Skip to content
MYEO, Myanmar Youth Empowerment Opportunities
  • Home
  • Opportunities
    • Exchange Programs
    • Internships
    • Scholarships
      • Ph.D.
      • Postgraduate
      • Undergraduate
    • Trainings
    • Volunteerings
  • Resources
    • Cyber Security
      • Basic Device Safety
      • Different Online Attacks & Protections
      • Online and Offline Communication Safety & Literacy
    • Digital Literacy
      • Essential Google Tools & Media Literacy
      • Essential Microsoft Tools
      • Media Conferening Tools & Literacy
      • Project Management Tools
      • Social Media 101
    • Mental Wellbeing
  • For organizations
  • For youth

လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ 🧩

/ Essential Social Skills for Community Development, Social Cohesion / By MYEO-01

အရှေ့မှာ လူမှုသဟဇာတဖြစ်မှုအကြောင်း လေ့လာပြီးသွားကြပြီဆိုတော့ ဒီတစ်ခါလေ့လာရမှာက “လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ” ပဲဖြစ်ပါတယ်​။

ဒီနေ့ခေါင်းစဉ်ကိုမလေ့လာခင် “လူမှုသဟဇာတဖြစ်ခြင်းဆိုတာဘာလဲ” ကို အရင်ပြန်နွှေးလိုက်ရအောင်ပါ ​။

▶️ လူမှုသဟဇာတဖြစ်ခြင်းဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး ဒါမှမဟုတ် လူမှုအဖွဲ့အစည်းအချင်းချင်းကြားသဟဇာတဖြစ်တာ၊အေးအတူပူအမျှရှိနေတာကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်နေရာထဲမှာ နေထိုင်ကြတဲ့လူတွေကို အတူတကွတစ်သားထဲဖြစ်အောင် ပေါင်းစည်းပေးတဲ့ ကော်လို့လည်းပြောကြပါတယ်။ အဲ့ဒီကော်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”လို့ ခေါ်ကြတာပေါ့။

ကဲ ဒါဆို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”ထဲမှာ ဘာတွေပါသလဲ ကြည့်လိုက်ရအောင်။ 

🧩 လူမှုသဟဇာတဖြစ်ခြင်း၏အစိတ်အပိုင်းများ

  1. Social Relationships (လူမှုဆက်ဆံရေး)
  2. Connectedness (ဆက်နွယ်မှုများ၊ ချိတ်ဆက်မှုရှိခြင်း)
  3. Orientation towards the common good (အများအကျိုးရှေးရှုဆောင်ရွက်ခြင်း)
  4. Fairness (တရားမျှတမှု)

🟢 လူမှုဆက်ဆံရေး(Social Relationships)

ဒီနေရာမှာကတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ဆက်ဆံရေးဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းကြားမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီးဆက်ဆံတာ၊ မတူကွဲပြားမှုတွေကိုအပြန်အလှန်လက်ခံကျင့်သုံးပေးတာတွေအပြင် အလွှာအသီးသီး ဒါမှမဟုတ် ကဏ္ဍအသီးသီးမှာ လူတန်းစားခွဲခြားဆက်ဆံမှုမရှိဘဲ လူသားအားလုံးပါဝင်လာစေဖို့ အဲ့ဒီအခြေအနေတွေမှာအပြန်အလှန်လေးစားသမှုရှိခြင်းတို့ ပါဝင်ပါတယ်​။ 

🟢 ဆက်နွယ်မှု(Connectedness)

ဒီ”ဆက်နွယ်မှု”မှာဆိုရင် လူ့အဖွဲ့အစည်းမှာ တသီးတခြားရှိမနေဘဲ “ငါတို့အားလုံးနဲ့သက်ဆိုင်တယ်၊ ငါတို့အားလုံးပါဝင်မှုရှိရမယ်”ဆိုတဲ့စိတ်လေးရှိဖို့ပေါ့။မြို့၊ ရွာ၊ ရပ်ကွက်အလိုက် အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်တဲ့နေရာမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြဖို့လိုသလို ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးတွေနဲ့ သာရေးနာရေးကိစ္စအရပ်ရပ်တွေမှာလည်း အကုန်လုံး ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ စိတ်လေးရှိဖို့လိုပါတယ်။ မတူကွဲပြားမှုတွေဘယ်လိုပဲရှိနေပါ‌စေ အဲ့ဒီမတူကွဲပြားမှုတွေထဲက အချင်းချင်းရဲ့တန်ဖိုးထားမှုတွေကို လက်ခံပေးပြီးတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီးနေဖို့လိုအပ်ပါတယ်။

🟢 အများအကျိုးရှေးရှုဆောင်ရွက်ခြင်း(Orientation towards the common good)

