Skip to content
MYEO, Myanmar Youth Empowerment Opportunities
  • Home
  • Opportunities
    • Exchange Programs
    • Internships
    • Scholarships
      • Ph.D.
      • Postgraduate
      • Undergraduate
    • Trainings
    • Volunteerings
  • Resources
    • Cyber Security
      • Basic Device Safety
      • Different Online Attacks & Protections
      • Online and Offline Communication Safety & Literacy
    • Digital Literacy
      • Essential Google Tools & Media Literacy
      • Essential Microsoft Tools
      • Media Conferening Tools & Literacy
      • Project Management Tools
      • Social Media 101
    • Mental Wellbeing
  • For organizations
  • For youth

လူမှုသဟဇာတဖြစ်မှုကို ဘာတွေက လျော့ကျအားနည်းစေလဲ? ⚠️

/ Essential Social Skills for Community Development, Social Cohesion / By MYEO-01

လူမှုသဟဇာတဖြစ်မှုကို ဘာတွေက လျော့ကျအားနည်းစေသလဲ?

လူမှုသဟဇာတဖြစ်ခြင်းဆိုတာ လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်ခုနဲ့တစ်ခု အတူတကွယှဉ်တွဲနေထိုင်ဖို့ပေါင်းစပ်ပေးတဲ့ “ကော်” လည်းဖြစ်ပါတယ်။  
ဒါဆို ဒီ “ကော်” လေးကို အားနည်းစေတဲ့အချက်တွေ ရှိတယ်ဆိုတာရော သူငယ်ချင်းတို့အနေနဲ့ တွေးကြည့်မိဖူးပါသလား❓

တစ်ခါတရံမှာ ကျွန်တော်တို့သိလိုက်လို့ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ဘဲဖြစ်ဖြစ် ပြုမူမိတဲ့အချက်တွေကနေလည်း လူမှုသဟဇာတဖြစ်မှုကို လျော့ကျအားနည်းစေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ​။ 

🔻 တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype)

လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား​။ 

🔻 မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice)

မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။
ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ​။

🔻 လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း (Social Exclusion)

သူကတော့ဆင်းရဲလို့၊ ဘာသာခြားဖြစ်နေလို့၊ လူမျိုးမတူလို့ အဲ့ဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ လူတစ်ဦးရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာကို လူမှုအသိုင်းအဝိုင်းမှဖယ်ကြဉ်ခြင်းလို့ခေါ်ပါတယ်။ 

🔻 သဘောထားမကြီးခြင်း (Intolerance)

Intolerance ဆိုတာ တစ်ယောက်ရဲ့အုပ်စုက အခြားအုပ်စုတွေထက် သာလွန်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် အခြားအုပ်စုကို လေးစားမှုမရှိတာပဲဖြစ်ပါတယ်။ ဥပမာ – ကိုယ်ကိုးကွယ်တဲ့ ဘာသာကမှ မြင့်မြတ်တာဆိုတဲ့ အတွေးနဲ့ မိမိနဲ့ ကိုးကွယ်မှုမတူတဲ့သူတွေအပေါ်ကို မလေးမစားပြုမူတာမျိုးတွေဟာ လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်

🔻 တန်းတူညီမျှမှုမရှိခြင်း (Inequality)

ကျောင်းသားအားလုံး ကြိုးစားခွင့်ရှိတဲ့ ပညာသင်ဆုတစ်ခုကို Roll-1ကိုပဲ အကြွင်းမဲ့ပေးပစ်တာမျိုး ကြုံခဲ့ရဖူးပါသလား​။ 

ဒါဟာလည်း တန်းတူညီမျှမှုမရှိခြင်းရဲ့ ဥပမာတစ်ခုပါပဲ။ တန်းတူညီမျှမှုမရှိခြင်းဆိုတာ အုပ်စုတစ်စု ဒါမှမဟုတ် လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ ဂုဏ်တွေ ရာထူးတွေအတွက် တန်းတူညီမျှအခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်မရနိုင်တာတွေကိုဆိုလိုပါတယ်။

🔻 ခွဲခြားဆက်ဆံခြင်း ( Discrimination)

လူမဲဖြစ်လို့ လူဖြူဖြစ်လို့၊ ယောက်ျားလေးဖြစ်လို့ မိန်းကလေးဖြစ်လို့၊ အသက်ကြီးနေလို့ အသက်ငယ်နေလို့ အကြောင်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံရမှုတွေဟာလည်း လူမှုသဟဇာတဖြစ်မှုကို အားလျော့စေတဲ့အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတို့အနေနဲ့ရော အပေါ်ကအချက်တွေထဲက ဘယ်အချက်ကိုလုပ်လိုက်မိပြီး လူမှုသဟဇာတဖြစ်မှုကိုအားနည်း‌သွားအောင်ပြုလုပ်ခဲ့ဖူးပါသလဲ​? မလုပ်ဖူးဘူးဆိုရင်တော့ ဂုဏ်ယူပါတယ်နော်​။

ကျွန်တော်တို့နောက်သင်ခန်းစာမှာထပ်တွေ့ကြရအောင်ပါ​။ 👉

Post navigation
← Previous Post
Next Post →

Recent Posts

  • Communication Internship for UNFPA Asia-Pacific 
  • Certificate Leadership and Management Free Course 
  • Free Project Management Foundation Course 
  • Edinburgh Global Online Learning Scholarships 
  • Free English Language Course 

Recent Comments

  • may zin on Lean Startups for Social Change
  • Thinn yu yu Kyaw on Modern and Traditional Leadership
  • Khin KaNyar Myint on လူငယ်နှင့် လူထုအကျိုးပြုခေါင်းဆောင်မှုစွမ်းရည် (Youth and Service Leadership)
  • MYEO-03 on Atlas Corps Fellowship 2022
  • MYEO-03 on Atlas Corps Fellowship 2022

Archives

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • July 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021

Categories

  • Basic Device Safety
  • Conflict Resolution
  • Cyber Security
  • Different Online Attacks & Protetions
  • Digital Literacy
  • Essential Google Tools & Media Literacy
  • Essential Microsoft Tools
  • Essential Social Skills for Community Development
  • Exchange
  • Interest-Based Negotiation
  • Internship
  • Media Conferening Tools & Literacy
  • Mental Wellbeing
  • Mobilization and Facilitation
  • Online and Offline Communication Safety & Literacy
  • Opportunities
  • PhD
  • Post Graduate
  • Project Management Tools
  • Scholarship
  • Social Cohesion
  • Social Media 101
  • Training
  • Uncategorized
  • Under Graduate
  • Visual Editing and Graphic Tools
  • Volunteer

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

MYEO, an acronym for Myanmar Youth Empowerment Opportunities, is a social impact-driven edtech. Our mission is to equip all of Myanmar’s graduates with the skills to become valuable members of the workforce and community.

@ 2021 MYEO – All rights reserved.