Facilitationဆိုတာဘာလဲ❓❓❓
Facilitatorဆိုတာကိုရောကြားဖူးပါသလား❓❓❓
Facilitatorတစ်ယောက်မှာရှိသင့်တဲ့စွမ်းရည်တွေကရော ဘာတွေဖြစ်မလဲ❓❓❓
ကဲ အပေါ်ကအကြောင်းအရာတွေကို ဒီသင်ခန်းစာမှာ လေ့လာကြည့်ကြရအောင်ပါနော်။
➡️ Facilitationဆိုတာ လုပ်ငန်းစဉ်တစ်ရပ်၊ သင်တန်းတစ်ခု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့အတွင်းမှာရှိတဲ့ သူတွေအားလုံးရဲ့ ပါဝင်ဆွေးနွေးခြင်းတွေ၊ အကြံဉာဏ်နဲ့ သဘောတူညီချက်တွေကိုရယူပြီး ရည်ရွယ်ချက်ကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ထိထိရောက်ရောက်ရှိအောင် ဆောင်ရွက်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ အဖွဲ့တစ်ခုကို ပိုပြီးအကျိုးရှိအောင် စေ့ဆော်ကူညီပေးခြင်းပါပဲ။
➡️ Facilitator ဆိုတာကတော့ အရှင်းဆုံးပြောရရင် Facilitationဖြစ်စဉ်ကို ပိုပြီးလွယ်ကူအောင်ဆောင်ရွက်ပေးတဲ့သူကိုခေါ်ဆိုတာပါ။ အဖွဲ့တစ်ဖွဲ့ရဲ့ရည်ရွယ်ချက်အတိုင်းထွက်ပေါ်လာဖို့၊ ဦးတည်ချက်တွေမှန်ကန်ဖို့၊ အဲ့ဒါအပြင် အားလုံးပါဝင်မှုရှိအောင်နဲ့ လိုလားတောင့်တတဲ့ရလဒ်ကောင်းတွေထွက်ပေါ်လာအောင် ဦးဆောင်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။
ဥပမာ မောင်နှမနှစ်ယောက်ရန်ဖြစ်လို့ ကြားဝင်ဆုံးမပေးတဲ့အမေဟာလည်း Facilitatorပါပဲ။
ဒါဆို Facilitatorတစ်ယောက်မှာ ရှိသင့်တဲ့စွမ်းရည်တွေကရော ဘာတွေဖြစ်မလဲ❓
✅ Ideas – စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ၊ တီထွင်ဖန်တီးတတ်တဲ့ အတွေးအခေါ်တွေရှိရပါမယ်။
✅ Insight – အဖွဲ့ရဲ့ရည်ရွယ်ချက်တွေ အဖွဲ့သားတွေနဲ့ပတ်သက်ပြီး တိကျ နက်ရှိုင်းတဲ့နားလည်မှုစွမ်းရည်ရှိရမယ်၊ နက်နက်နဲနဲ တွေးခေါ်ဆင်ခြင်နိုင်ရပါမယ်။
✅ Observation – လေ့လာသင်ယူမှု၊ စူးစမ်းအကဲဖြတ်မှု ကျွမ်းကျင်ရပါမယ်။
✅ New Technique – ဆန်းသစ်တီထွင်မှုနဲ့ နည်းသစ်များကို ဖန်တီးနိုင်ရပါမယ်။
✅ Your Experience – မိမိရဲ့ အတွေ့အကြုံများမှ သင်ခန်းစာယူတတ်ရပါမယ်။
✅ Other People’s Experience – အခြားသူများရဲ့ အတွေ့အကြုံတွေကိုလည်း လေးစားတန်ဖိုးထားပြီး အပြန်အလှန်သင်ယူစေရပါမယ်။
✅ Listen – အခြားသူများရဲ့အမြင်တွေကိုလည်း နားထောင်ပေးတတ်ဖို့နှင့်
✅ Neutral – ဘက်လိုက်မှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာပြုမူဖို့လည်း လိုအပ်ပါတယ်။
ဒါဆို သူငယ်ချင်းတို့အားလုံးပဲ Facilitation နှင့် Facilitatorအကြောင်းကို နားလည်သဘောပေါက်သွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
နောက်သင်ခန်းစာမှာ ထပ်တွေ့ကြရအောင်ပါ။