ကျွန်တော် ယုံတယ် ၊ သင်က ဒီဆောင်းပါးကိုဖတ်နေပြီဆိုကတည်းကိုက Communityဆိုတဲ့ စကားလုံးကိုရင်းနှီးနေမယ်ဆိုတာ…
ဘာလို့လည်းဆိုတော့ စိတ်ဝင်စားမှုတူညီတဲ့ လူတစ်စုရှိနေတဲ့ရပ်ဝန်းတစ်ခုကို အသိုက်အဝန်း (Community)လို့ ခေါ်လို့ပါပဲ။ ပထဝီဒေသကိုအခြေပြုပြီးပဲဖြစ်ဖြစ်၊ လူမျိုး၊ ဘာသာပေါ်အခြေပြုပြီးပဲဖြစ်ဖြစ် စတဲ့ တူညီတဲ့အခြေအနေပေါ်မူတည်ပြီး အတူတကွရှိနေတဲ့အစုအဖွဲ့တွေကို Communityလို့သတ်မှတ်ပါတယ်။
ဥပမာ – စာဖတ်ဝါသနာပါတဲ့လူတစ်စုရှိတဲ့ရပ်ဝန်းကလည်း communityပါပဲ။ 💁♂️
Communityဆိုတာ ရှိရင် Community Organizingလို့ဆိုတဲ့ အသိုက်အဝန်းစုဖွဲ့မှုလည်း ရှိဖို့လိုအပ်လာပါပြီ။
ဒါဆို Community Organizing ဆိုတာ ဘာလဲ❓
🔸 အသိုက်အဝန်းစုဖွဲ့မှု (Community Organizing)ဆိုတာ communityတစ်ခုအတွင်းမှာ ရှိတဲ့လူတွေအတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ဖြေရှင်းဖို့ အတူတကွစုပေါင်းနေထိုင်တဲ့လူတွေရဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။
Community Organizing က ဘာကြောင့်လိုအပ်တာလဲ❓
🔸 Awareness – Community နှင့် Communityအတွင်းကလူထုအကြောင်း ကောင်းမွန်စွာသိဖို့။
🔸 Action – သိပြီဆိုရင် Communityအတွင်းက ပြဿနာတွေကိုဖြေရှင်းတဲ့အခါ ကိုယ်တိုင်ပါဝင်လုပ်ဆောင်လာဖို့။
🔸 Political Process – နိုင်ငံရေးမှာ လူထုတွေရဲ့ပါဝင်မှုအားကောင်းလာဖို့။
🔸 Change Process – ပိုမိုကောင်းမွန်တဲ့ဖြစ်စဉ်တွေအဖြစ် ပြောင်းလဲလာစေဖို့။
🔸 Empowerment – လူထုကို Communityနဲ့ပတ်သက်ပြီး စွမ်းရည်မြှင့်တင်ပေးဖို့။
🔸 Personal / Collective – တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းလုပ်ငန်းများမှာဖြစ်စေ communityအတွင်းရှိ လူထုတွင် စိတ်ကျေနပ်နှစ်သိမ့်မှုရရှိစေဖို့။
🔸 People The Center – လူထုအခြေပြုအောင်လုပ်ဆောင်ဖို့။
အထက်ပါ အချက်တွေကြောင့်မို့ အသိုက်အဝန်းစုဖွဲ့မှုဟာ အရေးပါတဲ့လုပ်ငန်းစဉ်တစ်ရပ်ပဲဖြစ်ပါတယ်။
ဒါ့အပြင် အသိုက်အဝန်းစုဖွဲ့ လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ communityအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ထိုသို့ပူးပေါင်းဆောင်ရွက်စေတတ်သော သဘောထားများ၊ အလေ့အကျင့်များကို ဖွံ့ဖြိုးတိုးတက်စေတာဖြစ်လို့ သူငယ်ချင်းတို့အားလုံးလည်း Community Organizing မှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဒါဆို နောက်သင်ခန်းစာတွေမှာ အသိုက်အဝန်းစုဖွဲ့မှုအကြောင်းကို နက်နက်နဲနဲသိရှိရအောင် ထပ်လေ့လာကြရအောင်ပါနော်။ 💁♂️