore- https://play.google.com/store/apps/details?id=ch.protonvpn.android&referrer=utm_source%3Dprotonvpn.com%26utm_content%3Dstatic
APK Pure- https://m.apkpure.com/proton-vpn-free-vpn-secure-unlimited/ch.protonvpn.android
Website Link- https://protonvpn.com/download
TunnelBear
PlayStore- https://play.google.com/store/apps/details?id=com.tunnelbear.android&hl=en&gl=US
APK Pure- https://m.apkpure.com/tunnelbear-virtual-private-network-security/com.tunnelbear.android
Website Link- https://www.tunnelbear.com/download
Paid VPN များ download ရယူရန်
Express VPN
Play Store – https://play.google.com/store/apps/details?id=com.expressvpn.vpn&hl=en_SG&gl=US
APK Pure – https://m.apkpure.com/expressvpn-1-trusted-vpn-secure-private-fast/com.expressvpn.vpn
Website Link – https://www.expressvpn.com/techradar
Surfshark
Play Store – https://play.google.com/store/apps/details?id=com.surfshark.vpnclient.android&hl=en_SG&gl=US
APK Pure – https://m.apkpure.com/surfshark-vpn-secure-vpn-for-privacy-security/com.surfshark.vpnclient.android
Website Link – https://surfshark.com/
NordVPN
Play Store – https://play.google.com/store/apps/details?id=com.nordvpn.android&hl=en&gl=US
APK Pure- https://m.apkpure.com/nordvpn-best-vpn-fast-secure-unlimited/com.nordvpn.android
Website Link – https://nordvpn.com/
Hotspot Shield
Play Store – https://play.google.com/store/apps/details?id=hotspotshield.android.vpn&hl=en_SG&gl=US
APK Pure – https://m.apkpure.com/hotspot-shield-free-vpn-proxy-secure-vpn/hotspotshield.android.vpn
Website Link – https://www.hotspotshield.com/
IPVanish
Play Store – https://play.google.com/store/apps/details?id=com.ixolit.ipvanish&hl=en_SG&gl=US
APK Pure – https://m.apkpure.com/ipvanish-vpn-the-fastest-vpn/com.ixolit.ipvanish
Website Link – https://www.ipvanish.com/