Responsibility (တာဝန်ယူခြင်း)၊ Cooperation (ပူးပေါင်းဆောင်ရွက်ခြင်း)၊ Solidarity (စည်းလုံးညီညွတ်မှုရှိခြင်း)ဆိုပြီး ပါဝင်တဲ့ ဒီအစိတ်အပိုင်းမှာတော့ ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်၊ လူအများအကျိုးအတွက် လုပ်ဖို့တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့စိတ်ရှိရမှာဖြစ်သလို အများအကျိုးအတွက်ဆောင်ရွက်ဖို့စွမ်းရည်တွေရှိဖို့လိုတဲ့အပြင် စည်းလုံးညီညွတ်မှုရှိဖို့အတွက်လည်းပဲ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့နောက်လိုက်တွေ၊ တွဲဖက်တွေနဲ့လည်း အပြန်အလှန်ပံ့ပိုးကူညီပေး၊ ပူးပေါင်းဆောင်ရွက်ပေးတာတွေလုပ်ဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ အများအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်းလေးစားလိုက်နာတတ်ရပါမယ်။

🟢 တရားမျှတမှုရှိခြင်း (Fairness/Equality)

ဒီအစိတ်အပိုင်းမှာဆိုရင်တော့ အခွင့်အလမ်းတွေ၊ ရင်းမြစ်တွေကို လူသားအားလုံး တန်းတူညီမျှရကြသလား‌ဆိုတာပါပဲ။ “သူကတော့ဘာမို့လို့ဒီအလုပ်နဲ့မကိုက်ဘူး”၊ “သူကဘာလူမျိုးမို့လို့ ဒီရာထူးကသူ့အတွက်မဟုတ်ဘူး”ဆိုတာမျိုးတွေမရှိသွားအောင် ဖန်တီးပေးတာမျိုးပေါ့။ နောက်ဆုံး minority groupထဲကလူမျိုးတွေ၊ ခွဲခြားဆက်ဆံခံနေရတဲ့ဘာသာရေး၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေက ဒီအသိုက်အဝန်းမှာ ဘယ်လောက်ပါဝင်လာမှုရှိသလဲဆိုတာပါ ဆန်းစစ်ရမှာဖြစ်ပါတယ်။

လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများထဲမှာ ပါတဲ့အစိတ်အပိုင်းလေးခုကို သေချာလေ့လာခဲ့ပြီးသွားပြီဆိုတော့ လူမှုသဟဇာတဖြစ်တဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးရာမှာ မိမိကိုယ်တိုင်ကစပြီး ဘာတွေဘယ်လိုပြင်ဆင်ဖို့လိုတယ်ဆိုတာ ‌ကောင်းကောင်းမြင်တတ်သွားပြီလို့ယုံကြည်ပါတယ်။

နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်။ ✌️

Post navigation
← Previous Post
Next Post →

Recent Posts

  • Wide Horizons Application Form: Online Program (2025-2026)
  • Education Research Fellowship For Myanmar Post-Secondary Students
  • Volunteer Opportunities from UNDP Myanmar  
  • Call for Application: Inspire Her: Women Returning to Work Innovation Program
  • Prospect Burma Online Scholarship 

Recent Comments

  • may zin on Lean Startups for Social Change
  • Thinn yu yu Kyaw on Modern and Traditional Leadership
  • Khin KaNyar Myint on လူငယ်နှင့် လူထုအကျိုးပြုခေါင်းဆောင်မှုစွမ်းရည် (Youth and Service Leadership)
  • MYEO-03 on Atlas Corps Fellowship 2022
  • MYEO-03 on Atlas Corps Fellowship 2022

Archives

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • July 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021

Categories

  • Basic Device Safety
  • Conflict Resolution
  • Cyber Security
  • Different Online Attacks & Protetions
  • Digital Literacy
  • Essential Google Tools & Media Literacy
  • Essential Microsoft Tools
  • Essential Social Skills for Community Development
  • Exchange
  • Interest-Based Negotiation
  • Internship
  • Media Conferening Tools & Literacy
  • Mental Wellbeing
  • Mobilization and Facilitation
  • Online and Offline Communication Safety & Literacy
  • Opportunities
  • PhD
  • Post Graduate
  • Project Management Tools
  • Scholarship
  • Social Cohesion
  • Social Media 101
  • Training
  • Uncategorized
  • Under Graduate
  • Visual Editing and Graphic Tools
  • Volunteer

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

MYEO, an acronym for Myanmar Youth Empowerment Opportunities, is a social impact-driven edtech. Our mission is to equip all of Myanmar’s graduates with the skills to become valuable members of the workforce and community.

@ 2021 MYEO – All rights reserved.