ယခုတစ်ခါမှာတော့ Community Organizing ပုံစံတွေနဲ့ Analysis လုပ်ဖို့လိုအပ်တွေအချက်လေးတွေကို လေ့လာကြရအောင်။ 👇
ရှေ့မှာ Community Organizing ဆိုတာ ဘာလဲသိပြီးပြီဆိုတော့ ယခုတစ်ခါ Community Organizing ပုံစံတွေကိုလေ့လာကြပါမယ်။ 🧐
Community Organizing ပုံစံဘယ်နှစ်မျိုးရှိသလဲ။❓
ယေဘုယအားဖြင့် –
- Direct Service
- Education
- People Direct Action
- Self Help
- Advocacy ဆိုပြီးတော့ (၅) မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
- Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း)
Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) ဆိုတာ Organizing ကနေပြီး ကျွန်တော်တို့ရဲ့ community မှာ လိုအပ်နေတဲ့အရာတွေကို ဝယ်ယူပြီးသို့မဟုတ် ငှားရမ်းပြီးထောက်ပံ့တဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဥပမာ – အရပ်ဘက်မှာ အတွေ့များတတ်တဲ့ ကလေးဂေဟာကို လှူဒါန်းတဲ့ အဖွဲ့အစည်းတွေလိုမျိုး၊ စစ်ဘေးရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံမျိုးပါ။
- Education (ပညာပေးခြင်း)
Education (ပညာပေးခြင်း) ဆိုတာ Organizing ကနေပြီး လိုအပ်နေတဲ့ အရာကိုပေးအပ်တာမဟုတ်ဘဲ အဲဒီအရာကိုရရှိအောင် ဘယ်လိုမျိုးလုပ်ယူရမယ်ဆိုတာကို ပညာပေးသင်ကြားပေးတဲ့ပုံစံပါ။
ဥပမာ – ဆန်စပါးလိုအပ်နေတဲ့ နေရာကို ဆန်စပါးလှူဒါန်းတာမျိုးမဟုတ်ဘဲ ဆန်စိုက်ပျိုးရေးနည်းပညာပေးတဲ့ဟာမျိုးပါ။
- People Direct Action(လူထုကိုယ်တိုင်ပါဝင်ခြင်း)
People Direct Action (လူထုကိုယ်တိုင်ပါဝင်ခြင်း) ဆိုတာ တစ်ဦးတစ်ယောက်(သို့) တစ်ဖွဲ့ကဦးဆောင်ပြီး မိမိရဲ့ Community မှာဖြစ်နေတဲ့ အရာတွေကို community မှာရှိတဲ့ လူထုရှေ့ကနေ ဦးစီးဦးဆောင် လုပ်ပြီး လူထုကိုစည်းရုံးတဲ့ ပုံစံမျိုးပါ။
ဥပမာ – လူတစ်ယောက်က ရွာနှစ်ရွာကူးလူးဖို့ခက်နေတဲ့ လမ်းမှာပိတ်မိနေတဲ့ ကျောက်တုံးတွေ ဖယ်ရှင်းဖို့ကြိုးစားရာကနေ ဘေးလူတွေကနေ ပူးပေါင်းပါဝင်လုပ်ပေးလာတာမျိုးပါ။
- Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ)
Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ) ဆိုတာ ယခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အတိုင်းပါဘဲ၊ ကျွန်တော်တို့တပ်အပ်တဲ့ ပညာလေးနဲ့ community ကိုအကျိုးပြုတဲ့ပုံစံမျိုးပါ။
ဥပမာ – စာဖတ်ရင်းလှူ၊ ရုပ်ရှင်ကြည့်ရင်းလှူဆိုတဲ့ပုံစံမျိုးပါ။
- Advocacy(လူထုကိုယ်တိုင်ပါဝင်ခြင်း)
Advocacy(လူထုကိုယ်တိုင်ပါဝင်ခြင်း)ဆိုတာ ကိုယ့် community မှာရှိတဲ့ လူတွေကို community development ဖြစ်စေရန်၊ လုပ်ငန်းများတွင် ပါဝင်လာစေရန် လူတစ်စုသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း စည်းရုံးလှုံ့ဆော်တဲ့ပုံစံပါ။
ဥပမာ – ရွာထိပ်က အမှိုက်ပုံသည် ဝမ်းရောဂါဖြစ်စေရန်အတွက် အန္တရယ်ရှိပါသဖြင့် အကုန်လုံးဝိုင်းဝန်းရှင်းလင်းနိုင်ရန် တိုက်တွန်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒါဆိုရင်တော့ analysis (သုံးသပ်ကြည့်ရှုခြင်း) ကောင်းမွန်အောင်ဘယ်လိုလုပ်ကြမလဲလေ့လာကြရအောင်။ 🧐
Analysis (သုံးသပ်ကြည့်ရှုခြင်း) ကောင်းမွန်အောင် ယေဘုယအားဖြင့် အချက် (၄) ချက် ရှိပါတယ်။
- Data
- Information
- Experience
- Understand the effect
📌 Data (အချက်အလက်)
ဘယ်အရာဘဲလုပ်လုပ် Data အချက်အလက်ဆိုတာ အရေးကြီးပါတယ်။ အချက်အလက်မရှိတာဟာ မျက်လုံးကန်းနေတဲ့အတိုင်းပါပဲ။ ဒါကြောင့် analysis ကောင်းဖို့ဆိုရင် data တွေကို ဂရုပြုရပါမယ်။
📌 Information (သတင်းမှတ်တမ်း)
Analysis အားကောင်းဖို့ information (သတင်းမှတ်တမ်း) တွေကိုလည်း လေ့လာရပါမယ်။ သတင်း အကြောင်းအရာတွေကို သိမှသာလျင် ဘာတွေတွေ့ကြုံရမယ်ဆိုတာကို နားလည်ပြီး ကြိုတင်စဉ်းစားလို့ရ မှာပါ။
📌 Experience (အတွေ့အကြုံ)
ဘယ်နေရာမှာဆို experience ဆိုတာ ရှိနေဖို့လိုပါတယ်။ အတွေ့အကြုံမရှိရင် ငပိဖုတ်တောင် နည်းမကျတတ်ပါဘူး။ ဒါကြောင့် analysis လုပ်ဖို့ဆိုရင် အတွေ့အကြုံမရှိရင်တောင် ၎င်းနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့သူဆီက အကြံအဉာဏ်ယူသင့်ပါတယ်။
📌 Understand the effect (သက်ရောက်မှုအပေါ်နားလည်ခြင်း)
ဘယ်အရာမဆို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိပါတယ်။ ဒါကြောင့် မိမိတို့ လုပ်လိုက်တဲ့ အလုပ်သည် ဘယ်လိုမျိုးသက်ရောက်မှုနဲ့ အကျိုးကျေးဇူးတွေ ရှိမလဲဆိုတာကို နားလည် လေ့လာသုံးသပ်ရပါမယ်။ ဒါကြောင့် analysis ကောင်းမွန်ဖို့ Understand the effect (သက်ရောက်မှုအပေါ်နားလည်ခြင်း) ကိုလည်း သိရှိဖို့လိုပါတယ်။\
နောက်သင်ခန်းစာတွေမှာ ပြန်တွေ့ကြပါမယ်။ 👋